Showing posts with label မြန်မာ့ ရိုးရာ အစား အစာ. Show all posts
Showing posts with label မြန်မာ့ ရိုးရာ အစား အစာ. Show all posts

Thursday, August 9, 2012

ကော်ပြန့် ကြက်ဥနှစ်ကြော်လေး လုပ်စားရအောင် နော်



ကျွန်မ ပို့ စ် လေးတွေ မတင်ဖြစ်တာ ကြာလို့  ဒီနေ့ တော့ကော်ပြန့် ကို ပုံမုန် အတိုင်း လိပ်ပြီး ပြီးမှကြက်ဥခေါက်ပြီးသာထဲ နှစ်ကြော်လိုက်တာ ကြက်သားလိပ် ဝက်သားလိပ်လေး လို စားကောင်းလို့ 

လို အပ်တဲ့ ပစ္စည်းများ


 ကော်ပြန့် ရွက် ၁၁ရွက် (frozen ကော်ပြန့် ရွက်ကို ရေခဲ သေတ္တာထဲက ၄၅မီနစ်ထုတ်ပြီး ရင် အဝတ်စိုလေးနဲ့ ဖုံး ထားပြီး ပြီးမှ တရွက် ချင်းဆီကိုယူပြီးလိပ်ပါ)

ပုဇွန် အခွံခွာပြီး ၁၀ကောင်လောက်ကို နူပ်နူပ်ဆင်းထားပါ
မှို အနည်းငယ် ကြက်သွန်မိတ်အနည်းငယ်ကို လဲပါးပါးလှီး ထားပါ
ဥနီ တဥလောက် ကိုလဲ ပါးပါးလှီးပါ
ကုန်နေလို့ မပါတာပါ
ပဲပင်ပေါက် ၂၀၀ဂရမ်
ကြက်ဥ ၃လုံး အသားမှုန့် ထည့်ပြီး ခေါက်ထားပါ



                                     လုပ်နည်း



ပထမ ပုဇွန် ကို ထည့်ကြော်ပါ ပြီးလျှင် မှို တို့ ပဲပင်ပေါက် ကြက်သွန်မိတ်တို့ ထည့် ပါ ခရုဆီ အသားမှုန့် ထည့်ကြော်ပါ နွမ်း တဲ့ အထိကြော်လိုက်ပါ ပြီး ရင် ဇကာ နဲ့ စစ်ထားလိုက် ပါ အရည်များ ကျန်လျှင်ကော်ပြန့် လိပ်လို့ မကောင်းပါ   ဒါဆိုရင် ပုံပါအတိုင်း လိပ်ပါ မည် ထိပ်ပိတ် ဖို့ အတွက် ဂျုံမှုန့်  လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်လောက် ကို ရေ နဲ့ ပြစ်ပြစ်ဖျော်ပြီ ကော်ပြန့်လိပ်ပြီးသာထိပ်လေးပိတ်လိုက်ပါ။


 အခု လိပ်ပြီး သွားတဲ့ ကော်ပြန့် လေးများ ရပြီ ဆိုလျင် ခေါက်ထားတဲ့ ကြက်ဥ ထဲ ကိုနှစ်ကြော်ရင် စားလို့ ကောင်းတဲ့ ကော်ပြန့် ကြက်ဥနှစ်ကြော်လေး ရပါပြီ ။

Sunday, August 5, 2012

မုန့် ပြားသလက် လုပ်စားရအောင်



ဒီနေ့ တော့ မုန့် ပြားသလက်လေးလုပ်စားပါတယ် အဆင့်ဆင့်မရိုက်လိုက် နိုင်ပါဘူး ဒါပေမဲ့ သိတ်လဲ မခက်လို့ လုပ်စားကြည့်နော်

မုန့် ပြားသလက် ရ ခုစာလုပ်ရန်လို အပ်သောပစ္စည်းများ

rice flour 60gm (မွေး ဆန်မှုန် ထုတ်လဲ သုံးလို့ ရပါတယ်)
baking soda 1/8tsp 
ရေ 150ml
ဆားအနည်းငယ် 
အသားမှန့် အနည်းငယ်
ပဲပြုတ် လက်တဆုတ် လောက် 
ဂျင်း လက်တစစ်လောက် ကို သေးသေးလေး ချစ်ထားပါ
နံနံပင် သို့ မဟုတ် ကြက်သွန်မိတ် ၃ ၄ပင် 
အိုး သုတ် ရန် brush သို့ မဟုတ် ဆီသုတ် လို့ ရတဲ့ ပစ္စည်းတခုတခု 


လုပ်နည်း 

ပထမ ဆန်မှုန့် ရေ baking soda ဂျင်း ဆား အသားမှုန့် တို့ ကို ဖျော်ပြီး နာရီဝက် ၁နာရီလောက်ထားလိုက်ပါ ပြီး ရင် အောက်မှာ ပြထားတဲ့အိုးလေးများထဲ ကို ဆီ လက်ဖက်ရည်ဇွန်း တဇွန်း ဝက် ခန့်ထည့်ပြီး မုန့် ရည်ယောက် ချို တဇွန်း ခွဲ စာလောက် ထည့်ပြီး ပဲပြုတ် ကြက်သွန်မိတ် လှီးထားတာလေး များကို ထည့် ပါ ပြီး ရင် အဖုံး အုပ်ထားပါ ကျွန်မ ကတပြိုင် ထဲနှစ်အိုး လုပ်လိုက်ပါတယ် ပြိး ရင် အနားလေးတင်းလာ လျှင် မုန့် မျက်နှာ ပြင် ကို ဆီသုတ် ပေးပါ ပြီး ရင် ပြန်ဖုံးလိုက်ပါ ဆီကို ခဏခဏသုတ်ပေးပြီး အောက် နားများ နဲ နဲ ကျွတ် လာ ရင် ရပါပြီ အချိန် အနေ နဲ့ တခုကို ၅မီနစ်လောက် ကြာပါတယ် ဒါဆို ရန်ကုန် အလွမ်းပြေ မုန့် ပြားသလက် လေး ရပြီနော် 


မုန့် ပြားသလက် လုပ် ရန် အတွက် ၃လက်မ မရှိတရှိ ပတ်လည် အိုးလေးများ 



Thursday, August 2, 2012

ပဲ ကောက်ညှင်းပေါင်း ပူပူလေး လုပ်စားရအောင်





ပဲ ကောက်ညှင်းပေါင်း ပူပူ လေး လုပ်စားထားတာ ကြာပါပြီ အခုမှပဲ တင်ဖြစ် လို့ 

                           လိုအပ်တဲ့ပစ္စည်းများ

          ကောက်ညှင်း ဆန် ၁ခွက်ခွဲ
          red bean တခွက် မပြည့်တပြည့် သိတ်များတာမကြိုက်ရင် လျော့ထည့်ပါ
          ဆား အနည်းငယ်
          အသားမှုန့် အနည်းငယ်
          ဆီ အနည်း ငယ်
          တွဲစား ရန် ခြစ်ပြီး အုန်း သီး လက်တစုတ်လောက်
          နှမ်း နဲ့ ဆား ကို ရောထောင်းပါ


                                         လုပ်နည်း
     
        ကောက်ညှင်း ဆန် ၁လုံးခွဲလောက်ကို ၂နာရီလောက်ရေစိမ်ပြီး
Red bean ကို လည်း ၄နာရီလောက်ရေစိမ်ထားလိုက်ပါတယ် ပြီးမှပေါင်းအိုးထဲမှာဆားအနည်းငယ်အသားမှုန့်  အနည်းငယ် ဆီ လေး လက်ဖက် ရည်ဇွန်း လောက် ထည့်ပြီး ၃၅မီနစ်လောက်ပေါင်းလိုက်ပါတယ် ၁၅မီနစ်တခါလောက်ရေဖြန်းပြီး ဇွန်းနဲ့ မွေလိုက်ပါတယ် ၃၅မီနစ်ပေါင်းပြီးအုန်းသီးဖြူး နှမ်းထောင်းဖြူးပြီးရင် စားကောင်းတဲ့ ကောက်ညှင်းပေါင်းလေးရပါပြီ
             



Sunday, July 29, 2012

ဝက်သား ဒုတ်ထိုး လေး နဲ့ တွဲစားတဲ့ သတ်သတ်လွတ်ကြာဇံ ကြော်စားရအောင်



ဟိုနေ့ က ဝက်သားဒုတ်ထိုး လုပ်ပြီးတော့ ဝက်သား ဒုတ်ထိုး နဲ့ကြာဇံ ကြော်လေးတွဲစား ရင်
တော်တော်လေး လိုက် လို့ ကြော် ရအောင် နော်


သတ်သတ်လွတ် ကြာဇံ ကြော်ရန် လို အပ် သောပစ္စည်းမျာြး


ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် ၂ထုပ် 
မုန် လာဥနီ တဝက်
ကော်ဖီထုပ် အထုပ် တဝက်
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ပဲ ငံပြာ ရည် အနောက် လက်ဖက် ဇွန်းလေး နဲ့ တဇွန်း 
ကြက်သွန် ဖြူ တဥ နှစ် ဥ


ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင်   ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံနဲ နဲ ပျော့ လာလျှင် မုန်လာဥနီလှီးထားတာရယ် ဂေါ်ဖီ လှီးထားတာရယ် ကို
ထည့်ပါ ဆီ ခြောက် ရင် နဲနဲ ဆီထည့် ပေးပါ ခရုဆီ နဲ့ အသားမှုန် ပဲ ငံပြာရည် အကြည် အနောက် ထည့်ပါ ကြာဇံလဲ စားလို့ ရတဲ့ အရွယ် ဂေါ်ဖီ နဲ့  မုန် လာ ဥနီ ပါ ကြက် ရင်မီးပိတ် လိုက်ပါ  စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။

Thursday, July 26, 2012

ဝက်သား ဒုတ် ထိုး လေး လုပ်စားရအောင်





ဝက်သားဒုတ်ထိုးလေးလုပ်စား ခဲ့တာ ကြာပါပြီ အခုမှပဲ တင်ဖြစ်လို့ 

လိုအပ်တဲ့ပစ္စည်းများ

ဝက်လျှာ နှစ် ခု
အူချို ၃၀၀ဂရမ်
တရုတ် ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
တရုတ်မဆလာ လက်ဖက်ရည်ဇွန်းတဇွန်း
ဆီအနည်းငယ်
ဂျင်း လက်တဆစ်
ကြက်သွန် ဖြူ ၂ဥ
သကြား လက်ဖက်ရည်ဇွန်းတဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်း မှုန့် အနည်းငယ်
ပဲငံပြည်ရည် အနောက် လက်ဖက် ရည်ဇွန်း တဇွန်း
ပဲငံပြည်ရည် အကြည် စားပွဲတင်ဇွန်းတဇွန်း



                    လုပ်နည်းလေး


ပထမဝက်လျှာ နဲ့ အူချို ကိုခွဲပြီး တပန်းကန်ဆီနယ်ပါတယ်
ဆားအနည်းငယ် သကြားအနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဟင်းချက်ဝိုင်
ထည့်ပါ   နှစ်ဇွန်းလောက်ထည့်ပြီးအသားမှုန့် လေးအနည်းငယ် တရုတ်မဆလာ သကြား အားလုံးကို နှစ်ခုလုံးကို နယ်ထားလိုက်ပါ
ဆီ အနည်းငယ်လောက်နဲ့ ကြက်သွန် ဂျင်းထောင်းထားတာကို ရဲအောင် ဆီနဲ့သတ်ပြီးရင် ဝက်လျှာကို အရင်ထည့်အိုးထဲမှာ ဆီ လေးနဲ့ လှိမ့်လိုက်ပါ ပြီး ရင်ရေကို အိုးတဝက်လောက် ထည့်ပြီးတည်လိုက်ပါ
အိုးထဲမှာဝက်လျှာကိုအရင်ထည့်ပြုတ်ပြီး ၁၅မီနစ်လောက်ကြာလျှင်
အူချိုကိုထည့်လိုက်ပြီးနောက်ထပ်၁၀မီနစ်၁၅မီနစ်လောက်ဆိုရပါပြီ
ခရင်းလေးနဲ့ ထိုးကြည့်ပါသိတ်နုးအိစရာမလိုပါပျော့ရင်ရပါပြီ ရေလက်နှစ်လုံး
လောက်အိုးထဲမှာကျန်ရင်မီးပိတ်လိုက်ပါ။
အနားရဲရဲလေး လိုချင် ရင်တော့ အူချို နဲ့ လျှာကို ထုတ်ပြီး ဆီလေး နဲ့ အနားတင်းအောင်လုပ်ပြီး
ပြုတ်တဲ့ ရေ ထဲ ထည့်ပြီး ရင် လှီး စားလို့ ရပါပြီ

အချဉ် ကို ခရမ်း ချဉ်သီး ဆော့စ် ငရုတ်သီး ဆော့စ်  ထန်းညှက် ရည်အနည်းငယ် နဲ့ ရေလေးနည်းနည်းထည့်ပြီး မီးဖို ပေါ် မှာ ခဏတည် ရင် ရပါပြီ

Sunday, July 22, 2012

ကြက်ပေါင်း ကော်ရည် လေး ချက်စားရအောင်

 

လွယ် လဲ လွယ် လုပ် ရတာ မြန် တဲ့ ကြက်ပေါင်း  ကော်ရည် ခေါက်ဆွဲ လေး လုပ်စားဖြစ်ပါတယ်
ပုံ လေးတွေ တောင် အဆင့် လိုက် မရိုက် လိုက် နိုင် ပါဘူး

                               
                ကြက်ပေါင်း ကော်ရည် ခေါက်ဆွဲ လုပ် ရန် လိုအပ် တဲ့ပစ္စည်းများ


                ခေါက်ဆွဲ အဆို အဝါ ရောင် ၃၀၀ဂရမ်
               ကြက်တောင်ပံ သို့ မဟုတ် ပေါင် ၃၀၀ ဂရမ်
               ပဲပင် ပေါက် လက် နှစ် စုပ် လောက်
               ကြက် သွန် မိတ် အနည်းငယ်
              ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း မောက် မောက် နှစ် ဇွန်း
              ဂျင်း အနည်းငယ်
               ပဲ ငံပြာရည် အနောက် လက် ဖက် ရည် ဇွန်း တဇွန်း
               အသားမှုန့် အနည်းငယ်
               ယိုဒယား ငံပြာရည် အနည်းငယ်



                                        လုပ်နည်း
 ကြက်တောင်ပံ သို မဟုတ် ကြက်ပေါင် များ ကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ အဖုံး ကြာကြာဖုံးထားချင်း ဖြင့် ကြက်များ နူး ပြီး ပေါင်းသလို လေး ဖြစ် ပါမယ် 


ပြီးရင် ကြက် ကို ဆယ် ပြီး ကြက်ပြုတ် ရည် ထဲကို ပြောင်းဖူး မုန့်  ရယ် ရေ ပန်းကန်လုံးသေးသေး တလုံးရယ် ပဲငံပြာရည် အနောက် ရယ် အသားမှုန့် ရယ် ဖျော်ထားတဲ့ အရည်ကို ထည့်ပြီး တည်ပါ မည် ပြစ် လာရင် ရပါပြီ 
ခေါက်ဆွဲ အဆို ကို ရေ နွေး နဲ နဲ ဖျော် ပါ ရေ နွေး ဆူ ဆူတည်ထားတဲ့ အထဲမှာ ပဲပင် ပေါက်ကို လဲ ရေ နွေး ဖျော် ပြီး
ရေ စစ် ထားပါ 

ကော် ရည် ခေါက် ဆွဲပြင် ပါ မယ် ပထမ ခေါက်ဆွဲ အဆို ကို အရင် စားမဲ့ ပန်းကန် လုံးထဲ ထည့်ပါ ပြီး ရင် အရည်ထည့်ကြက်သား အတုံးထည့် ပဲပင် ပေါက် ထည့် ကြက်သွန်ဖြူ ဆီချက် ဆနွင်းမပါ တာလေး ထည့် ကြက်သွန်မိတ် လေး လှီး ထည့်ပြီး ရင်
ငပိအနည်းငယ်ကို ကင်ပြီး ငရုတ်သီးစိမ်း ကြက်သွန် တို့ နဲ့ ထောင်း သံပုရာသီး ညစ်ထားတာ နဲ့ လဲ တွဲ စားလို့ ရပါတယ်
ရိုးရိုး တရုတ် အချဉ် နဲ့ လဲ စားလို့ ရပါတယ် 



ကြက် ကို ပြုတ် ပြီး ပုံ ပါ။




Friday, July 20, 2012

ပြောင်းဖူး ကော်ပြန့် နဲ အားလူး ကော်ပြန့်  ကြော်စား ဖြစ် ပါတယ် ကြော်စားဖြစ် တာကြာပါပြီ



                      ကော်ပြန့် အသေးလေးတွေ နှစ်မျိုး ကြော်စားဖြစ် ပါတယ်
ဒါလေးကြော်စားထား တာ ကြာပါပြီ အစမ်းလေး မို့  တင်ဖြစ် သွားတာပါ ။


                             ကော်ပြန့် ကြော်ရန် လို အပ်တဲ့ ပစ္စည်းများ


             ကော်ပြန့် အရွက် Frozen အသေးထုပ် တထုပ် ၄ပုံ တပုံလောက်
             အားလူး ခပ်ရွယ် ရွယ် သုံးလုံးကို ပြုတ်ထားပါတယ်
             sweet corn ၁၅၀ဂရမ်
             မဆလာ အနည်းငယ်
             အသားမှုန့် အနည်းငယ်
             ဆားအနည်းငယ်
             ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း လောက်
             ကြက်သွန် နီ ခပ်ကြီး တလုံးကို အတုံးသေးသေးလေးတွေလှီးထားပါ အားလူး မဆာလာ
            ကော်ပြန့် ထဲထည့်ရန်

                                   
                                  လုပ်နည်း

ကော်ပြန့် ကအစာနှစ်မျိုးထည့်ထားပါတယ် တမျိုးကတော့အာလူးကိုပြုတ်ပြီး
ခြေ မဆလာအနည်းငယ် ဟင်းချက်ငရုတ်သီးအမှုန့် အနည်းငယ် ကြက်သား
မုန့် အနည်းငယ် ဆားအနည်းငယ် ကြက်သွန်အနီအတုံးသေးသေးလေးတွေ
ထည့်ထားတဲ့ ကုလားစတိုင် ကော်ပြန့် ပါ
နောက်တမျိုးကတော့ရန်ကုန်မှာစားခဲ့ရတဲ့ နည်းကို သတိရပြီး sweet cornကို
အသားမှုန့် ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲမှာပြောင်းဖူးကျက်အောင်ချက်လိုက်ပြီး ကော်ပြန့် sheetထဲ ကို ကျွန်မ ပထမ ကော်ပြန့် လိပ်တဲ့နည်းပုံလေး ပြထားတဲ့ အတိုင်း ကော်ပြန့် အသေးလေးများကို လိပ်ပါမည်။
နှစ်မျိုး ကို တဝက် ဆီလောက် ခွဲလိပ် ပြီးဆီ ပူ ပူမှာ ထည့်ကြော်ရင် စားလို့ ကောင်းတဲ့ အားလူးကော်ပြန့် 
နဲ ပြောင်းဖူး ကော်ပြန့် လေးတွေ ရပါပြီ ။.                 


Thursday, July 12, 2012

ကြာလှပါပြီ ချက်ဘူးပါတယ် ကြက်ကောင်းညှင်းထုပ်လေး


ကောက်ညှင်း လုပ်နည်း တွေ ပဲ တင် နေဖြစ် တယ်

ဝက်သားကြိုက်တဲ့သူများဝက်သားနဲ့ ထုပ်လို့ ရပါတယ်

ကြက်သား ကောက်ညှင်းထုပ် ရန် လိုအပ်တဲ့ပစ္စည်များ

၃၀၀ဂရမ် ကောက်ညှင်းဆန်
၂၅၀ဂရမ်ကြက်သား အရိုးထုတ်ပြီးသား
မှို အခြောက် အနည်းငယ် ရေ စိမ်ထားပါ
ပုဇွန်ခြောက် အကောင် စားပွဲတင်ဇွန်း ၂ဇွန်း လောက်
ကြက်သွန် ဖြူ အနည်း ငယ်
 ကြက်သွန်နီဥအသေးလေး ၁ဥ နှစ် ဥ
ကျွန်မကတော့ငှက်ပျော်ဖက်ပဲသုံးလိုက်ပါတယ်ရေနွေးစိမ်ပြီး
ဆီသုတ်လိုက်ပါတယ်
ဆား အနည်း ငယ်
ဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပဲ ငံပြာရည် အနောက် အနည်းငယ် တို့ နဲ့ ကြက်သား အတုံး လေးများတုံးပြီး နယ်ထားပါ ။

လုပ် နည်း

ကောက် ညှင်းဆန်ကို ရေ ဆေးပြီး ၂ နာရီလောက် ရေ စိမ်လိုက်ပါ
ပြီး ရင် ရေစစ်ထားပါ
ကြက်သား တို့ ချက် ပါပြီ ဆီ အနည်းထည့်ပြီး ပုဇွန် ခြောက် ကြက်သွန် အဖြူ အနီ တို့ ကို ထည့်ကြော်ပါပြီး ရင် နယ်ထားတဲ့ ကြက်သား ကို ထည့်ပါ မှို ကိုလဲ ထည့်လိုက်ပါ အရသာအဖြစ် အသားမှုန့် အနည်းငယ် ငရုတ်ကောင်းအနည်းငယ်ထည့်ပါ ဖက် ကို ယူပြီးကောက်ညှင်းလက်တဆုတ်လောက် ကို ထည့်အပေါက်လေးလုပ်ပြီး ကြက်သားအစာ ထည့်ပါ ပြီး ရင် အောက်မှာ ပုံပြထားတဲ့ အတိုင်း ကောက်ညှင်းကိုထုတ်ပါ ပြီးရင် ရေထဲထည့်ပြီး ပြုတ်ပါမည် ၁နာရီလောက် ပြုတ်ရင် စားကောင်းတဲ့ ကောက်ညှင်းထုပ် ရပါပြီ




ပုံမှာ ကောက်ညှင်း ရေ စစ်ပြီး သား နဲ့ ကြက်သား ချက်ပြီးသာ






ထုတ်ပြီး သာ ကောက်ညှင်းထုတ်များကို ရေထဲ ထည့်ပြုတ်ပါတယ်။




တနာရီလောက် ပြုတ်ပြီးတဲ့ အချိန်မှာ ဆယ်လိုက်ပါတယ်။




Wednesday, July 11, 2012

ကောက်ညှင်းကင် လုပ်စားရအောင် အရင်တုံးက လုပ်ပြီးသာလေးပါ


ကောက်ညှင်းကင် လုပ်ရန် လိုအပ်သောပစ္စည်းများ
ကောက်ညှင်း ၁၅၀ဂရမ် 
အုန်း နို့ 30ml
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက် 
ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း 
ကြက်သွန်ဖြူ တဥ ကြက်သွန် နီ တဥ ပါးပါး လှီးထားပါ
ငှက်ပျော်ရွက် ၅ခု နှစ်ပိုင်းလောက်ပိုင်းပါ ငှက်ပျော်ရွက် ကို ရေ နွေး စိမ်လိုက်ပါ 
ကြာရွက် ရှိလဲ ရပါတယ် 


လုပ်နည်း  

ကောက်ညှင်းဆန် ၆နာရီလောက်ရေစိမ်ပြီး
အုန်းနို့ ရည် ဆားအနည်းငယ် အသားမှုန့် အနည်းငယ်
နဲ့ ရောပြီး မီနစ် ၂၀လောက်ပေါင်းလိုက်ပါတယ်
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက်ကို
ဟင်းချက်ငရုတ်သီးမှုန့် အနည်းငယ်လောက်
ကြက်သွန်ဖြူတဥ ကြက်သွန်နီအသေးလေးနှစ်ဥ
အားလုံးပါးပါးလှီးပြီးဆီသပ်ပါ
ပြီးလျှင်ကောက်ညှင်းထဲကိုထည့်ပြီး
ငှက်ပျောရွက်နဲ့ လိပ်ပြီး
Oven 180 C မှာ 10မီနစ်လောက်ကင်လိုက်လျှင်စားလို့ ကောင်းတဲ့ကောက်ညှင်းကင်ရပြီ



ပုံမှာ ကောက်ညှင်းပေါင်းပြီးသာနဲ့ ပုဇွန် ခြောက် ကြော်ပြီးသာ ထုပ် ရန် အဆင်သင့် 



ပုံမှာ ကောက်ညှင်း ကို အရင်ထည့်ပြီးရင် ပုဇွန်ခြောက် အစာသွတ်ပြီး ဖက်နဲ့ ထုပ် ပြီး ရင် ကင်လို့ ရပါပြီ  


Sunday, July 1, 2012

ဆီချက် ခေါက်ဆွဲ ထပ်လုပ် စားဖြစ် လို့  တင်ပြီး သာ ပို့ စ်လေးပါ ခေါက်ဆွဲ ပဲပြောင်းသွားတာပါ




ဒီ နေ့  လုပ်စား တဲ့ ဆီ ချက် ခေါက်ဆွဲ မှာ ခေါက်ဆွဲ က ကိုယ် လို ချင် တဲ့ ခေါက်ဆွဲဖတ်လေး ရလို့  ထပ်တင်ပေးလိုက်တာပါ ဆီ ချက် ခေါက်ဆွဲ လုပ် ရန် အကောင်းဆုံးခေါက်ဆွဲက တော့
ဂျုံ မှုန့် များ ဖြူးထားတဲ့ ခေါက်ဆွဲ အခြောက်ကို လုပ် ရင် အကောင်းဆုံးပါ မကြာခင် မှာ အဲဒီခေါက်ဆွဲ ထုပ် ပုံလေး ရိုက်တင်ပေးလိုက်ပါ့မယ်  အခု လုပ်နည်း ကတော့ တူတူ ပါပဲ     ပထမ ဆီချက် ခေါက်ဆွဲ
လုပ် ရန် ကြက်တခြမ်းကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ ပြီးမှ အအေးခံပြီး ကြက်အသားနွင် ပါ ပြီး မှ အသားကို နူတ် နူတ်ဆင်းလိုက်ပါ။




ကြက် ကို ပြုတ် ပြီး ပုံ ပါ။



ခေါက်ဆွဲ ခြောက်ကို ရေ နွေး ပထမ ဆူအောင် တည်ပြီး ပုံ ပါအတိုင်း ဇကာ လေး နဲ့ ထည့်ပြီး ပြုတ် ပါ
တူ လေး နဲ့ နယ် ပါ ခေါက်ဆွဲ ပျော့ရင် ဇကာ လိုက် ဆယ် လိုက်ပါနော်။



ကြက်သွန် ဖြူ ၇မွာ လောက် ကို ပုံ ပါအတိုင်း နူတ်နုတ် ဆင်း ထားပါ။




ပြီး ရင် ဆီ ပူပူ တွင် ထည့်ပြီး ပုံ တွင် ပြထားတဲ့ အတိုင်း အရောင် လောက် ဖြစ် လာ ရင် မီးပိတ်လိုက်ပါ





ပဲ ငံပြာရည် အကြည် စားပွဲတင် ဇွန်း ၃ဇွန်း လောက်ရယ် ရေ စားပွဲတင် ဇွန်းတဇွန်း ရယ်အသားမှုန့် ရယ် ဖျော်ထားတာရယ် ဆီချက် ရယ် အသားနူတ်နူတ် ဆင်းထားတာရယ် ကြက်သွန်မိတ် လှီး ထား တာရယ် တို့ ပြင်ပြီး ရင် ဆီချက် လုပ် ရန် အဆင်သင့် ဖြစ် ပါပြီ။








ဆီချက် နှစ်ပွဲ စာ အတွက် ထည့် နယ် ပါ ပထမ ဆီ ၃ဇွန်းလောက် ထည့်ပြီး ပဲငံပြာရည် ဖျော်ထားတာကိုထည့် နယ် ပါ ပြီးမှ အသားဖြူး ဆီ ချက် ဖတ် ဖြူး ကြက်သွန်မိတ် ဖြူး ပြီး ရင်
ဆီ ချက် ရ ပါပြီ အချဉ်လေး နဲ့ တွဲ စားပါ ။



                          ပဲ ငံပြာရည် အကြည် ပုလင်း ပုံပါ။

Add caption

Friday, June 29, 2012

ညှပ်ခေါက်ဆွဲ မြန်မာ ကြော်လေး ကြော်စားရအောင်



ညှပ်ခေါက်ဆွဲ မြန်မာ ကြော်လေး ကြော်စားဖြစ် ပါတယ် ဒီတခါလဲ အဆင့်ဆင့်မရိုက် လိုက် နိုင်ပါဘူး
ညှပ်ခေါက်ဆွဲ ကြော်စားရန်လို အပ် သည့် ပစ္စည်းများ
ညှပ်ခေါက်ဆွဲ ၂၀၀ဂရမ်
ပုဇွန် အမှီး ချန် ၄ကောင်
ပဲပင် ပေါက် လက်တစုပ်စာ
မုန့် ညှင်းစိမ်း နှစ်ပင်
ခရမ်းချဉ်သီး တလုံး
ကြက်သွန်နီ တဥ
ဆီ အနည်းငယ်
ကြက်ဥတလုံး
ငံပြာရည်အနည်းငယ်
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဇွန်း

ပထမ ကြက်သွန် နီ လှီးထားတာ နဲ့ ခရမ်းချဉ်သီး လှီးထားတာကို ဆီ အနည်းငယ်ထဲမှာ ထည့်ကြော်
ပါ ပြီး ရင် ညှပ် ခေါက်ဆွဲ ထည့်ပါ ရေ လေး အနည်းငယ်ဖြန်းလိုက်ပါပြီးရင် ပုဇွန် ထည့်ပါ
အရသာ ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် နဲ့ ပဲ ငံပြာရည် အနောက် ထည့်ပါ
မုန့် ညှင်းစိမ်း ထည့် ပြီး ရင် ကြော်ထားတာများကို တဖက် တွန်း ပြီး ကြက်ဥ ခေါက်ထားတာထည့်လိုက်ပါ
ကြက်ဥ ကြက်လောက် ရင် ရောမွေလိုက်ပါ ချခါနီးမှာ ပဲပင်ပေါက်ထည့်ပါ ပဲပင်ပေါက် နဲနဲ နွမ်းသွားရင်
မီးပိတ်လိုက်ပြီး သခွားချဉ်လေး နဲ့ တွဲစားရင် စားကောင်းလို့ 

Thursday, June 28, 2012

U don ခေါက်ဆွဲ လေး သုတ်စားရအောင်



ဒီနေ့ တော့သုတ်စားဖြစ် တဲ့ U don သုတ်လေး ပါ အဆင့်ဆင့်မရိုက် လိုက် နိုင် ပါဘူး သမီး က
စာ တယ် စာတယ် လုပ်နေတာ နဲ့  မရိုက် ဖြစ် လိုက်တာပါ
ပထမ U Don  အစို ကို ရေ နွေး ဆူဆူ မှာ ၂မီနစ်လောက် ပြုတ်လိုက်ပါတယ်
ပြီးတော့ ရေစစ်ထားလိုက်ပါ။

ကြက်သား အရိုးမပါ ၃၀၀ဂရမ် ကို အတုံးလေးများ လှီး ပြီး ငံပြည်ရည် အသားမှုန့် တို့ နဲ့ နယ်ထားပါ
ပြီး လျှင် ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင် ဇွန်း တဇွန်း ရယ် ဆနွင်း လက်ဖက် ရည်ဇွန်းမောက်မောက် ရယ်ကို ဆီ စားပွဲတင် ဇွန်း ငါးဇွန်း လောက် နဲ့ ဆီသတ်ပါ ပြီး ရင် နယ် ထားတဲ့ ကြက်သားကို ထည့်လိုက် ပါ
ရေ ကို လက်ဖက် ရည်ပန်းကန်လုံး တလုံးလောက်ထည့်တယ်ပါ ကြက်နူး ပြီး ဆီပြန်ရေ ကျန် အချိန်မှာ ချလိုက်ပါ

ပြီး လျှင် U don တပွဲစာ ယူပြီး
ပဲမှုန့် လက်ဖက် ရည်ဇွန်း တဇွန်း
ဆီချက် အနည်းငယ်
သံပုရာသီး အစိပ် သေးသေး
ငံပြာရည်
အချိုမှုန့် တို့ နဲ့  သုတ် ပြီး ရင် ပြုတ်ပြီး သာ ကြက်ဥတခြမ်း လှီးထည့်ပါ နံနံပင်လေး လဲ ထည့်ပါ
ဒါဆို စားလို့ ကောင်းတဲ့ U don သုတ် လေး ရ ပါပြီ

Friday, April 20, 2012

ပြည်ပလာတာ ထပ်ချက် ပြန်ပြီ


ပြည်ပလာတာ ကြက်သား ပလာတာ ဆီ နဲ့ စာရင် ဒီ ပလာတာ အရည်လေး နဲ့ ကို ပို ကြိုက် လို့ 
ပထမ ပြည် ပလာတာ ချက် ရန် ကြက် ၃၀၀ဂရမ်ကို အတုံး ခပ်သေးသေးတုံး ပြီး ဆား အသားမှုန့်  မဆလာ
မှုန့်  (ဒီက မဆလာမှုန့် များက ဆနွင်း ရောင် လေးပါပါလို့  ဆနွင်းတောင် ထည့်ဖို့ မလို ပါ) တို့ နဲ့ နယ်ထားပါ

နယ် ပြီးသာ ကြက် ကို ဟင်းချက် ငရုတ်သီး စားပွဲတင်ဇွန်းမောက် မောက် တဇွန်း ရယ် ကရဝေးရွက် ရယ်
ဆီ အနည်းငယ် နဲ့ ပုံပါအတိုင်း ဆီ သတ်ပါမယ် မီး ဖို တခု တွက် ရေ ၄နာရီ လောက် စိမ် ထားတဲ့ ကုလားပဲ
ကို ပြုတ်ထားပါမယ် နူးအောင် နာရီဝက် ၄၅မီနစ်လောက် ပြုတ်ပါမယ် မနူး သေးရင် ရေ ထပ်ထပ်ထည့်ပေးပါ







ပလာ ကို ကျွန် မ frozen ကို မကြော်ပဲ ကုလား ဆိုင် မှာ လုပ်ပြီးသာ ဝယ်လိုက် ပါတယ်

Add caption

ပဲ ကို ပြုတ်ထားတဲ့ ပုံ ပါ ပဲ နူးရင် ပဲ ကိုဇကာ နဲ့ တိုက် ချပါမည်။




Add caption
ကြက်ကို ဆီသတ် ပြီး ရင် ပုံ ပါအတိုင်း နူး ရန် ရေ ထည့် ပါမည်





ကြက်လဲ နူး လာပြီ ပဲကို လဲ နူး ပြီ ဆိုရင် ကြက် သား အိုး ထဲ ကို ပဲ တိုက် ထားတဲ့ အရည် ထည့် လိုက်
ပါ



ရော ပြီး ရင် ဆက် တည်လိုက်ပါ ကြက် နူး ရင် ရ ပါပြီ အောက် ပုံ မှာ ကြက်သား အိုး နဲ့ ပဲ
အိုး ရောပြီး သာပုံ ပါ။



Add caption
ကဲ ကြက် ပဲ ရည် ရပြီ ဆို ရင် ပလာတာကိုပုံ ပါအတိုင်း သေးသေးလေး များ ညှပ်ထားတာရယ်
ကြက်သွန်နီ ပါးပါးလှီး ထားတာရယ် ဂေါ်ဖီ ကို ပါးပါး လှီး ထားတာရယ် သံပုရာသီး ရယ်
ငရုတ်သီး အနီတောင့် လေးများရယ် အားလုံး နဲနဲ ထည့်ပြီး အရည် ဆမ်း စား ရင် စားလို့ ကောင်းတဲ့
ပြည်ပလာတာရပါပြီ။


Add caption


Thursday, April 19, 2012

ဆီချက် ခေါက်ဆွဲ လေး ထပ်လုပ်စားရအောင် နော်


ဒီ နေ့  လုပ်စား တဲ့ ဆီ ချက် ခေါက်ဆွဲ မှာ ခေါက်ဆွဲ က ကိုယ် လို ချင် တဲ့ အဖတ် မရလိုက်လို့  ရိုးရိုး ခေါက်
ဆွဲ ခြောက် အပြား ကို ပဲ လုပ်လိုက်ရပါတယ် ဆီ ချက် ခေါက်ဆွဲ လုပ် ရန် အကောင်းဆုံးခေါက်ဆွဲက တော့
ဂျုံ မှုန့် များ ဖြူးထားတဲ့ ခေါက်ဆွဲ အခြောက်ကို လုပ် ရင် အကောင်းဆုံးပါ ပထမ ဆီချက် ခေါက်ဆွဲ
လုပ် ရန် ကြက်တခြမ်းကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ ပြီးမှ အအေးခံပြီး ကြက်အသားနွင် ပါ ပြီး မှ အသားကို နူတ် နူတ်ဆင်းလိုက်ပါ။




ကြက် ကို ပြုတ် ပြီး ပုံ ပါ။



ခေါက်ဆွဲ ခြောက်ကို ရေ နွေး ပထမ ဆူအောင် တည်ပြီး ပုံ ပါအတိုင်း ဇကာ လေး နဲ့ ထည့်ပြီး ပြုတ် ပါ
တူ လေး နဲ့ နယ် ပါ ခေါက်ဆွဲ ပျော့ရင် ဇကာ လိုက် ဆယ် လိုက်ပါနော်။



ကြက်သွန် ဖြူ ၇မွာ လောက် ကို ပုံ ပါအတိုင်း နူတ်နုတ် ဆင်း ထားပါ။




ပြီး ရင် ဆီ ပူပူ တွင် ထည့်ပြီး ပုံ တွင် ပြထားတဲ့ အတိုင်း အရောင် လောက် ဖြစ် လာ ရင် မီးပိတ်လိုက်ပါ





ပဲ ငံပြာရည် အကြည် စားပွဲတင် ဇွန်း ၃ဇွန်း လောက်ရယ် ရေ စားပွဲတင် ဇွန်းတဇွန်း ရယ်အသားမှုန့် ရယ် ဖျော်ထားတာရယ် ဆီချက် ရယ် အသားနူတ်နူတ် ဆင်းထားတာရယ် ကြက်သွန်မိတ် လှီး ထား တာရယ် တို့ ပြင်ပြီး ရင် ဆီချက် လုပ် ရန် အဆင်သင့် ဖြစ် ပါပြီ။








ဆီချက် နှစ်ပွဲ စာ အတွက် ထည့် နယ် ပါ ပထမ ဆီ ၃ဇွန်းလောက် ထည့်ပြီး ပဲငံပြာရည် ဖျော်ထားတာကိုထည့် နယ် ပါ ပြီးမှ အသားဖြူး ဆီ ချက် ဖတ် ဖြူး ကြက်သွန်မိတ် ဖြူး ပြီး ရင်
ဆီ ချက် ရ ပါပြီ အချဉ်လေး နဲ့ တွဲ စားပါ ။



                          ပဲ ငံပြာရည် အကြည် ပုလင်း ပုံပါ။

Add caption

Tuesday, April 17, 2012

နှစ် ဆန်း တရက်နေ့  အတွက် မုန့် လုံးကြီး အုန်း နို့ဆမ်း လုပ်ပါတယ်



မုန့် လုံးကြီး အုန်းနို့ ဆမ်းလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ

ကောက်ညှင်းမှုန့်  ၂၅၀ ဂရမ်
ထန်းလျှက် အနီ ၈လုံး
အုန်းသီး ခြစ်ပြီးသား လက်၂ဆုပ် လောက်
ဆား အနည်းငယ်
150ml (မုန့်လုံးကြီး မုန့် သားဖျော်ရန် နဲ့  အုန်းယို ထိုးရန်)
50ml of coconut milk
ဆီ လက်ဖက်ရည်ဇွန်း တဇွန်း အုန်း ဆီ ချက် ရန်






ပုံပါ အတိုင်း အုန်း သီး ခြစ် ပြီးသားကို ထန်းလျှက် ရေ ဆားအနည်းငယ် ထည့်ပြီး အုန်း သီး ယို ဖြစ်အောင်
ကျို ပါထန်းလျှက် များ ပျော်ပြီး အုန်းသီး စီး လာ လျှင် ရပါပြီ။



ကောက်ညှင်းမှုန့်  ကို ဆား အနည်းငယ် ရေ ကို လက် တွင် မကပ် တဲ့ အထိ ကောက်ညှင်းမှုန့် ထဲကို
ဖြေးဖြေး ခြင်းထည့်ပါ မုန့် လုံး ရေ ပေါ် လုပ်တဲ့ မှုန့် နှစ် အနေ အထားဆို ရပါပြီ အုန်း ယို ကို အအေးခံပြီး မှ
ထည့်ပါမည်။



ကောက်ညှင်းမှုန့် လုံး ရပြီ ဆို ပုံ ပြအတိုင်း အစာ ထည့် လိုက်ပါ ပြီး ရင် အောက် တွင် ပြထားတဲ့
ပုံအတိုင်း ပိတ်ပြီး လုံး လိုက်ပါ ပြီး မှ ရေ နွေး ဆူဆူ တည် ထားတဲ့ ထဲကို ထည့်လိုက်ပါ ရေ ပေါ် ပေါ်
လာရင် အအေး ခံ ပြီး အလယ်ကို ညှပ် ပြီး ချက်ထားတဲ့ အုန်း ဆီ ထည့် ပြီး စားရင် စားကောင်းလို့ 
အုန်း ဆီ ကို အုန်း ရည် 50ml  ဆီ အနည်းငယ် ဆားလေး နဲနဲ နဲ့ ထည့်ပြီး ချက် ပါ အနှစ် ရ သည်ထိ