Showing posts with label ယိုးဒယား အစားအစာ. Show all posts
Showing posts with label ယိုးဒယား အစားအစာ. Show all posts

Thursday, July 19, 2012

ကြက်ပင်စိမ်း အုပ် ချက် ပင်စိမ်း မရှိလို့  နံနံပင် ပဲ အုပ်ချက် လိုက် ရပါတယ်

ကြက် သား ပင်စိမ်း အုပ်ချက် လေး ပင်စိမ်းမရှိလို့  နံနံပင်အုပ်ချက်လိုက်ရပါတယ်

                              လိုအပ်တဲ့ပစ္စည်းများ

ကြက်သား အရိုးမပါ အသား ကြီးပဲ ရင်ပုံတခု ပေါင် တခု လေးထောင့်တုံးလေးများလှီးထားပါ
ငရုတ်သီး အစိမ်း ၃ တောင့် ၄တောင့်
ကြက်သွန် ဖြူ ၃ဥ
ပြောင်ဖူး မုန့်  ထမင်းစားပွဲတဇွန်း မောက်မောက်
သံပုရာသီး အစိပ်ကြီး တစိတ်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
နံနံပင် သို့ မဟုတ် ပင်စိမ်း လက်တစုတ်
ခရုဆီ အနည်းငယ်

                             လုပ်နည်း

ကြက်သား ကို သံပုရာသီး ညှစ် အသားမှုန့် အနည်းငယ် ဆား အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး ခဏထားပြီးမှ ဆီ ပူပူတွင် ကျွတ် အောင် မကြော်ပဲ ကြက်ရုံ လေး ကြော်လိုက်ပါ ပြီး ရင် ဆယ်ထားလိုက်ပါ

အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန် ဖြူ နဲ့ ငရုတ်သီး စိမ်း ကို အရင် ဆီသတ်ပါ
ကျွတ်အောင် မဟုတ်ဘဲ ခပ်ပျော့ပျော့အချိန်မှာ ကြက်သား ထည့်ပါ ရောချက် ပြီး ခရုဆီ ထည့်ပါ ပြီး ရင် နံနံပင် သို့ မဟုတ် ပင်စိမ်း အုပ်ပြီး ခဏနေ ချလိုက် ပါ စားကောင်းတဲ့ ဟင်းတခွက် ရပါပြီ


Wednesday, July 11, 2012

FB ကခင်ရတဲ့ ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း


 FB က ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း




ပဲ ကြာ ဇံ သုတ်ရန် လို အပ်တဲ့ပစ္စည်းများ 
ပဲကြာဇံ အခြောက် အထုပ်ကြီး တဝက် 
ကြက်သွန်နီ ဥ နှစ် လုံး 
ပုဇွန် ၃၀၀ဂရမ်(ပုဇွန် ကို ခေါင်းဖြုတ် သန့်အောင် လုပ်ပြီး အခွံ နဲ့ အိုးထဲမှာလျော်ထားပါမည်
ကြက်သွန်မိတ် ၃ပင် 
ငရုတ်သီး စိမ်း ၄ ၅ ထောင့်
သံပုရာသီး တဝက် 
ငံပြာရည် အနည်းငယ် 
သကြား အနည်းငယ် 
Chili garlic sauce အနည်းငယ်


ပုံပါအတိုင်း ပုဇွန် လျော်ပြီးသာများကို အခွံခွာထားပါ ကြက်သွန်မိတ် ကြက်သွန်တို့ ကို လှီးထားပါ




ကြာဇံ ကို ပုံပါ အတိုင်း ရေစိမ်ထားပါ ပျော့လာ သည်အထိ ပျော့လာလျင် မီးဖို ပေါ်တွင် တင် လိုက်ပြီး စားလို့ ရတဲ့ အရွယ် အထိ တည်လိုက်ပါ 




ပြီး လျင် အောက် ပုံတွင် ပြထားသိအတိုင်း ဇကာနဲ့ စစ်ပါ အကြာကြီးမစစ်ပါနဲ့ ရေ နဲနဲကျန်လျင် သုတ်လို့ ပိုကောင်းလို့ ပါ ကြာဇံ ရလျင် ပုဇွန် ကြက်သွန် သံပုရာသီး အသားမှုန့်  သကြား ငံပြာရည် chili garlic
sauce  တို့ နဲ့ နယ် ပြီး ရင် စားကောင်းတဲ့ ပဲ ကြာဇံ သုတ်လေး ရပါပြီ။






Monday, April 23, 2012

ဆေးဘဲဥ ကြက်သား ငပိချက် စမ်း လေး ချက် ကြရအောင်


ဆေးဘဲဥ ကြော် ကြက်သား ငပိချက် စမ်း ချက်ရန် လို အပ်တဲ့ ပစ္စည်းများ
ဆေးဘဲဥ နှစ်လုံး (လူများ ရင် ပို လုပ်ပေါ့နော်)
ကြက်သား သို့ မဟုတ် ဝက်သား mince 100gm
ပုဇွန်ခြောက် မှုန့် လက်တဆုပ်
ငရုတ်သီး စိမ်းနှစ်ထောင့်
ကြက်သွန် ဖြူ ၂မွာ
ဟင်းချက် ငရုတ်သီး မှုန့် စားပွဲတင် ဇွန်း တဇွန်း
water 100ml
ဆီ အနည်းငယ်
ယိုဒယား ငံပြာရည် အနည်းငယ်

ပထမ ကြက်သား mince ကို ပုံပါအတိုင်း ဂျင်း ရည်စားပွဲတင်ဇွန်း တဇွန်း လောက် ငံပြာရည် အနည်း ငယ်
တို့ နဲ့ နယ်ပြီး ခဏ ထားလိုက်ပါ။






ဆေး ဘဲ ဥ ကို အပြင် က ဟာ များ ကို အရင်ခွာ ပြီး အခွံ ပါ နွာ လိုက်ပါ ပုံပါအတိုင်း





ပြီးရင် ဆီ ပူပူ မှာ ဟို ဘက် ဒီဘက် လှန် ပြီး ၅မီနစ်လောက် ကြော်လိုက်ပါ။







ကြက်သား ငပိချက် ချက် ပါမည်

ပထမ ငရုတ်သီး စိမ်း ဟင်းချက် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ တို့ ကို ရော ထောင်းပြီး ဆီ အနည်းငယ် ဖြင့်
ဆီ သတ်ပါ ပြီး ရင် ပုဇွန်ခြောက်ထည့်ပါ ပြီး ရင် ကြက်သား mince ထည့် ပါ ပြီး ရင် ပုံပါအတိုင်း မွေ ပါ
ရေ နည်းနည်း ထည့် ပေးပါ ကြက်သား ကျက်ရန် အတွက် ငံပြာရည် အနည်းငယ်ထည့် ပါ ရေ နဲနဲ ကျန် ကြက်သား mince များ ကျက်ရင် ကြော်ထား တဲ့ဆေးဘဲဥ အလုံးကို အခြမ်း လှီးလိုက်ပြီး ဆေးဘဲဥ အခြမ်း
လေး များ ပေါ် ကို ကြက်သား mince ငပိချက် လေး ဖြန်းလိုက်ရင် စားလို့ ကောင်းတဲ့ ဟင်း လေးတခွက် ရပါပြီ။