Thursday, July 19, 2012

ကြက်ပင်စိမ်း အုပ် ချက် ပင်စိမ်း မရှိလို့  နံနံပင် ပဲ အုပ်ချက် လိုက် ရပါတယ်

ကြက် သား ပင်စိမ်း အုပ်ချက် လေး ပင်စိမ်းမရှိလို့  နံနံပင်အုပ်ချက်လိုက်ရပါတယ်

                              လိုအပ်တဲ့ပစ္စည်းများ

ကြက်သား အရိုးမပါ အသား ကြီးပဲ ရင်ပုံတခု ပေါင် တခု လေးထောင့်တုံးလေးများလှီးထားပါ
ငရုတ်သီး အစိမ်း ၃ တောင့် ၄တောင့်
ကြက်သွန် ဖြူ ၃ဥ
ပြောင်ဖူး မုန့်  ထမင်းစားပွဲတဇွန်း မောက်မောက်
သံပုရာသီး အစိပ်ကြီး တစိတ်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
နံနံပင် သို့ မဟုတ် ပင်စိမ်း လက်တစုတ်
ခရုဆီ အနည်းငယ်

                             လုပ်နည်း

ကြက်သား ကို သံပုရာသီး ညှစ် အသားမှုန့် အနည်းငယ် ဆား အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး ခဏထားပြီးမှ ဆီ ပူပူတွင် ကျွတ် အောင် မကြော်ပဲ ကြက်ရုံ လေး ကြော်လိုက်ပါ ပြီး ရင် ဆယ်ထားလိုက်ပါ

အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန် ဖြူ နဲ့ ငရုတ်သီး စိမ်း ကို အရင် ဆီသတ်ပါ
ကျွတ်အောင် မဟုတ်ဘဲ ခပ်ပျော့ပျော့အချိန်မှာ ကြက်သား ထည့်ပါ ရောချက် ပြီး ခရုဆီ ထည့်ပါ ပြီး ရင် နံနံပင် သို့ မဟုတ် ပင်စိမ်း အုပ်ပြီး ခဏနေ ချလိုက် ပါ စားကောင်းတဲ့ ဟင်းတခွက် ရပါပြီ


No comments:

Post a Comment