Showing posts with label တရုတ်အစားအစာ. Show all posts
Showing posts with label တရုတ်အစားအစာ. Show all posts

Saturday, September 15, 2012

spicy honey chicken လေး ချက်စားရအောင်



ကျွန် မ သမီးလေး က ကုန်း ဘောင် ကြီး ကြော်ကြိုက်တယ် ကျွန်မ က spicy honey chicken ပိုကြိုက်တယ် သူ က တော့ အချို ကို အစပ်နဲ့ တွဲတာ မလိုက် ဘူး ဆို ပြီး ကျွန်မ အတွက်တော့ ဒီဟင်းလေးက အကြိုက်ဆုံး ဟင်းထဲ မှာ ပါ လို့  ချက်နည်း လေး share လိုက်ပါတယ်

                                Spicy Honey Chicken ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ

                ကြက်ပေါင်အပေါ် ပိုင်း ၃ခု ကို တတုံးကို လေးတုံး ဆီ လောက် တုံးထားတာလေး များအရိုးမပါအောင် လှီး ရင် လဲ ရပါတယ်
                 ကြက်သွန် နီ ခပ်ရွယ်ရွယ် နှစ်လုံးကို ၄စိတ် စိတ်ပါမယ်။
                 ခရမ်းချဉ်သီး သေးသေးအလုံးလေး များ ၇လုံး ၈ လုံးလောက်
                 ငရုတ်သီး အခြောက်ထောင့် ၅တောင့် ၆ တောင့်
                 ပဲ ငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဇွန်း
                 ပဲ ငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
                 Honey စားပွဲတင် ဇွန်း တဇွန်း
                 အသားမှုန့် အနည်းငယ်
                 ဆား အနည်း ငယ်
                 ပြောင်းဖူးမုန့် အနည်းငယ်
                 cooking wine လက်ဖက်ရည်ဇွန်း တဇွန်း
                 ကြက်သွန် မိတ် အနည်း ငယ်  ကျွန်မ ကုန် နေ လို့ မထည့်လိုက်ရပါ

                                လုပ်နည်း

ပထမ ကြက်သား ကို cooking wine ပြောင်းဖူး မှုန့်  အသားမှုန့်  ပဲငံပြာရည် အကြည်တို့ နဲ့ နယ်
ပါတယ် ပြီး ရင် ဆီပူပူ မှာ ထည့်ကြော် ပါတယ် အရောင် နဲနဲ ရဲ လာ ရင် ဆယ် ထားပါမယ် ပြီး ရင် ငရုတ်သီး အခြောက် တောင့် ကို ကြော်ပါ ပြီး ရင် ဆီ များကို ဖယ် ပြီး ဆီ အနည်းငယ် မှာ ကြက်သွန် ခရမ်း ချဉ်သီး ကို ထည့် ချက် ပါ ကြက်သွန် နွမ်း ခရမ်းချဉ်သီး နဲနဲ ကြက်လာ လျှင် ပဲငံပြာရည် အနောက် ထည့်ပါ
ကြော်ထားတဲ့ကြက်သားထည့် ကြော်ထားတဲ့ ငရုတ်သီး အခြောက်တောင့် ထည့်ပြီး Honey ထည့် ပါ
ပြီး ရင် မွေ ပြီး ကြက်သွန်မိတ် ထည့်ပြီး ရင် စားကောင်းတဲ့ Spicy honey chicken  ရပါပြီ။

               



ကြော်ထားတဲ့ကြက်ကြော် နဲ့  ငရုတ်သီး အခြောက် တောင့်ပုံ


Sunday, September 9, 2012

ထမင်းပေါင်းလေး ထပ်လုပ်စားရအောင်


ထမင်းပေါင်း ထပ်လုပ်စားဖြစ် လို့ ဒီတခါ တော့ အိမ်မှာ ရှိတဲ့ အသီး အရွက် လေးများနဲ့ပဲ လုပ်စားလိုက်ရတာ ပါ ကျန်းမားရေး နဲ့ ညီညွတ်ပြီး စားလို့ ကောင်း လို့ လုပ်နည်း ထပ်ရေးပေးလိုက်ပါတယ်


                                    ထမင်းပေါင်း ၃ပွဲစာ အတွက် လို အပ်သောပစ္စည်းများ

                    မှို (ကိုယ် ကြိုက်တဲ့ မှို ထည့်လို့ ရပါတယ်) လက်တစုတ် လောက်
                    ဂျပန် သခွား သီး တခု ကို ၅ စိပ် လှီး ပြီး လေးခု ပြန်ထပ်စိပ်လိုက်ပါ
                    မုန့် ညှင်းစိမ်း ၃ပင် ကို တလက်မ အရွယ် ဖြတ်ထားတာလေးများ
                    ငုံ ဥ ပြုတ် ပြီးသာ ၉ လုံး
                    ကြက်သား ပေါင် တခြမ်းကို ဂျင်း ကြက်သွန်ဖြူ နဲ့ ပြုတ်ထား တာရယ်
                    ပုဇွန် ၇ကောင် ၈ ကောင် လောက်
                     ခရမ်းချဉ်သီး သေးသေး လေး ၇လုံးကို နှစ် စိပ် စိပ်ထားပါ


                             လုပ်နည်း

ပထမ ပြုတ်ပြီးသာကြက်သား ကို အသား အတုံလေး များ လှီး ပြီးဖယ်ထားပြီး ကြက်ပြုတ်ရည် ကို
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်း တဇွန်း ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တဇွန်း အသားမှုန့် အနည်းငယ် ရေ ပန်းကန်လုပ် တဝက်လောက်နဲ့ ဖျော်ထားပြီး ကြက်ပြုတ်ရည် ထဲမှာ ကော်ရည် ချက်ထားပါ

ပြီး ရင် ကြက်သွန်ဖြူ နှစ် ဥ လောက် တပြား ရိုက်ထားတာကို ဆီ သတ် ပြီး ရင် သခွားသီးမှို မုန့် ညှင်းစိမ်း
တို့ ကို ထည့် အသားမှုန့် အနည်းငယ် ထည့်ပြီး ကြော်ပါ နဲနဲ နွမ်း ရင် ကြက်သားတုံးလေးများ ထည့်ကြော်ပါ
ပြီး ရင်ပုဇွန် ထည့် ပါ ပုဇွန် ကျက် ရင် မီးပိတ်လိုက်ပါ ဒါ ဆို ထမင်း ပေါင်း အတွက် အသီး အရွက် ကြော်ရပါပြီ

ပွဲ ပြင်ပါမယ် ပထမ ထမင်း ကို ပန်းကန် လုံးလုံးလေး ထဲ ထည့်ပြီး ကိုယ် စားမဲ့ပန်းကန်ထဲမောက်ပါ ပြီး ရင် ပန်းကန် လုံး တလုံးစာ အရွက်အသီး အရွက် အသားတွေ ရယ် ကော်ရည် တပန်းကန်လုံးစာ ရယ် ပူအောင် တည်ပြီး ထမင်းပေါ် လောင်းလိုက် ရင် စားလို့ ကောင်းတဲ့ ထမင်း ပေါင်း လေး ရပါပြီ

Thursday, September 6, 2012

ဂျပန်သခွား ပုဇွန် ချက် လေး ချက်စားရအောင်


ကျွန်မ တခါမှ သခွားသီး ကို ချက် မစားဘူး ပါ စာအုပ်တအုပ်မှာ ချက်ထားတာ တွေ့ လို့ ချက် စားကြည့်တာ အရမ်းစားကောင်းသွားလို့ ချက်နည်း လေး ရေးဖြစ်သွားတာပါ

                          ဂျပန် သခွားပုဇွန် ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ

                       ဂျပန်သခွား ရှည်ရှည် ပိန်ပိန်သခွား သီး ၂လုံး    အစေ့နည်းပြီးတော်တော်စားကောင်းတယ်
                      ပုဇွန် ခပ်လတ်လတ် ရ ကောင် ၈ ကောင်
                      ကြက်သွန်ဖြူ ၂ဥ
                      ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၂ဇွန်း
                      သကြားအနည်းငယ် (အချိုကြိုက်ရင် မကြိုက်ရင် မထည့်လဲ ရပါတယ်)
                      အသားမှုန့်  အနည်းငယ်
                       ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
                       နှမ်းဆီ အနည်းငယ်


                       ဂျပန် သခွား ပုဇွန် ချက် နည်း

          ပထမ ကြက်သွန်ဖြူ ကို တံပြားရိုက်ထားပါ ပြီး ရင် ဆီ တွင် အရင် အရောင် လေး ရဲ သည့်အ       ထည့်ကြော်ပါ ပြီး ရင် ဂျပန်သခွား တလက်မခွဲ အရွယ်လေးများ လှီးထားတာကို ထည့် ကြော်ပါ ပဲ   ငံပြာရည် အကြည်ထည့် ပါ  သခွား သီးလေးများ နဲနဲ နွမ်း လာမှ ပုဇွန် ထည့်ပါ ပြီး ရင် အသားမှုန့် ထည့်ပါ
   ပုဇွန် များ ရဲ ပြီး ကျက် လာရင် နှမ်း ဆီ အနည်းငယ် ဖြန်း ပြီစားလို့ ရပါပြီ သကြားဖြူး ရင် အသားမှုန့် ထည့်တဲ့ အချိန် နဲနဲ လေးဖြူးလို့ ရပါတယ်။
                   

Wednesday, September 5, 2012

ပြည်ကြီး ငါး ပဲ ငပိချက်လေး ချက်စားရအောင်





အင်မတန် အလုပ်များတဲ့ ကျွန်မ မှာ တခြားလူတွေ လို အလုပ်ရှိလို့ မဟုတ်ပါဘူး မုန့် ဖုတ်တဲ့ အလုပ်နဲ့များနေတာပါ  ပေါင်မုန့် ဆိုလဲ တခါနှစ်ခါ ဖုတ် ရုံနဲ့ မကျေနပ်နဲ့ ပဲ တနေ့ တကြိမ်လောက် ကိုဖုတ် ချင်နေတာ စမ်းသပ်နေတာ ဘယ်နည်းကောင်းလဲ ပေါ့ နောက်မှ ပဲ ပေါင်မုန့် လုပ်နည်းတချို ရေးလိုက်ပါ့မယ်  အခုတော့ ချက်စားဖြစ် တဲ့ ပြည်ကြီး ငါး ပဲ ငပိချက် လုပ်နည်း လေး ရေးပေးလိုက်ပါတယ်


                               
                    ပြည်ကြီး ငါး ပဲ ငပိချက် ရန် လို အပ်တဲ့ ပစ္စည်းများ
                   
                     ပြည်ကြီး ငါး ခပ်လတ်လတ်အရွယ် နှစ် ကောင် ကို အထဲက ပစ္စည်းများထုတ်ပြီး သန့်             ရှင်းရေး လုပ်ပြီး အကွင်းလေးများ လှီးထားပါ လှီး ပြီးသာ ပြည်ကြီး ငါးများကို ရေးနွေး ပူပူ မှာ ခဏ စိမ်ထားလိုက်ပါ ပြည်ကြီး ငါး အရည် ထွက် နဲ အောင် လုပ်တာပါ ပြီး ရင်စစ်ထားလိုက်ပါ
           ငရုတ်သီးအခြောက် တောင့် ၅တောင့်
            ငရုတ်ပွ တခု ကိုလေးထောင့်လေးများ လှီးထားပါ
            ခရမ်းချဉ်သီး ခပ် လတ်လတ်တလုံးကို ၆ စိပ်စိပ်ထားပါ
             ကြက်သွန်ဖြူ ၂ဥ ၃ဥ လောက်
            ပဲ ငပိ အချို သို့ မဟုတ် အငံ စားပွဲတင်ဇွန်း ၁ဇွန်းမောက် မောက် ကျွန်မ က black soya bean
             သုံးလိုက်ပါတယ်။
                       

  ဒါ ဆို ချက် ရအောင် နော် ပထမ ဆီ ယောက်ချို တဇွန်းစာလောက် မှာ ငရုတ်သီးအခြောက်တောင့်ကို
ေ ကြာ် ပါ ပြီး ရင် ဆီတဝက် လောက် ခပ်လိုက်ပြီး ကြက်သွန်ဖြူ တပြားရိုက်ထားတာကို ဆီထဲမှာ   ဆီသတ်ပြီး ပြည်ကြီးငါး ထည့်ပါ ပြီး ရင် ငရုတ်ပွ တောင့် လှီးထားတာ ထည့်ပါ အဖုံး ၃မီနစ်လောက် အုပ်ထားပြီး ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တဇွန်း ထည့်ပါ ပဲငပိထည့်ပါ အသားမှုန့် အနည်းငယ်ထည့်ပါ ခရမ်းချဉ်သီးထည့် ပါ ပြီး ရင် အရောင် သိတ်မလှ ရင် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဝက်လောက် ထည့်လိုက်ပါ ကျွန်မ က black soya bean သုံးလိုက်တော့ ပဲ ငံပြာရည်အနောက်ထည့်စရာ မလို တော့တာပါ ၁မီနစ် ၂မီနစ်လောက်ချက်ပြီး ရင် ငရုတ်သီးတောင့်ကြော်ထည့် ပြီး မွေ ပြီးရင် စားလို့ ကောင်းတဲ့ ဟင်းတခွက် ရပါပြီ။

Sunday, August 19, 2012

ကြက်သားလုံး ကုန်းဘောင် ကြီးကြော်လေး ကြော်စားရအောင်



ကိုယ့် ဘလော့ လေး ကို ပြစ်ထားသလို တောင် ဖြစ် ရတယ် အလုပ်များ ပြီး မုန့် တွေ တခုပြီးတခုဖုတ်နေလို့  ဖုတ် ပြီး သာ မုန့် လုပ်နည်း လေး များကို လဲ တင်ပေးသွားပါမယ် အခု သိတ်မကြာခင် က ချက် စားဖြစ်တဲ့ ကြက်သား လုံး ကုန်းဘောင် ကြီး ကြော် ချက်နည်း လေး ပါ

                         ကြက်သားလုံး ကုန်း ဘောင် ကြီး ကြော် ရန် လို အပ်တဲ့ပစ္စည်းများ

ကြက်သား ကြိတ်ပြီး သား ၃၀၀ ဂရမ်(ကျွန်မ ကတော့ကိုယ် ဟာကိုယ် ကြက်ပေါင်သားများ ကို အသားကြိတ် စက်လေး နဲ့ ကြိတ်လိုက်ပါတယ်
တရုတ်ဟင်း ချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်သီးအခြောက်ထောင့် ၇တောင့်
ကြက်သွန် နီ ဥ ခပ်ရွယ်ရွယ် ၃ဥလောက်ကို လေးစိပ်လှီးထားပါ
ခရမ်းချဉ်သီး ခပ်ရွယ် ရွယ် ၂လုံးကို တလုံးလေးစိပ်လှီးထားပါ
ကြက်သွန်မိတ် ၂ပင်လောက် ကို တလက်မ အရွယ် ဆီ ဖြတ်ထားပါ
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း မောက်မောက် တဇွန်း
သကြားအနည်းငယ်

                                            လုပ်နည်း

ပထမ ပုံပါအတိုင်း ကြက်သား ကြိတ်ပြီးသား အသား များ ကို ဟင်းချက်ဝိုင် ပြောင်းဖူး မှုန့် အသားမှုန့် 
ဆား ဂျင်း အနည်းငယ်ထောင်းထားတာများကိုနယ်ပါမယ်
ပြီး ရင် ဆီပူပူ မှာ ရဲအောင် ကြော်ပါမယ်
ငရုတ်သီး အခြောက်ထောင့် ၇တောင့်လောက်ကိုလဲ ကြော်ပြီး စယ်ထားပါ

ကြော်ထားတာများကို ဆယ်ထားပြီး ရင် ကြက်သားလုံး ကုန်းဘောင် ကြော်ပါမည်

ပထမ ဂျင်း၂ပြား၃ပြား ရယ် ကြက်သွန်ဖြူ ၂ဥထု ထားတာရယ်ကို ဆီ စားပွဲတင်ဇွန်း ၃ဇွန်းလောက်မှာ
ဆီသတ်ပြီး ရင် ကြက်သွန် အနီ ခရမ်းချဉ်သီး ထည့် ချက်ပါ နဲနဲ နွမ်းလာလျှင် ပဲငံပြာရည် အနောက်ထည့်ပါ
သကြားတဇွန်းလောက် ထည့်လိုက်ပါ ပြီးရင် ကြက်သားလုံးနဲ့ ငရုတ်သီးကြော်ထည့်ပြီးမွေ ပါ
ပြီး ရင် ရေ စားပွဲတင်ဇွန်း ၄ ၅ ဇွန်းလောက်ထည့်ပြီး ပွတ်ပွတ်ဆူ ရင် ချပါ စားလို့ ကောင်း တဲ့ ကြက်သားလုံး ကုန်းဘောင် ကြီးကြော်ရပါပြီ

                        ပုံမှာ ကြော်ထားတဲ့ ကြက်သားလုံး နဲ့  ငရုတ်သီးတောင့်ကြော်
               

Thursday, August 2, 2012

ကြက်သား ကြက်သွန်ဖြူ ကြော်ချက် လေး ချက်စားရအောင်


ကျွန်မ လဲ ဟင်း ကို နေ့ တိုင်း မတင် နိုင် တာခွင့်လွတ်ပါ ကျွန်မ ဝါသနာ ပါတဲ့ မုန့် ဖုတ် တဲ့ဖက်ကို လှည့်နေလို့ နောက် မှ မုန့် ဖုတ် တာလေး များကို တင်ပေးသွားပါမယ်
ဒီနေ့ တော့လွယ် လဲလွယ် ချက် ရတာ မြန်လဲ မြန် တဲ့ ကြက်သား ကြက်သွန်ဖြူ ချက်လေး ချက် စားရအောင်

                                         လိုအပ်တဲ့ပစ္စည်းများ

             ကြက်ပေါင် အပေါ် ပိုင်း အပိုင်းကြီး ၂ပိုင်း
             ကြက်သွန် ဖြူ အမွာ ၇မွာလေက် ကို အပြားလေးများ လှီးထားပါ
             tomato sauce 2tbsp
             HP sauce  2 tbsp
             သကြား စားပွဲတင် ဇွန်း တဇွန်း
             ပဲ ငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ဇွန်း
             အသားမှုန့် အနည်းငယ်
             နံနံပင် ၃ပင် ၄ ပင်
             ဆီ ကြက်သွန်ဖြူ ကြော်ရန်


                        လုပ်နည်း

    ကြက်သား ကို tomato sauce ,HP sauce ,အသားမှုန့် တို့ နဲ့ နယ်ပြီး ခဏထားလိုက်ပါ
   ပထမ ဆီ ထဲ မှာ ကြက်သွန် ဖြူ လှီးထားတာ များကို ကြော်ပါ ကြက်သွန်ဖြူ များ ကြွတ်လာလျှင်   ပန်းကန် တခု နဲ့ ဆယ်ထားလိုက်ပါ ပြီး ရင် နယ်ထားတဲ့ ကြက်သား ကို ဆီ အိုး ထဲ မှာ အနားတင် အောင်
လှိမ့်လိုက်ပါမယ် ပြီး ရင် ဆီ ကို ဖယ်လိုက် ပြီး ကြက်သား ကို ပဲငံပြာရည် အကြည် သကြား ရေ တို့ ထည့်ပြီး တည်ပါမည် ရေပြစ်လာ ရင် ကြက်သွန်ဖြူ ကြော်ကို အုပ်ပါမယ် ပြီး ရင် နံနံပင် အုပ် ပြီး ရင် စားလို့ ကောင်း
တဲ့ ကြက်သား ကြက်သွန်ဖြူ ကြော်ချက် လေး ရပါပြီ

Tuesday, July 17, 2012

ကြက်တောင်ပံ ခရုဆီဆမ်း လေး ချက်စားရအောင်



                       ကြက်တောင် ပံ ခရုဆီ ဆမ်း ချက် ရန် လိုအပ်တဲ့ပစ္စည်းများ


            ကြက်တောင်ပံ ၃၀၀ဂရမ်
            ကြက်တောင်ပံကြော်ရန် ဆီ ၁ခွက်
            ဆားအနည်းငယ်
            ငရုတ်ကောင်းအနည်းငယ်
            အသားမှုန့် အနည်းငယ်
            says light sauce 1tbsp
            Saya dark sauce 1tsp
            cooking wine 1tsp
            corn flour 1tsp
            ခရုဆီ စားပွဲတင်ဇွန်းတဇွန်း
            ရေ ပန်းကန် လုံးအသေးလေးတလုံး


                             လုပ်နည်း

ပထမ ကြက်တောင်ပံကို ဆား အသားမှုန့် ငရုတ်ကောင်းမှုန့်  နည်းနည်းဆီ နဲ့ ပဲ နယ်ပါ ပြီးရင် ၂နာရီလောက်ထားပြီးမှ နီညိုရောင် သန်း သည် အထိ ကြော်လိုက်ပါ။
     
ကြော်ပြီး သား ကြက်တောင်ပံများ ကို  ခရုဆီ saya light sauce ,dark sauce ,rice wine ,corn flour ,water အားလုံးဖျော်ပြီးချက်တဲ့အရည်လောင်းထည့်လိုက်ပါတယ် အရည်ပူပြီး ပြစ်လာ ရင် ချလို့ ရပါ ပြီ  ထမင်းပူပူ တုန်ယမ်ဟင်းချိုလေးနဲ့ တွဲစားရင်အရမ်းစားကောင်းလို့  နောက် နေ့ မှ တုန်ယမ် ဟင်းချို ချက်နည်းလေး ရေးလိုက်ပါ့မယ်။

Wednesday, July 11, 2012

ကြာဇံ ကို ပုဇွန် ကြက်သား နဲ့ ကြော်စားရအောင်



အခု ရက်ပိုင်း အရမ်း ကြော်သလို ဖြစ် နေတယ် ပထမ ညှပ်ခေါက် ဆွဲကြော် ခေါက်ဆွဲကြော် ကော်ပြန့် ကြော် နဲ့ အခု ကြာဇံကြော် ကြာဇံကြော် ကို အဆင့်ဆင့်မရိုက် ပြတော့ပါဘူး ခေါက်ဆွဲကြော်နဲ့ ဆင် နေလို့ ပါ

ကြာဇံကြော်ရန် လို အပ်သောပစ္စည်းများ
ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် တထုပ်
ကြက်သား အရိုးမပါ ၁၀၀ဂရမ်
ပုဇွန် ၄ ၅ ကောင်
မုန် လာဥနီ တဝက်
မုန့် ညှင်းစိမ်း ၂ပင်
ကြက်ဥ တလုံး
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ကြက်သွန် ဖြူ တဥ နှစ် ဥ
မကြော်ခင် မှာ ကြက်သားကို ခရုဆီ အသားမှုန့်  ပဲ ငံပြာရည် အကြည် နဲ့ နယ်ထားပါ

ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင် ကြက်သားကိုထည့်ပါ
ကြက်သား ကြက်ရင် ဖယ်ထားလိုက်ပြီး ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံပျော့ လာလျှင် ပုဇွန် ခွာထားတာထည့်ပါ မုန်လာဥနီ
ထည့်ပါ ခရုဆီ နဲ့ အသားမှုန့် ထည့်ပါ မွေပါ ပြီး ရင် ကြာဇံများကို တဖက်ထွန်း ပြီး ခေါက်ထားတဲ့ ကြက်ဥ
ထည့်ပါ ကြက်ဥ ကြက်ရင်ရောမွေပြီး ရင် စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။



Monday, July 9, 2012

အိမ်မှာ gathering လုပ်လို့ ကော်ပြန့် လေး လဲ ကြော် ပုဇွန် လေး လဲကြော်ပါတယ်



အိမ် မှာ gathering လုပ်လို့ ကော်ပြန့် ကြော် ပုဇွန် ကြော် ပါတယ် ပထမ ကော်ပြန့် ကြော်
ရန်လို အပ်တဲ့ပစ္စည်း

ပုံပါအတိုင်း ကော်ပြန့် ရွက် ၁၁ရွက် (ကျွန်မ တို့ စလုံးဈေး မှာ ဝယ်လို့ ရပါတယ် အရွက် အစိုကို ဝယ်မရ ရင် frozen ကော်ပြန့် ရွက် သုံးလဲရပါတယ်

ပုဇွန် အခွံခွာပြီး ၁၀ကောင်လောက်ကို နူပ်နူပ်ဆင်းထားပါ
မှို အနည်းငယ် ကြက်သွန်မိတ်အနည်းငယ်ကို လဲပါးပါးလှီး ထားပါ
ဥနီ တဥလောက် ကိုလဲ ပါးပါးလှီးပါ
ကုန်နေလို့ မပါတာပါ
ပဲပင်ပေါက် ၂၀၀ဂရမ်





ပထမ ပုဇွန် ကို ထည့်ကြော်ပါ ပြီးလျှင် မှို တို့ ပဲပင်ပေါက် ကြက်သွန်မိတ်တို့ ထည့် ပါ ခရုဆီ အသားမှုန့် ထည့်ကြော်ပါ နွမ်း တဲ့ အထိကြော်လိုက်ပါ ပြီး ရင် ဇကာ နဲ့ စစ်ထားလိုက် ပါ အရည်များ ကျန်လျှင်ကော်ပြန့် လိပ်လို့ မကောင်းပါ အဲဒီ စစ်တဲ့ပုံလေး ကို အောက်မှာပဲ ထည့်လိုက်မယ် ကော်ပြန့်  ရွက်ကို ရေညစ် ထားတဲ့သဘက် နဲ့ အုပ်ထားလိုက် ပါ ဒါဆိုရင် ပုံပါအတိုင်း လိပ်ပါ မည်။


 အခု လိပ်ပြီး သွားတဲ့ ကော်ပြန့် လေးများ ရပြီ ဆိုလျင် ဆီပူပူ မှာကြော်စားလို့ ရပါပြီ ကော်ပြန့် စိမ်း ဆိုရင် လိပ်ထားတဲ့ကော်ပြန့် များကို steam လုပ်လိုက် ပါ။

Wednesday, July 4, 2012

ခေါက်ဆွဲလေး ကြော်စားရအောင်




ခေါက်ဆွဲ လေးကြော်စားဖြစ်ပါတယ်
ခေါက်ဆွဲ ကြော်ရန်လို တဲ့ပစ္စည်းများ
ခေါက်ဆွဲ အဆို၂၀၀ဂရမ်
ပုဇွန် ငါးကောင်
မှို အနည်းငယ်
မုန်ဥနီ အသေးလေးတလုံး
မုန့် ညှင်းစိမ်း နှစ်ပင်
ကြက်ဥတလုံး
ခရုဆီ အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ဆီအနည်းငယ်
ကြက်သွန်ဖြူ ၁ဥ ၂ဥ

ပထမ ပုံပါအတိုင်း ကြက်သွန်ဖြူ ကို ဆီသတ်ပြီး ခေါက်ဆွဲ ထည့်ပါ ဥနီပါးပါးလှီးထားတာပါထည့်ပါတယ်
ရေ အနည်းငယ် ထည့်ပါ



ပြီးလျှင် မုန့် ညင်းစိမ်း ထည့်
မှိုထည့်ခရုဆီ ပဲငံပြာရည် အကြည်ထည့်ပါ မွေပါ



 

ပြီး ရင် ပုဇွန်ထည့်ပြီး ထပ်မွေပါ ဆီ နည်းရင် ဆီနည်းနည်းထည့်ပါ ပုဇွန်ရဲလျှင် ခေါက်ဆွဲ များကိုတွန်းပြီး
ကြက်ဥခေါက်ထားတာ ထည့်ပါ ကြက်ဥ ကြက်လောက်လျှင် အားလုံးကို မွေပါ အသားမှုန့် အနည်းငယ်ထည့်ပါ ဒါဆို စားကောင်းတဲ့ ခေါက်ဆွဲကြော်လေး ရပါပြီ။

Wednesday, June 13, 2012

ငါး ပေါင်း ကော်ရည် ဆမ်း လေး ချက်စားရအောင်



ရန်ကုန် ပြန်တုံးက လေယာဉ်ပေါ်မှာစားခဲ့တဲ့ ငါးပေါင်းလေးကို ကြိုက်လို့ ပေါင်း ကြည့်ပါတယ်

ငါးပေါင်းရန်လို အပ်တဲ့ပစ္စည်းများ
အရိုးမပါအရည်ခွံမပါတဲ့ ငါး အတုံးအရှည် လေး နှစ်တုံး
မှို အနည်းငယ် ငရုတ်ပွ အနီ တခြမ်း ငရုတ်ပွ အစိမ်းတခြမ်း
ကြက်သွန် ဖြူ ၃ဥ
ဂျင်း လက်တဆစ်လောက်
ဆားအနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
အသားမှုန့် အနည်းငယ်

ကော်ရည်ဖျော်ရန်
ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း တဇွန်း
ခရုဆီ စားပွဲတင်ဇွန်း တဇွန်း
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတဇွန်း
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဝက်
ရေ 100ml
သကြား အနည်းငယ်
အားလုံးကို ဖျော်ထားလိုက် ပါ။


ပုံပါအတိုင်း ငါး လေး နှစ် တုံးကို ဆား ငရုတ်ကောင်း အသားမှုန့် လေး နဲ့ နယ် ထားပါ




ပြီး လျှင် steamer ထဲတွင် ၁၀မီနစ် မှ ၁၅မီနစ်လောက် ထည့်ပေါင်းပါ ဖွင့်ကြည့်ပြီး ငါးကျက်ရင်
steamer ခလုတ် ပိတ်လိုက်ပါ အဖုံးမဖွင့်ပဲ ထားထားလိုက်ပါ။






ပြီး ရင် ငါး အပေါ် ကိုဆမ်း ရန် ကော်ရည် ချက် ပါမယ် ပထမ ပုံတွင် ပြထားသည့်အတိုင်း မှို
ငရုတ်ပွအနီ ငရုတ်ပွ အစိမ်းတို့ ကို အရင် ကြော်ပါမည် ပထမ ကြက်သွန် ဖြူ နဲ ဂျင်းထောင်းထားတာကို
ဆီ စားပွဲတင်ဇွန်းတဇွန်းလောက် နဲ့ ဆီသတ်ပြီ မှို တို့ ငရုတ်ပွ အနီ ငရုတ်ပွ အစိမ်းတို့ ကို ကျက်အောင်
ကြော်ပါမည် ။




ကြော်ပြီး ရင် ပုံပါအတိုင်း ဖျော်ထားတဲ့ ကော်ရည် ကိုလောင်းထည့်ပါမည် အရသာကို ကြည့်ထည့်ပါ
ဖျော်ထားတဲ့ ကော်ရည်ထည့်ပြီး ရင် ပုံပါအတိုင်း အရည်များပြစ်လာပြီး ပွတ်ပွတ်ဆူ ရင်ချပြီး
steam လုပ်ထားတဲ့ ငါး ပေါ် လောင်းထည့်လိုက် ရင် စားကောင်းတဲ့ ငါးပေါင်းကော်ရည်စမ်း ရပါပြီ။



Friday, April 27, 2012

ပုဇွန် ပေါင်မုန့် ခြောက် ကပ်ကြော် လေး



ဒီ နေ့ တော့ မြန်လဲမြန် စားလို့ လဲ ကောင်းမဲ့ ပုဇွန် ပေါင်မုန့် ခြောက် ကပ်ကြော်လေး ကြော်စားဖြစ်ပါတယ်
ပုဇွန် ပေါင်မုန့် ခြောက် ကပ်ကြော်ရန် လို သော ပစ္စည်းများ
ပုဇွန် အရွယ် ခပ်လတ်လတ် ၁၀ကောင်
ကြက်ဥ တလုံး
ပေါင်မုန့် ခြောက် ၅၀ဂရမ်
ဆား အနည်းငယ်
အသားမှုန့် အနည်းငယ်

ပထမ ပုဇွန် ကို အလယ်ကျောရိုးထဲမှ အမဲကိုဆွဲထုတ်ပြီး ရင် အနောက်လှန် ပြီးပုဇွန် ဗိုက် မှာ ၄ ၅ချက်
လောက် ဓါး လေး နဲ့ မွန်းလိုက်ပါ ပုဇွန် တောင့်အောင် ( ပြီးရင် ပုဇွန် ကို ဆန့် နိုင် သလောက် လိုက်ပါ)
ပုံပါအတိုင်း ပုဇွန်များ ကို လုပ်ပြီး ပါက ပုဇွန် ကို ငရုတ်ကောင်း အနည်းငယ် အသားမှုန့် အနည်းငယ် နဲ့ 
နယ် လိုက်ပါ ကြက်ဥတလုံးကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ထားပါ
ပုဇွန် ကို ကြက်ဥထဲမှ စိမ်လိုက် ပြီးပေါင်မုန့် ခြောက်ကပ် ပြီး ရင်
ဆီ ပူပူ မှာ ကြော်လိုက်ပါက စားလို့ ကောင်းတဲ့ပုဇွန် ပေါင်မုန့် ခြောက် ကပ်ကြော်လေး ရပါပြီ




Wednesday, April 25, 2012

ဒီ နေ့ ငါး ခေါင်းဟင်းချို လေး ချက်စားတယ်


ငါး ခေါင်း ဟင်းချို ချက် ရန် လုပ်အပ် တဲ့ပစ္စည်းများ


ငါး ခေါင်း အသေး ဆို နှစ်ခေါင်း အကြီး ဆို တခေါင်း
ကြိုက် ရာမှို နှစ်မျိုး လောက်
မုန့် ညှင်းစိမ်း အရွက် နှစ်ပင်
ဥနီ ခပ်ရွယ် ရွယ်တလုံး
ပဲ ပြား တတုံး
ခရမ်းချဉ်သီး နှစ်လုံး
ကြက်သွန်ဖြူ နှစ် မွာ ဂျင်းလက်တဆစ်
ဟင်း ချက် ငရုတ်သီးမှုန့် စားပွဲတင် ဇွန်း တဇွန်း
ငှံဥ ပြုတ်ပြီးသား ၅လုံးလောက် (ကျွန်မကတော့မဝယ်ထားလို့ မထည့်လိုက်ရပါ)



ငါးခေါင်း နှင့်  အရွက် များကို လှီး ထားပုံ


 ပထမ ဂျင်းရယ် ကြက်သွန်ဖြူ ရယ် လှီးထားတာ များကို ဟင်းချက် ငရုတ်သီးမှုန့် နဲ့ ဆီသတ်ပါ
ပုံပါအတိုင်း ပြီးမှ ငံပြာရည် နဲ့ နယ် ထားတဲ့ ငါးခေါင်းများကိုထည့်ပါ




ပြီး ရင် ရေ ကို တလီတာ နီး ပါးလောက်ထည့်လိုက်ပါ ပွတ်ပွတ် ဆူ အောင် တည်ပါ ပုံ
ပါ အတိုင်း ၁၀မီနစ်လောက်တည်ပြီး လျှင် လှီးထားတဲ့ အသီးအရွက် များကိုထည့်ပါ



အသီး အရွက် များထည့် ပြီး ၅မီနစ်လောက် ဆို ချလို့ ရပါပြီ အရသာ အဖြစ် အသားမှုန့် ငံပြာရည် နဲ့stock cubes အတုံး တတုံးလောက်ထည့်လိုက်ပါ။





Saturday, April 21, 2012

ကြက်သား တောက်တောက် ကြော် လေးကြော်စားရအောင်


ကြက်သားတောက်တောက်ကြော်ရန် လိုအပ်တဲ့ပစ္စည်းများ
ကြက်သား သို့ မဟုတ် ဝက်သား mince ၃၀၀ဂရမ်
ပြောင်းဖူး မုန့် စားပွဲတင်ဇွန်း ၂ဇွန်း မောက်မောက်
ကြက်ဥ တဝက်
ဟင်းချက် ဝိုင် လက်ဖက် ရည် ဇွန်း တဇွန်း
အသားမှုန့် အနည်းငယ် ဆားအနည်းငယ်
ခရုဆီ စားပွဲတင်ဇွန်း တဇွန်း
ပဲငံပြာရည် အကြည် စားပွဲတင် ဇွန်းတဇွန်း
အား လုံး ကို ပုံပါအတိုင်း နယ်ထားလိုက်ပါ နာရီဝက်လောက်ထားလိုက်ပါ။



နယ်ထား တဲ့ အသားကို အဝိုင်း သို့ မဟုတ် လေးထောင့် ပုံလေး လုပ်ပြီး ရင် ပုံပါအတိုင်း
ဆီ ပူပူ တွင် ကြော်လိုက်ပါ။




ကြော်ပြီး သား အသားတုံး လေး များကို လေး ထောင့် တုံး လေး တွေ လှီး လိုက်ပြီး ပန်းကန်ထဲ ထည့်ထားလိုက်ပါ။






ဂေါ်ဖီထုပ် အပြားကြီး ကြီး လှီး ပါ ခရမ်း ချဉ် သီး နှစ် လုံးကို ၄စိပ်စိပ်ထားပါ ဥနီ တဥကိုလဲ အဝိုင်း လှီး ထားလိုက်ပါ ကျွန် မ က မှို နဲ နဲ လှီး ထည့် လိုက်ပါတယ် ကိုယ် ကြိုက်ရာ အသီး အရွက် များကို ထည့် ပြီး ရင်
ပုံ ပါအတိုင်း ဆီ အနည်းငယ် ထဲမှာ ဂျင်း ထည့် ပြီး အရွက် များ ထည့် ကြော်ပါ တရုတ်မဆလာ အနည်းငယ်ထည့်ပါ ။



အရွက် မျာ နူး ရင် ပြောင်းဖူး မှုန့် လက်ဖက်ရည် ဇွန်း မောက်မောက် ပဲငံပြာရည် အနောက် အနည်းငယ်
အကြည် အနည်းငယ် ရေ 100ml လောက် ဖျော်ထားတဲ့ အရည် ထည့်ပါ ပုံ ပါအတိုင်း အရွက်ကြော်ထဲထည့်ချက် ပါ ပြီးရင် ကြော်ထား တဲ့ ကြက်သား mince အတုံးလေးများပေါ် လောင်းထည့်ပါ
ဒါဆို စားလို့ ကောင်းတဲ့ ကြက်သား တောက်တောက် ကြော်ရ ပြီနော်။



Tuesday, April 3, 2012

ဝက်သား ကြက်ဥ ဟင်း လေး ချက်စားရအောင်


 
ဝက် သား ကြက်ဥ ဟင်း ချက် ရန် လိုအပ်တဲ့ပစ္စည်း များ
ဝက်သား သုံးထပ် သား ၃၀၀ ဂရမ်
ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၁ဇွန်း ခွဲ
သကြား လက်ဖက်ရည် ဇွန်း တဇွန်း
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
Seah's spices brand stewed fragrant spice စားပွဲတင် ဇွန်း ၂ဇွန်း
အားလုံးကို ဝက် သား အနေတော် တုံး ထားတာလေး များ နဲ့ နယ် ထားလိုက်ပါ
ပြီး ရင် ရေ နွေး 1/2 litre တည် ထားတဲ့ ထဲ ထည့်ပါ အဲဒီ အချိန်မှာ ကြက် ဥ နှစ်လုံး သို့ မဟုတ် သုံး လုံးကို ပြုတ် ထားလိုက် ပါ အကျက် ပြုတ်ပါ ဝက်သား နူး မနူး ကို ခရင်းလေး နဲ့ ထိုး ကြည့်လိုက်ပါ မနူးရင် ရေ
နဲနဲ ထပ် ထည့်ပါ ဝက် သား မနူး တနူး အချိန်မှာ ကြက်ဥ ကျက် ပြီး သာ သုံးလုံးကို ပါထည့်ပါ
ဝက်သားလေး လဲနူး ရေ  သုံးပုံ တပုံ လောက် အချိန် မှ ချ ပါ

ပုံ ပါအတိုင်း စား ကောင်းတဲ့ ဝက်သား ကြက်ဥ ဟင်း လေး ရပါပြီ။


Sunday, April 1, 2012

ဒီ နေ့ တော့ ခင်ပွန်း လက် ရာ ထမင်းပေါင်း လုပ်စားကြအောင် နော်


ပထမ ထမင်း ပေါင်း ထဲ ထည့် ရင် ကြက်သား ၂၀၀ဂရမ် အရိုး မပါ တဲ့ အသားများကို ခရုဆီ ဟင်းချက်ဝိုင်
ပဲငံပြာရည် အကြည် အသားမှုန့် အနည်းငယ် တို့ နဲ့ နယ်ပြီး ၁၅မီနစ်လောက်ထားလိုက်ပါ ကြက်အူချောင်း အနီ ခရု လေး အနည်းငယ် ပုံပါအတိုင်း မှို ဘေဘီကွန်( ပြောင်းဖူး အသေးလေး)ခရမ်းချဉ်သီး အနည်းငယ်
ဘိုစာပဲ အနည်းငယ် ကြိုက်ရင် မျှစ် အနုလေး ငယ် အားလုံးကို အရွယ်တော်လေးများ လှီးထားပါ ပုံ ပါအတိုင်း





ပြီး ရင် ပုံ ပါအတိုင်း ကြက်သွန် ဖြူ ၂လုံး ဂျင်း အနည်းငယ် တို့ ကို ပါးပါး လှီး ဆီသတ်ပြီး ကြက်သား ကို အရင်ထည့် ကြော်ပါ ပြီး ရင် ကြက်အူချောင်း ကြော်ပါ ပြီးမှ ခရု အနည်းငယ်ထည့် ပါ ပြီး ရင် လှီး ထား တဲ့ အသီး အရွက် ထည့်ကြော်ပါ  အရွက် များ စားလို့ ရတဲ့ အရွယ် ဆို မီးပိတ် ပြီးထားလိုက်ပါ

ကော်ရည် ဖျော် ပါမည် ဓါတ်ပုံ မရိုက် လိုက် နိုင် လိုက်ပါ ဘူး ချစ် သမီးများက စားမယ်စားမယ် အော်နေလို့ သူ့  အဖေ ခမျာ အမြန် ပြင် လိုက် ရပါတယ် ကော် ရည် အတွက်
ပြောင်း ဖူး မှုန့်  စားပွဲတင် ဇွန်း ၂ဇွန်း
ပဲ ငံပြာရည် အနာက် လက်ဖက် ရည် ဇွန်း တဇွန်း မရှိ တရှိ
ရေ စားပွဲတင် ဇွန်း ၃ဇွန်း ဖျော် ထားပါ ။
      ကြက်ပြုတ်ရည် ဘူး ကို သုံးလိုက် ပါတယ် 400ml chicken broth ကို ဆူအောင် တည်ထားပြီး
      ဖျော်ထားတဲ့ ပြောင်းဖူး မှုန့် ဖျော်ရည် ကိုလောင်းထည့် ပါတယ် ပြစ်ပြစ်လေးဖြစ် လာရင် မီးပိတ်လိုက်ပါ





ပွဲ ပြင် ပါမယ် ထမင်း ပူပူ လေး ကို ပုဂံလုံးလေး ထဲ ထည့် အပေါ် က နဲနဲ့ ဖိ လိုက်ပြီး ပြင် မဲ့ ပုဂံလုံး
   ထဲ ထည့်ပါ ပြီးရင် အသားအသီးအရွက် ကြော် ဟင်းခတ်ဇွန်း တဇွန်း စာထည့် ပါ ပြီး မှ ပူနေတဲ့
  ကော် ရည် ယောက်ချို နှစ် ဇွန်း စာ ထည့် လိုက် ပါ ဒါဆို စား ကောင်းတဲ့  ထမင်း ပေါင်း လေး ရ ပြီ
 ငရုတ်ဆီ ကြက်သွန် ချဉ်လေး နဲ့ တွဲ စား ရင် စားကောင်းလို့ ပြုတ်ထားတဲ့ ငုံဥ လေး အပေါ်က ထည့်လိုက်ပါနော်




Tuesday, March 27, 2012

ကြက်သား ဆေးဘဲဥ ပေါင်း လေး လုပ်စားရအောင်







        ပထမ ကြက်သား mince (or) Pork mince 200gm ကို ဟင်းချက် ဝိုင် ပဲငံပြာရည် အကြည် နှမ်းဆီ အနည်းငယ် သကြား အသားမှုန့်  ဆေးဘဲ ဥ တလုံး အတုံးလေးများ လှီးပြီး နယ်ထားပါ







                     ဆေး ဘဲဥ နဲ့  ဆားဘဲ ဥ ပုံပါ



နယ် ပြီးသား အသားများကို ပုံ လုပ်ပြီး ဆားဘဲ ဥ အနှစ် ကို ယူပြီး အတုံးလေးတွေ ကို အသားနယ်ထားတဲ့
အလုံး လေးပေါ် တင် ပါ မယ် ပြီးရင်  steamer  ထဲမှာ ၁၅မီနစ်လောက် ပေါင်း လိုက်ပါ






                                ဒါဆို စားလို့ ကောင်းတဲ့ အသားပေါင်း လေး ရပြီနော်

Monday, March 26, 2012

ကြက်ကင်လေး နဲ့ တူ တဲ့ ကြက်ကြော် စားရအောင်



 ပထမ ကြက် ကီလိုဝက် နီးပါးလောက်ကို ဟင်းချက် ဝိုင် တဇွန်း ခရုဆီ ပဲငံပြာရည်အကြည် အသားမှုန့် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး နာရီဝက် လောက်ထားလိုက်ပါ


ပြီးရင် ဆီ အရမ်းမပူ ခင်မှာ ထည့်ကြော် လိုက်ပါ ပုံပါအတိုင်း ရဲရဲ လေးများ ဖြစ် သည် အထိ ကြော်ပါ





                              စားကောင်းတဲ့ ကြက်ကင် နဲ့ တူ တဲ့ ကြက်ကြော်လေး ရပါပြီ

Sunday, March 25, 2012

Stir fry pork belly with Soya Bean sprouts ချက်ကြရအောင်




ပထမဝက်သား သုံးထပ်သား 300 gm, ခရုဆီ  1tbsp,light soya sauce 1tbsp,dark soya sauce 1/2 tsp
chinese cooking wine အားလုံး ကို ဝက်သား မထူ မပါး လှီးထားတဲ့ အတုံးလေးများနဲ့ နယ်ပါမယ်




 ပုံ ပါပုလင်းလေး မှာ ထည့် ချက် ရန် အတွက် လို တဲ့   soya salted bean paste ပါ



ဆီ အနည်းငယ်မှာ ကြက်သွန် ဖြူ ဥနှစ်လုံးလောက် လှီးထားတာလေး များကို ဆီသတ်ပြီး soya salted bean paste လေး လဲ၁ဇွန်းလောက် ထည့် ဆီသတ်ပါ
     ဝက်သားကို ပါ ကြော်ပါမယ် အနားလေးများရဲ သည်အထိဟိုဘက် ဒီဘက် လှန် ပြီး ကြော်ပါမည်






 ပြီးရင် ပုံ ပါအတိုင်း ဝက် သားကို နူး ရန် ရေ လက်ဖက် ခွက် တဝက် လောက် ထည့်လိုက် ပါမယ်




ငရုတ်သီး အစိမ်း အလတ်တောင့် ၂တောင့် ရယ် ငရုတ်သီး အသေး အစပ် တောင့် နှစ်တောင့်လဲမထူးမပါး
    လှီးထည့်လိုက်ပါ ဝက် သား နူးပြီး အရည် စပ်စပ်လေး ကျန် တဲ့ အချိန် မှာ ပဲပင်ပေါက်ကို ထည့်လိုက်ပါ


 ပြီးရင် ၁မီနစ်လောက် အတွင်းချလိုက် ရင် စားလို့ ကောင်း တဲ့ ဝက်သား ပဲပင် ပေါက် ကြော်လေး ရပါပြီ