Friday, June 29, 2012

ညှပ်ခေါက်ဆွဲ မြန်မာ ကြော်လေး ကြော်စားရအောင်



ညှပ်ခေါက်ဆွဲ မြန်မာ ကြော်လေး ကြော်စားဖြစ် ပါတယ် ဒီတခါလဲ အဆင့်ဆင့်မရိုက် လိုက် နိုင်ပါဘူး
ညှပ်ခေါက်ဆွဲ ကြော်စားရန်လို အပ် သည့် ပစ္စည်းများ
ညှပ်ခေါက်ဆွဲ ၂၀၀ဂရမ်
ပုဇွန် အမှီး ချန် ၄ကောင်
ပဲပင် ပေါက် လက်တစုပ်စာ
မုန့် ညှင်းစိမ်း နှစ်ပင်
ခရမ်းချဉ်သီး တလုံး
ကြက်သွန်နီ တဥ
ဆီ အနည်းငယ်
ကြက်ဥတလုံး
ငံပြာရည်အနည်းငယ်
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဇွန်း

ပထမ ကြက်သွန် နီ လှီးထားတာ နဲ့ ခရမ်းချဉ်သီး လှီးထားတာကို ဆီ အနည်းငယ်ထဲမှာ ထည့်ကြော်
ပါ ပြီး ရင် ညှပ် ခေါက်ဆွဲ ထည့်ပါ ရေ လေး အနည်းငယ်ဖြန်းလိုက်ပါပြီးရင် ပုဇွန် ထည့်ပါ
အရသာ ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် နဲ့ ပဲ ငံပြာရည် အနောက် ထည့်ပါ
မုန့် ညှင်းစိမ်း ထည့် ပြီး ရင် ကြော်ထားတာများကို တဖက် တွန်း ပြီး ကြက်ဥ ခေါက်ထားတာထည့်လိုက်ပါ
ကြက်ဥ ကြက်လောက် ရင် ရောမွေလိုက်ပါ ချခါနီးမှာ ပဲပင်ပေါက်ထည့်ပါ ပဲပင်ပေါက် နဲနဲ နွမ်းသွားရင်
မီးပိတ်လိုက်ပြီး သခွားချဉ်လေး နဲ့ တွဲစားရင် စားကောင်းလို့ 

2 comments: