Showing posts with label သရေ စာ လေးများ. Show all posts
Showing posts with label သရေ စာ လေးများ. Show all posts

Wednesday, September 19, 2012

ကြက်သား ပဲ ရည် သုတ် လေး လုပ်စားရအောင်


ကြက် သား ပဲ ရည် သုတ် လေး လုပ် စား ဖြစ် ရ တဲ့ အကြောင်း ကတော့ သမီးကြီး က FB မှာကျွန်မ သိတဲံ
ညီမလေး တယောက် ရဲ cooking album ကြည့်ပြီး သူ စား ချင် တဲ့ အကြောင်း အမေ ကို ပြောလို့ 
ကျွန်မ လဲ မလုပ်ဖြစ် တာ ကြာ တဲ့ ကြက်သား ပဲ ရည် သုတ် လေး လုပ်စား ဖြစ ပါတယ်
စားလို့ ကောင်းလို့ လုပ်နည်း shrare လိုက်တာ ပါ

                                                  ကြက်သား ပဲ ရည်သုတ် လုပ်စား ရန် လိုအပ်တဲ့ပစ္စည်းများ


ကြက်ခြေ ထောက် ၃၀၀ဂရမ်
ကြက်တောင်ပံ ၂၅၀ ဂရမ်
ကြက်အမြစ် ၂၀၀ ဂရမ်
မဆာလာအနံပါတဲ့ စနွမ်း လက်ဖက်ဇွန်း တဇွန်း မောက်မောက်
ဆား လက်ဖက် ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်သား အမှုန့် အနည်းငယ်
ဂျင်း လက်တဆစ် လောက် ကို အပြား လေးများ လှီး ထားပေးပါ
ပူစီနံ လက်တစုတ်
ကြက်သွန် အနီ နှစ်လုံး
ငရုတ်သီး စိမ်း ၅တောင့် ၆တောင့်
ငရုတ်သီး ခြောက် ထောင်းပြီး သား လေးကို ဆီ လေး နဲ့ အနည်းငယ်ချက်ထားတဲ့ ငရုတ်သီးကြော်
ကုလားပဲ မှုန့်  ပန်းကန်လုံးအသေး တလုံး နီး ပါ ရေနဲ့ ဖျော်ထားပါ အရသာနည်းနည်း ထည့်ပါ
                                       

                                       လုပ်နည်း

ပထမ ကြက်ခြေထောက် ကို သန့် သန့် ရှင်းရှင်း လုပ်ပြိး ဆနွင်း နဲ့ နယ် ပြီး တော့ဆားထည့်နယ် ပြီး
မီနစ် ၃၀ကျော် လောက် ထားလိုက် ပါ ပြီး မှ ကြက်တောင်ပံကို ထည့် ပြီး တည် ပါ အဖုံး အုပ်ပြိး တည်ပါ
နောက် ထပ် မီနစ် ၂၀ကျော် ထပ် တည်ပြီး မီး ပိတ်ပြီး ရင် အဖုံး လေး အုပ်ထား လိုက် ပါ
အသဲ အမြစ် ကို တခြား အိုး တလုံးနဲ့ တည် ပါမည် သူကို လဲ မဆာလာ အနံပါတဲ့ ဆနွင်း ရယ်ဆား ရယ် နဲ
နယ်ပြီး ပြုတ် ထား ပါ သူ က မီနစ် နှစ်ဆယ်လောက် ဆို နူး ပါပြီ

ဒါဆို ကြက်ခြေထောက် ကြက်တောင်ပံများ ကို ဆယ်ထားပါ ကြက်အသဲမြစ် ကို လဲ ဆယ်ထည်း ပါ
ပြိး ရင် ကြက်ခြေတောက် ကြက်တောင် ပံ ပြုတ်ထားတဲံ အိုး ထဲ ကိုပဲမှုန့် ဖျော်ထားတာ ကို လောင်းထည့်ပါ
အောက်မှ ပြထားတဲ့ပုံအတိုင်းပြစ်ပြစ် လေး ဖြစ် လာပါမယ် အရသာ ထည့်ပြိး ဆူ ရင် မီးပိတ်လိုက်ပါ
ဒါဆို တပွဲ စာပြင်ပါမယ် လှီးထားတဲ့ ကြက်အမြစ် များ ကြက်တောင်ပံ အရိုး  ထုတ်ထားတဲ့ အသားလေးများကြက်ခြေထောက် ရယ် အားလုံးကို ထည့်ပြိး ဂေါ် ဖီလှီးထားတာရယ် ကြက်သွန်ရယ် ငရုတ်သီး ကြော် ငရုတ်သီး စိမ်း အနည်းငယ် အားလုံးရောပြီး ရင် ပဲ ရည် ပူပူ ကို လောင်းထည့် လိုက်ရင် စားကောင်းတဲ့ ကြက်သား ပဲ ရည် သုတ် ရပါပြီ

 
ပုံ မှာ ပြုတ်ပြီး သား ကြက်ခြေ ထောက် ရယ် ကြက်အသဲ အမြစ် ရယ် ကြက်တောင်ပံ


              အောက် ပုံမှာ  သုတ် ဖို့ အဆင် သင့်ဖြစ် ပါပြီ


ပဲမှုန့် ထည့်ဖျော် ပြီး တော့ ပုံပါအတိုင်း အရည် ပြစ် ပြစ် ဖြစ် အောင် ချက် ပါ


Sunday, August 19, 2012

ကြက်ဥ ပေါင်မုန့်  ကြော်စားရအောင်


ဒါလေး က တော့ ညနေစာ ခေါက်ဆွဲ ပြုတ် သောက် ပြီး တဲ့အချိန်မှာ အချို စားချင်တာ နဲ့ ထလုပ်လိုက်တဲ့
ကြက်ဥ ပေါင်မုန့် ကြော် လူတိုင်း ကြော်တတ်မှာပါ ဒါပေမဲ့ အခု လို ကိုယ်တိုင် လုပ် blue berries jam လေး နဲ့ တွဲစားတာ ကောင်းလို့ 


                                          ကြက်ဥ ပေါင်မုန့် ကြော်ရန် လို အပ်တဲ့ပစ္စည်းများ

              ပေါင်မုန့်  ၄ချပ်
              ကြက်ဥ အကြီး နှစ်လုံး
              သကြား စားပွဲတင်ဇွန်း တဇွန်း
               နို့  စားပွဲတင်ဇွန်း ၃ဇွန်း
              ဆီ အနည်းငယ်


                                         လုပ်နည်း


              ပထမ ကြက်ဥနှစ်လုံးကို ဖေါက်ပြီး သကြား နို့ အားလုံးနဲ့ ဖျော်ထားလိုက် ပါ ပြီး ရင် ပေါင်မုန့် တချပ် ချင်းစီ နှစ် ပြီး ကြော်ပါ။

ဒယ် အိုး အပြားမှာ ဆီကိုသုတ် ရုံလောက်ပဲ ထည့်ပြီး ပေါင်မုန့်  ထည့်ကြော်ပါ ကြက်ဥကြက် ရင် ဟိုဘက် ဒီဘက် လှန်ပါ တခုပြီး သွားတိုင်း ဆီ ကုန်ရင် ဆီနဲနဲ ထပ်သုတ်ပြီး ကြော်ပါ
ပြီး ရင် strawberries ,blue berries တခုမဟုတ် တခု လက်တစုတ်လောက် ကို သကြားလက်တဆုတ်လောက် နဲ့ မီးအေးအေး နဲ့ ချက်ပါ အသီး လေးများ ပျော့လာရင်ချလိုက်ပြီး ပေါင်မုန့် ကြော် နဲ့ တွဲစားပါ ။

Tuesday, June 19, 2012

Korean Potato Pancake လုပ်စားရအောင် နော်


Korean Potato Pancake လေးလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ
အားလူး အခွံနွာ ပြီး ၄လုံး
ငရုတ်သီး အရှည် အပွတောင့် တတောင့်
ကြက်သွန် ခပ်ရွယ်ရွယ် ၁ဥ
ကြက်ဥ တလုံး
ဂျုံ စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်မိတ် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်းအနည်းငယ်
အသားမှုန့် အနည်းငယ်


ပုံတွင် ပြထားသိအတိုင်း အားလူးကို ခြစ်တံ အပေါ်ဆုံးဟာလေး နဲ့ခြစ်လိုက်ပါ






ခြစ်လို့ ရတဲ့အားလူးများကို ရေ ဆေးပြီး ရေ ညှစ်ပြီး ရေစစ်ထားလိုက်ပါ





ပြီးမှ ပါးပါးလှီး ထားတဲ့ ကြက်သွန် ဥ ကြက်သွန်မိတ် ငရုတ်သီး အရှည်တောင့်တို့ ကို ဂျုံ အာလူး
ကြက်ဥ တို့ နဲ့ ရော နယ်ပါဆား ငရုတ်ကောင်း အသားမှုန့် တို့ ထည့်ပါ




နယ်ပြီးသားအာလူးကို ကို ခပ်ဝိုင်းဝိုင်းလေးများလုပ် ပြီး ဆီအနည်းငယ်ထည့်ထားသောအိုး
တွင် အိုးကပ်ကြော်ပါ





ဟိုဘက်ဒီဘက်လှန် ပြီး နှစ်ဖက် လုံးကြက်သွား လျှင် sauce လေးနဲ့ တွဲစားရင် စားကောင်းလို့ 



Sunday, June 17, 2012

ဒီနေ့ တော့မနက်စာ ပေါင်မုန့် ကြက်သွန်နီ ငရုပ်ပွကပ်ကြော်လေးကြော်စားရအောင်


ခင်ပွန်း ခရီးထွက် သွားတော့ မနက်စာကို heavy breakfast မလုပ်စားပဲ လွယ်လဲ လွယ် စားလို့ လဲ
ကောင်းတဲ့ ပေါင်မုန့် ကြက်သွန် ငရုတ်ပွကပ်ကြော်စားဖြစ်ပါတယ်

လိုအပ်တဲ့ပစ္စည်းများ
wholemeal bread ၄ချပ်(ကျွန်မကတော့ ပေါင်မုန့် ဖြူ နဲ့ ပဲကြော်စားလိုက်ပါတယ်။
ငရုတ်ပွ အနီ ခပ်ရွယ်ရွယ်၁တောင့်
ငရုတ်ပွ အစိမ်း ခပ်ရွယ်ရွယ်၁တောင့်
ပုဇွန် ၅ကောင်လောက် ကို အတုံးခပ်ရွယ်ရွယ်လှီးထားပါ
ကြက်သွန်မိတ်နည်းနည်း
ငရုတ်ကောင်းနည်းနည်း
ဆား နည်းနည်း
အသားမှုန့် နည်းနည်း
ကြက်ဥ နှစ်လုံး
ကြက်သွန်နီ အလုံးခပ်ရွယ်ရွယ် တလုံးကို အတုံးသေးသေးလေးများလှီးလိုက်ပါ
အိုးကပ်ကြော်ရန် ဆီ အနည်းငယ်



ပုံပါအတိုင်း ပေါင်မုန့် မှလွဲ ပြီး ကျန်တာ များကိုရော ဖျော်လိုက်ပါ





ဆီကို အိုးကပ်လောက်ပဲ ထည့်ပြီး အိုးထဲကို ပေါင်းမုန့် အရင်ထည့်ပါ ပြီး မှ ကြက်ဥ ဖျော်ရည်
ထည့်ပြီး ကြော်ပါ ပုံပါ အတိုင်း ဟိုဘက် ဒီဘက် လှန်ပြီး ကြက် ရင် ချ လို့ ရပါပြီ
ဒါဆို သိတ်မခက် ပဲ စားလို့ ကောင်းတဲ့ မနက်စာလေး ရပါပြီ။




Monday, May 28, 2012

အားလူး ပုဇွန်လိပ်ကြော်



ရန်ကုန်ပြန်တော့ ရွေဘဲ မှာ စားခဲ့ ရတာ လေးကို ကြည့်ပြီး ကြော်ကြည့်တာပါ

အာလူး ပုဇွန်လိပ်ကြော် အတွက် လို အပ်တဲ့ပစ္စည်းများ(၁၅ခုစာ)
အား လူး ခပ်ကြီး ကြီး တလုံးခွဲလောက်
ပုဇွန် ခပ်ရွယ်ရွယ်လေးများ အကောင် ၁၅ကောင်လောက်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်

ပထမ ပုံပါအတိုင်း အားလူးကို အခွံ နွာ ပြီး ခပ်ပါးပါး လေး ခြစ်လိုက်ပါ
ပုဇွန်ကို အခွံနွာ ပြီး အသားမှုန့် ဆား နဲ့ နယ်ပါ







ပြီး ရင် ပုံ ပါအတိုင်း ပုဇွန် ကို အားလူးထဲ ထည့်လိပ် ပါ ပြီးရင် သွားကြားထိုး ထံလေး နဲ့ ထိုးပြီး ဆီပူပူ
မှာ ကြော် ပါ စားလို့ ကောင်းတဲ့ အားလူး ပုဇွန်လိပ်ကြော်လေး ရပါပြီ။



Saturday, April 28, 2012

ရေမုန့် လေး လုပ်စားရအောင်


ဒီနေ့ ရေမုန့် လုပ်စားပါတယ် ရေမုန့် လုပ်စား ဖို့ အတွက် ပထမ FB က အမ တွေ ညီမတွေလုပ်ထား
တာများကို ကြည့်ပြီး ကိုယ် ဟာကိုယ် နည်း နည်း ထပ်ထည့်ချင်တာလေး တွေ ထည့်ပြီး စမ်းလုပ်ပါတယ်
တခါလုပ်ဘူးပါသေးတယ် ဒီတခါ ပို အဆင်ပြေလို့  share လိုက်တာပါ
ရေမုန့်  ၆ခု စာ လုပ်ရန် ပစ္စည်း များ
ဆန်မှုန့်  ဆန် ချင်ခွက် တခွက် မောက်မောက်
ကောက်ညှင်း မှုန့် စားပွဲတင်ဇွန်း ၂ဇွန်း
ဂျင်း လက်တဆစ် ကို ခြစ်ပြီး ထည့်ပါ
ရေ500ml
ဆား ဆိုဒါ လက်ဖက်ရည်ဇွန်း တဝက်
ဆား လက်ဖက်ရည်ဇွန်းတဇွန်း
အသားမှုန့်  လက်ဖက်ရည်ဇွန်း တဝက်
အားလုံးကို ဖျော်လိုက်ပြီး ရင် ၁နာရီလောက်ထားလိုက်ပါ။

ပဲပြုတ်တဆယ်သား ခန့် 
ကြက်သွန် မိတ် ၆ပင် ကိုသေးသေးလေး များလှီးထားပါ ပုံပါအတိုင်း
ဆီ ပန်ကန် လုံး အသေးတလုံးလောက်

ပုံပြအတိုင်း ရေမုန့် လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ




ဒယ် အိုး အပြား ကို ဆီ သုတ် ပြီး ဆီ နည်းနည်း ထည့်ပြီး မီး နဲ့ တည်လိုက်ပါ




ဖျော် ထားတဲ့ အရည် ကို ယောက်ချို တဇွန်း ခွဲ လောက် ထည့် လိုက်ပါ အိုး ကို ကိုင်ပြီး ဖြန့် ပြန့် နိုင် သလောက် ပြန့် အောင် ဖြန့် ပါ ပြီး ရင် အပေါ်မှာ ဆီနည်းနည်း ချင်းဆီ ထည့်ပြီးထပ်ဖြန်း ပါ ဆီ မဖြန်း ပါက
အနားများ မကျွတ်နိုင် ပါ ဆီဖြန်း ပြီး အုပ်ထားချင်လဲ ရပါတယ် အထဲက အဖြူ ရောင် လေး များ ကျွတ်သည်အထိ ထား ပါ ဆီ နည်းနည်း ထပ်ဖြန်း ရင် ကျွတ် လာပါတယ် တခုကို လုပ်တာ ၅မီနစ်လောက်
အိုး မှာထားရပါတယ်





ပုံပါ အတိုင်း အနားများ ကြွပ် လာရင် ခေါက်လိုက် ပါ မီးဖို ပေါ် တမီနစ်လောက်ထပ်ထားပြီး ရင် စားကောင်းတဲ့ ရေ မုန့် လေး ရပါပြီ။








Tuesday, April 24, 2012

ပေါင်မုန့် အသားညှပ် ကပ်ကြော် ကြော်ဘူး ပြီးသာ လေး ပါ



ကြော်နည်း အဆင့်အဆင့်ကိုနောက်တခါလုပ်စားမှပဲ ရိုက်ပြတော့မယ်နော်

ပေါင်မုန့် အသားကပ်ကြော်ရန်လို အပ်တဲ့ ပစ္စည်းများ

ပေါင်မုန့်  ၆ချပ်
ကြက်သား mince 100gm
ကြိုက်ရာမှို အနည်းငယ်(ကျွန်မ ကတော့ white button mushroom ၃ခုလောက်လှီး ထည့်ပါတယ်)
ကြက်သွန် အနီ ခပ်ရွယ်ရွယ် နှစ်လုံး
ကြက်သွန် မိတ် ၂ပင် ၃ပင်လောက်
နှမ်းဆီ လက်ဖက်ရည်ဇွန်း တဇွန်း
ကြက်ဥ နှစ်လုံး

ပထမ ကြက်သား mince ကို ဟင်းချက်ဝိုင် စားပွဲတင် ဇွန်း တဇွန်း ခရုဆီ အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်တို့ နဲ့နယ်ထားလိုက် ပါ။

 မှို ကြက်သွန်အနီ နှစ်ဥ  ကြက်သွန်မြိတ်၂ပင် အားလုံးကိုပါးပါးလှီးထားပြီး ပထမဒယ်အိုးထဲမှာကြက်သားကိုအရင်ဆီနည်းနည်း(2tsp)နဲ့ ကြော်ပြီးမှို ကြက်သွန်နီအတုံးသေးလေးတွေကြက်သွန်ဖြူတို့ ထည့်ပြီး ကြက်သားmince ကျက်လောက်လျှင်ကြက်သွန်မိတ်ထည့်ပါအရသာကိုခရုဆီ ပဲငံပြာရည်အကြည်နှမ်းဆီအားလုံးကိုတဇွန်းဆီထည့်ပါ အသားမှုန့် လေးလည်းနည်းနည်းထည့်ပါတယ်  corn flour(1tsp)water( 1tsp)ကိုလည်းချခါးနီးမှာထည့်ပါ ချက်ပြီးသားအစာများကိုပုဂံတခုနဲ့ထည့်ထားလိုက်ပါ။


ပေါင်မုံကိုဘေးသားများလှီးထားပြီရင်တချပ်ထဲကိုအသားဖြန့် ထည့်ပါပြီးရင်နောက်တချပ်အုပ်လိုက်ပြီး ကြက်ဥ ၂ လုံး (ပေါင်မုံ၆ချပ်အတွက်)ခေါက်ထားတဲ့ထဲကိုနှစ်ပြီး ပေါင်မုံခြောက်ကပ်ပြီးဆီအိုးတွင်ရွေဝါရောင်သန်းသည်ဟိုဘက်ဒီဘက်လှန်လိုက်ပြီး ရင်ရပါပြီ မုန့် တခုကိုလေးခုဖြစ်အောင်အသေးလှီးလိုက်ပါ အချဉ်လေးနဲ့ တို့ စားလည်း စားကောင်း လို့  ။