Showing posts with label မြန်မာ ထမင်း ဟင်း. Show all posts
Showing posts with label မြန်မာ ထမင်း ဟင်း. Show all posts

Tuesday, July 3, 2012

ကြက်ကြော်သုတ်လေး သုတ်စားရအောင်



ဒီနေ့ တော့ ကြော်ပြီး သားကြက်ကြော် ကို သုတ်စား ပါတယ် သိတ်လဲမခက်လို့ ဓါတ်ပုံအဆင့်ဆင့်
မရိုက် လိုက်ပါဘူး
ကြက်ကြော် အတွက် လိုအပ်တဲ့ပစ္စည်းများ

အရိုးထုတ်ပြီးသား ကြက် ပေါင် သား ၃၀၀ဂရမ်
ပြောင်းဖူး မှုန့် အနည်းငယ်
ဟင်း ချက်ဝိုင် တဇွန်း
ပဲငံပြာရည် အကြည် တဇွန်း
အသားမှုန့် အနည်းငယ်
ကြက်သား အတုံး လေးများတုံးပြီး အားလုံး နဲ့ နယ်လိုက်ပါ
ပြီး ရင် ဆီပူပူ တွင် ကြော်ပါ အနားရဲသည့် အထိကြော်ပါ

ကြော်ပြီး သာ ကြက်များကို အအေးခံပြီး
ဂျပန်သခွား သီး တလုံးပါးပါးလှီး
ခရမ်းချဉ်သီး ခပ်ရွယ်ရွယ် တလုံး
ကြက်သွန်နီ ၁ဥ ပါးပါးလှီး ကျွန်မ ကြက်သွန် နီကုန်လို့ မထည့်လိုက်ရပါဘူး
ငံပြာရည် အနည်းငယ် အသားမှုန့် အနည်း ငယ် သံပုရာသီး တို့ နဲ့ သုတ် စားရင် စားလို့ ကောင်း တဲ့
ကြက်ကြော်သုတ် ရပါပြီ။





Wednesday, May 30, 2012

ဘဲသား ဟင်း နူးနူး လေး ချက် ကြရအောင်


ကြက်သား ဟင်း ချက် နည်းက ဘာမှမဟုတ်ပေ မဲ့ ဘဲသား ကြတော့ နဲနဲ လေး ခက်မလား လို့ ချက် နည်း
လေး ရှယ်လိုက်တာပါ တကယ်လဲစားကောင်းလို့ ပါ


ဘဲသား ဟင်းချက် ရန်လို အပ်တဲ့ပစ္စည်းများ
ဘဲတခြမ်းကို ခပ်ရွယ်ရွယ်တုံးထားပါ
ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ ခပ်ရွယ်ရွယ် ၃ဥ
ကြက်သွန်ဖြူ ၃ဥ
ဂျင်းလက်တဆစ်လောက်ကို အပြားလှီးပြီး
ငံပြာရည်အနည်းငယ်
ရှာလကာ ရည် စားပွဲတင်ဇွန်း ၃ဇွန်း
အသားမှုန့် အနည်းငယ်
ဆနွင်း မှုန့် အနည်းငယ်
ဟင်းချက် ငရုတ်သီး မှုန့်  စားပွဲတင် ဇွန်း မောက်မောက်



ပထမ ဘဲသားများကို ရှာလကာရည် ငံပြာရည် အသားမှုန့် တို့ နဲ့ နယ်ထားပြီး ၁၅မီနစ်လောက်ထားလိုက်ပါ




ပြီးရင် ပုံပါအတိုင်း ကြက်သွန် အနီအဖြူ ဂျင်း ထောင်းထားတာများကို ဆီသတ်ပါ ။







ပြီး ရင် ဘဲသားကို ထည့်လိုက် ပါ ရေ ကို ဘဲ သားများ ဖုံးတဲံ အထိ ထည့်ပေးလိုက်ပါ အရသာ အဖြစ်
ငံပြာရည် လေး နည်းနည်းထပ်ထည့်လိုက်ပါ။






ပုံ တွင် ပြသည့် အတိုင်း ရေထည့်ပါ ။





အဖုံး ဖုံး ပြီး တနာရီလောက် ချက် လိုက် ရင် ဆီ ပြန် သွား ပါပြီ စားလို့ ကောင်း တဲ့ ဘဲ သား ဟင်းနူး နူး
လေး ရ ပါပြီ ။






Friday, May 25, 2012

မကျီးရွက် ကြော်လေး ကြော်စား ရအောင်


ကျွန်မ တာဝန်မကျေသလို ဖြစ် နေတယ် အလုပ်များနေ လို့ ဟင်းများ မတင်ဖြစ် နိုင် တာခွင့်လွတ်ပါ
ဒီနေ့ တော့ ရန်ကုန်က ယူလာတဲ့ မကျီး ရွက် လေး ကို ကြော်စားဖြစ်ပါတယ် မကျီးရွက် မရ ရင်
မကျီးရွက် အစားကင်ပွန်းရွက် ကို လဲ ကြော်စားလို့ ရပါတယ်။

မကျီးရွက် ကြော်စားရန်လို အပ်တဲ့ပစ္စည်းများ
မကျီးရွက်  ၃၀၀ဂရမ်
ပုဇွန်ခြောက်မှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း တဇွန်း
ဆနွင်း မှုန့် အနည်းငယ်
ငံပြာရည် စားပွဲတင်ဇွန်း ၃ဇွန်း အပေါ့ အငံမြည်းပြီးထည့်ပါ
အသားမှုန့်  အနည်းငယ်
ငရုတ်သီး အကြမ်း မှုန့် (ငပိကြော်ရင်သုံးတဲ့ ငရုတ်သီး )စားပွဲတင်ဇွန်း မောက်မောက်တဇွန်း
ရေ 200ml
ကြက်သွန် အနီ ရွယ်ရွယ် နှစ်ဥ
ကြက်သွန်ဖြူ ၅မွာ
ဆီ စားပွဲတင် ဇွန်း ၄ဇွန်း ၅ဇွန်း


ပထမ ပုံ တွင် ပြထားသည့် အတိုင်း မကျီးရွက် ရယ် ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့်  ဆီ ကြက်သွန်
အဖြူ အနီ ထောင်းထားတာ ရယ်ရေ ရယ် ပုဇွန်ခြောက် ရယ်  တို့ ကို မီးဖို တွင် စတည်ပါ



၅မီနစ် ၆မီနစ် တည်ပြီး မွေ ပါ ပြီး ရင် ပုံပါအတိုင်း ငရုတ်သီး အကြမ်း မှုန့်  ကိုထည့် ပြီး ဆက်မွေ ပါ ဆီ လဲ
နည်းနည်းထပ် ထည့်ပေးပါ အရသာ အဖြစ် ငံပြာရည် အသားမှုန့် တို့ ထည့်ပါ







ပုံပါ အတိုင်း ရေ ခမ်း အောင် တည်ပါမည် ရေ များခမ်း ပြီး ခြောက် လာလျှင် မွေ နေပါ လုံးဝ ဆီလေး နဲ့ 
ခြောက်ခြောက် လေး ဖြစ် ရင် စားလို့ ကောင်းတဲ့ မကျီး ရွက်ကြော်လေး ရပါပြီ






Friday, May 18, 2012

သရက်သီး ငပိချက်လေး ချက်စားရအောင်


ရန်ကုန်က အပြန်မှာ မချစ်စု အစိမ်း အသီး များယူလာလို့  သရက်သီး ငပိချက်လေးချက်စားဖြစ်ပါတယ်
တခြား သရက်သီး အစိမ်း နဲ့ လဲချက်လို့ ရပါတယ်

သရက်သီး ငပိချက် ချက်စားရန်လိုအပ်တဲ့ပစ္စည်းများ
သရက်သီး ခပ်ရွယ်ရွယ် တလုံး
ငပိ အနည်းငယ်
ပုဇွန်ခြောက် စားပွဲတင် ဇွန်း ၄ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတဇွန်း
ဆနွင်း အနည်းငယ်
အသားမှုန့် အနည်းငယ်
ငံပြာရည် အနည်းငယ်


ပုံပါအတိုင်း သရက်သီးကို ဓါး နဲ့ ပေါက်ပြီးလှီး လိုက်ပါ




ဆီအနည်းငယ်ထည့်ပြီး သရက်သီး ပုဇွန်ခြောက် ငပိတို့ ကို ထည့် ကြော်ပါ





ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်း မှုန့်  ရေ အနည်းငယ်ထည့်လိုက်ပါ






သရက်သီး နွမ်းသည် အထိချက် ပါ ရေ လို ရင် လို သလို ထည့်ပါ
အရသာ ငံပြာရည် အသားမှုန့် ထည့်လိုက်ပါ
ဆီ လိုရင် နည်းနည်းထည့်ပြီး ခြောက်တဲ့ အထိ ချက် ရင် စားကောင်းတဲ့ သရက်သီး ငပိချက် လေး ရ
ပါပြီ။




Wednesday, May 16, 2012

ရန်ကုန်ရောက်တုန်း ကြော်စားခဲ့တဲ့ ငါးဖယ်ပုဇွန်ပြောင်းဖူးကြော်လေး


ငါးဖယ်ပုဇွန်ပြောင်းဖူးကြော် လိုအပ်တဲ့ပစ္စည်းများ

ရန်ကုန်ပြန်နေ လို့  ဟင်းများကို မတင်နိုင်တာပါ အခုရန်ကုန်မှာ ကြော်စားခဲ့တဲ့ဟာလေးကိုပြန်  share
လိုက်ပါတယ်
ငါး ဖယ် ခြစ် ၁၅၀ဂရမ်
ပုဇွန် အသေး အခွံနွာပြီးသား ၁၀၀ဂရမ်
ပြောင်းဖူး (sweet corn can ဗူး)ဗူး ရဲ့ သုံးပုံတပုံ
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်းတဇွန်း
ဆား အနည်းငယ် အသားမှုန့် အနည်းငယ်



ပုံပါအတိုင်း သုံးမျိုးလုံးကို တပုံ ဆီ ပုံ ထားပြီး




အားလုံးကို နယ် လိုက်ပါ





ပြီး လျှင် ဆီပူ ပူ တွင် ထည့်ကြော်ပါ ဒါဆို စားကောင်းတဲ့ ငါးဖယ် ပုဇွန်ပြောင်းဖူး ကြော်လေး ရပါပြီ





Wednesday, May 2, 2012

အားလူးကတ်တလိတ်ကြော်စားရအောင်


ခရီး သွား ဖို့  ပစ္စည်းများ မထည့်ပဲ မိတ်ဆွေ တွေကို ဒီနေ့ ကြော်စားဖြစ်တဲ့ အားလူးကတ်တလိပ်ကြော်
နည်း လေး ရှယ် လိုက်ပါတယ်

အားလူး ကတ်တလိတ် လုပ်ရန်လိုအပ်သောပစ္စည်းများ

အားလူးပြုတ်ပြိး သားအလုံးကြီး ၃လုံး
ဂျုံမှုန့်  ၇၀ဂရမ်
ပေါင်မှုန့် ခြောက် ၁၀၀ ဂရမ်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဂျပန်ငရုတ်သီးမှုန့် အနည်းငယ်
ကြက်ဥ တလုံး
ပထမ ပြုတ်ပြီး သား အား လူးကို ခြေပြီး နယ်ပါ


ပုံပါအတိုင်း အားလူးကို ဆား အသားမှုန့်  ဂျပန်ငရုတ်သီးမှုန့် တို့ နဲ့ နယ်ထားပါ

ပုံမှာ ဂျုံမှုန့် ရယ် ပေါင်မှုန့် ခြောက် ရယ် ကြက်ဥရယ် ကို ကြော်ဖို့ အဆင်သင့်လုပ်ထားတာပါ







အာလူးများကို ပုံပါအတိုင်း ပုံလေးများလုပ်လိုက်ပြီး ရင် ဂျုံမှုန့် နဲ့ လှိမ့် ကြက်ဥ နှစ် ပေါင်မှုန့် ခြောက် ကပ်ပြီး ရင် ဆီပူပူမှာ ကြော်လိုက်ရင် စားကောင်းတဲ့ အားလူး ကတ်တလိတ်လေးတွေ ရပါပြီ ။






Monday, April 30, 2012

ပဲပင်ပေါက် ကြက်သား သုတ်စားရအောင်


ခရီးသွားမှာ မို့  ဟင်း များ မုန့် များ မလုပ်နိုင် အောင် အလုပ်များနေလို့  ဒီနေ့ တော့ သိတ်လဲမခက်
စားလို့ လဲ ကောင်းတဲ့ ပဲပင်ပေါက် ကြက်သား သုတ် လေး သုတ်စားရအောင်နော်

ပဲ ပင် ပေါက် ကြက်သား သုတ်ရန် လို သော ပစ္စည်းများ
ပဲပင် ပေါက် ၂၀၀ဂရမ်
ကြက်သား ခပ်ရွယ်ရွယ် ၄တုံး
ငရုတ်သီး အကြမ်း မှုန့်  စားပွဲတင် ဇွန်း တဇွန်း
ကြက်သွန် ကြော်ပြီးသား စားပွဲတင် ဇွန်း တဇွန်း
ဆီ စားပွဲတင် ဇွန်း ၂ဇွန်း
သံပုရာသီး ၂စိပ်
အသားမှုန့် အနည်းငယ်
ငံပြာရည် အနည်းငယ်


ပထမ ပဲပင် ပေါက်ကို ဒယ်အိုး သို့ မဟုတ် ဟင်းချက် အိုး ထဲ မှာ ဘာမှမထည့်ဘဲ လှော် ပါ ငါးမီနစ်
လောက် လှော်လိုက် ရင် ပဲပင်ပေါက်များ နူး ပြီး အရည် များရ လာပါလိမ့်မယ် အသားမှုန့် လေး နဲနဲဖြန်း
လိုက်ပါ ပြီး ရင် ပြုတ်ထား တဲ့ ကြက်သားနွင် ပြီး သား နဲ့ ရောသုတ်ပါ ဆီ အနည်းငယ်ကို ပူအောင် လုပ်ပြီး
ရင်ငရုတ်သီး အကြမ်း မှုန့် ထည့်ပါ ပြီး ရင် အသုတ်ထဲကိုလောင်းထည့်ပါ အရသာ များ ထည့်ပါ သံပုရာသီး ညှစ် ငံပြာရည် ထည့်သုတ်ပြီး ကြက်သွန်ကြော် ဖြန်း ပြီး ရင် စားလို့ ကောင်းတဲ့ ပဲပင် ပေါက် ကြက်သားသုတ်
လေး ရပါပြီ။
ကြက်သား ကို ပြုတ်ရင် ဆနွင်း နဲ့ နယ်ပြီး ဂျင်း ငံပြာရည်တို့ ထည့်ပြီး နူးအောင် ပြုတ်ပါ။


Monday, April 16, 2012

ခရမ်း သီး ပုဇွန် ငပိချက် လေး ချက်ကြရအောင်


တနေ့ တနေ့  အလုပ်ရူတ်နေတာ နဲ့  ကိုယ့် ဘလော့ လေး မှာတောင် ဟင်း ပုံ မှန် မတင်ဖြစ် ဖြစ်နေ
တာ ခွင့် လွတ်ပါ  ဒီနေ့  တော့ချက် စားဖြစ် တဲ့ ခရမ်း သီး ပုဇွန် ငပိချက်လေး

လိုအပ် တဲ့ပစ္စည်း များ
 ခရမ်း သီး ခပ် ရွယ် ရွယ် ၄လုံး အရှည် ဆိုရင် ၂လုံး
ပုဇွန် ၂၀၀ဂရမ်
ပုဇွန် ခြောက် စားပွဲတင် ဇွန်း ၃ဇွန်း မောက်မောက် လောက်
ငပိ စိမ်းစား စားပွဲတင် ဇွန်း တဇွန်း
ကြက်သွန် နီ တလုံး ကြက်သွန်ဖြူ ၃မွာ

ပထမ ခရမ်း သီးကို တဝက် လှီး ပြီး ပုံ ပါအတိုင်း ဆီများများ နဲ့ ကြော်လိုက်ပါ
ကြော် နေစဉ် ဟိုဘက် ဒီ ဘက် လှန် ပေးလိုက်ပါ နှစ်ဖက် လုံး ကျက်ရန်



၃မီနစ်လောက် ကြော်ပြီးရင် ပုံ ပါအတိုင်း ဆီ စစ် ထားလိုက်ပါ ပြီးရင် ၁ခု ကို ၄ခု ဖြစ်အောင် လှီးထားလိုက်ပါ



ကြက်သွန် အနီ အဖြူ ကို ငပိကြော် သလို အရင် ကြောလိုက် ပြီးမှ ပုဇွန် ခြောက် ဟင်းချက် ငရုတ်သီးမှုန့်  ဆ
နွင်း ငပိတို့ ကို ထည့်ကြော်ပါ ငပိကြော်လေး လို ရရင် ပုဇွန် အခွံ နွာ ထားတာ မှားကို ထည့်လိုက် ပါ
အောက် ပုံမှာ ပုဇွန် ခြောက် ငပိတို့ ကို ဆီသတ်ထားတာပါ။




ပုဇွန် ထည့်ပြီး ရင် အရသာ အနေ နဲ့ ငံပြာရည် အသားမှုန့်  အနည်းငယ် ထည့်လိုက်ပါ
ပြီး ရင် ကြော်ထား တဲ့ ခရမ်း သီးလှီးပြီးသာများကို ထည့် ပါ မကြေအောင် မွေ ပါ ဒါ မှ ခရမ်းသီးပုံလေးလဲ
လှ ပုဇွန် လေး နဲ့ လဲ ရော ပြီးသာ ဖြစ် ပါမယ် ပုဇွန် လဲ ကျက် ခရမ်းသီး ထဲလဲ အရသာဝင် ပြီးဆို မီးပိတ်လိုက်ပါ စားလို့ ကောင်းတဲ့ ခရမ်းသီး ပုဇွန် ငပိချက်လေး ရပြီနော်



Sunday, April 8, 2012

ဒီနေ့ တော့ ကင်းပုန်း သီး ချက် လေး နဲ့  ကြက်ကုလားပဲ ချက် လေး အားလုံးလဲ ချက် တတ်မှာပါ



ပထမ ကြက် နဲ့ ကုလားပဲ အရင် ချက်ပါမယ် ကြက်တောင် ပံ သို့ မဟုတ် ကြက်သားအတုံး ၃၀၀ဂရမ် ကို
ကုလားမဆလာ သူတို့ မဆလာ မှာ ဆနွင်းမှုန့် ပါ ပြီးသာပါ အဲဒီမဆလာနဲ့ နယ် ပြီး ဆား အသားမှုန့် တို့ 
ပါ ထည့် နယ်ထားလိုက်ပါ ပြီး ရင် နာရီဝက် လောက် ထား ထားလိုက်ပါ အေးတဲ့ နေရာမှာ







ကုလား ပဲ ၁၅၀ဂရမ် လောက် ကို နူး အောင် ပြုတ် ထားပါ ပုံ ပါအတိုင်း အရည် ကျန် ပါစေ



ဆီ သတ် ပါမည် ငရုတ်သီး အရှည် အပွထောင့် အစိမ်းတောင့် နှစ် တောင့် လောက် ကို ပါးပါးလှီး ပါ ကြက်သွန် ဥနီ တလုံး ကြက်သွန် ဖြူ နှစ် လုံး ဟင်း ချက် ငရုတ်သီး မှုန့်  စားပွဲတင်ဇွန်း တဇွန်း တို့ နဲ့ မဆလာ
အနည်းတို့ ကို ဆီ သတ် ပြီး ပဲ ပြုတ် ရည် အိုးထဲ ထည့်ပါ




ပြီး ရင် နယ် ထားတဲ့ ကြက်သားကို လဲ ပဲ အိုး ထဲ ထည့်ပါ ရေ ၃၀၀မီလီလီတာလောက် ထည့်ပြီး တည်ထားလိုက် ပါ ကြက်နူး ရင် အရသာ မြည်း ပြီး မီး ပိတ် လိုက်ပါ ကြက်ကုလားပဲ ဟင်း ရပါပြီ



ကင်းပုန်းသီး ချက် ပါမည် ကင်းပုံသီး ၁၅၀ဂရမ် လောက် ကို ပုံ ပါအတိုင်း နဲနဲ ထုပါ ကြက်သွန် အဖြူ အနီ
အတုံးလေးများ လှီးထားပါ



ပုံ ပါအတိုင်း ဟင်းချက် ငရုတ်သီး မှုန့်  စားပွဲတင်ဇွန်း တဇွန်း ဆနွင်း အနည်းငယ်ကြက်သွန် အဖြူအနီ
ပုဇွန် ခြောက်မှုန့် စားပွဲတင်ဇွန်း ၃ဇွန်း ဆီ စားပွဲတင် ဇွန်း ၄ဇွန်း ရေ 100ml လောက် ထည့်ပြီး ချက်ပြီ
ငါးငံပြာရည် အသားမှုန့် ကို အရသာ အတွက် ထည့်ပါ



ဆီပြန် ကင်းပုန်းသီး နူး ရင် စား ကောင်းတဲ့ ကင်းပုန်း သီး ချက် လေး ရပြီ ကြက်ကိုလား ပဲဟင်းလေးနဲ့ အလိုက် မို့  ချက်စားကြည့်နော်


Thursday, April 5, 2012

ဒီနေ့ တော့ အားလုံး လဲ ချက်တတ်မဲ့ ကြက်ဟင်းခါးသီး လေး ချက် ဖြစ် ပါတယ်



ပထမ ကြက်ဟင်း ခါးသီး အသေး လေး ၆လုံး လောက် ကို အထဲ က အစေ့ များ ထုတ်ပြစ် ပြီး  အောက် ပုံ
  အတိုင်း အရွယ်လောက် လှီး ပြီး ဆား စားပွဲတင်ဇွန်း စာ လောက် နဲ့ နယ် ထား လိုက် ပါ ပြီး ရင် ခဏ ထား
ပြီး ရေ နဲ့  ဆေး ချပြစ်လိုက် ပါ ဒီ နည်း နဲ့  အခါးသက်သာ အောင် လုပ်တာပါ




ရေ များကို ညစ် ထည့် ပြီး ရင် ကြက် ဟင်း ခါးသီး ချက် ပါမည် ပုဇွန် ခြောက် မူန့် စားပွဲတင် ဇွန်း ၃ဇွန်း
မောက် မောက် ဟင်း ချက် ငရုတ်သီး မှုန့်  စားပွဲတင် ဇွန်း တဇွန်း မပြည့် တပြည့် ဆနွင်း လက်ဖက် ရည် ဇွန်း တဇွန်း နီးပါး လောက် ထည့် ငါးငံပြာရည် အသားမှုန့်  ကြက်သွန် တဥ အကြီး အတုံးသေးသေးလေး လှီး ထားတာများ ရယ် ကြက်သွန် ဖြူ ၂ဥ ပါးပါး အတုံးသေးသေးလေးများရယ် ကို ပုံပါအတိုင်း တခါထဲ ကြက်ဟင်းခါး သီး နဲ့ ရော ပါ ဆီ စားပွဲတင် ဇွန်း ၄ဇွန်း






ရေ အနည်း ငယ် ထည့်ပြီး တည် ပါ ပုံ ပါအတိုင်း





ပုံ ပါအတိုင်း ရေများ ခမ်း ပြီး ကြက်ဟင်းခါးသီးများ နွမ်း လာပြီး ဆီ ပြန်ရင် ရပါ ပြီ ရေ နဲ့ တည် ထား
တုံး ယောင်းမ နဲ့  ကြက် ဟင်း ခါးသီး များကို ခြေ ပေးပါ စားကောင်းတဲ့ ကြက် ဟင်း ခါးသီး ချက် လေး ရပါပြီ




Wednesday, April 4, 2012

ကြက်ခြေထောက် ချဉ်စပ် ပြုတ်သောက်ရ အောင် နော်






လို အပ် တဲ့ ပစ္စည်း များ
ကြက် ခြေထောက် ၄၀၀ဂရမ် ကြက် ခြေသည်းများကို ညှပ် ထားလိုက်ပါ။
ကြက် သွန်နီ ဥကြီး ၃ဥ ကို ၄စိပ် လှီးထားပါ
ဂျင်း ၁ပြား ၂ပြားလောက် ကို ပါးပါးလှီးထားပါ
အစပ် ကြိုက် သူများ ငရုတ်သီး စိမ်း ၇တောင့် လောက်
ယိုဒယား ငံပြာရည် စားပွဲတင် ဇွန်း ၃ဇွန်း အသားမှုန့် အနည်းငယ်
အားလုံးကို တခါထဲ နယ်ပြီး ရေ ၁လီတာ လောက် နဲ့ တည်လိုက် ပါ
ကြက်ခြေထောက် တော်တော်နူးသည့် အထိတည် ပါ
ရေ ကို မနူး ရင် နည်းနည်း ထည့်ပေးလိုက်ပါ
ချခါနီး လောက် မှာ နံနံပင်အုပ် လိုက်ပါ
ကြက်ခြေထောက် များ နူး အိရင် သံပုရာသီး ညစ် ထည့်ပြီး သောက် ပါ။



Wednesday, March 28, 2012

ပုဇွန် ငပိချက် လေး ချက်စားရအောင်



                            ပထမ ပုဇွန် 300gm ကို သန့် ရှင်းပြီး ငံပြာရည် လေး နဲ့ နယ် လိုက်ပါ


     ကြက်သွန်ဖြူ ဆီ သတ်ပြီး ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့် တို့ ထည့်ပါ ပြီးရင် ပုဇွန်ခြောက်ထည့်
  ငပိဇွန်းသေးတဇွန်းထည့် အသားမှုန့် လေး ထည့်ပါ ငပိကြော် သလို မျိုး ဖြစ်လာရင်



ပုဇွန် ထည့် ပါမယ် ပြီး ရင် ကြက် သွန် အကွင်းလှီးထား တာလေး များကို ထည့်ပါမယ် ပုဖွန် ကျက်
ကြက်သွန် ကျက်လောက် လျှင် ပဲ ဟင်း သို့ မဟုတ် ချဉ် ပေါင်းဟင်း ချဉ်ရည်ဟင်း များ နဲ့ တွဲစား ရင် စားလို့ ကောင်း လို့  လွယ် တဲ့ ဟင်းလေး ပေမဲ့ စားကောင်း လို့  share လိုက်တာပါ။