Friday, May 18, 2012

သရက်သီး ငပိချက်လေး ချက်စားရအောင်


ရန်ကုန်က အပြန်မှာ မချစ်စု အစိမ်း အသီး များယူလာလို့  သရက်သီး ငပိချက်လေးချက်စားဖြစ်ပါတယ်
တခြား သရက်သီး အစိမ်း နဲ့ လဲချက်လို့ ရပါတယ်

သရက်သီး ငပိချက် ချက်စားရန်လိုအပ်တဲ့ပစ္စည်းများ
သရက်သီး ခပ်ရွယ်ရွယ် တလုံး
ငပိ အနည်းငယ်
ပုဇွန်ခြောက် စားပွဲတင် ဇွန်း ၄ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတဇွန်း
ဆနွင်း အနည်းငယ်
အသားမှုန့် အနည်းငယ်
ငံပြာရည် အနည်းငယ်


ပုံပါအတိုင်း သရက်သီးကို ဓါး နဲ့ ပေါက်ပြီးလှီး လိုက်ပါ




ဆီအနည်းငယ်ထည့်ပြီး သရက်သီး ပုဇွန်ခြောက် ငပိတို့ ကို ထည့် ကြော်ပါ





ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်း မှုန့်  ရေ အနည်းငယ်ထည့်လိုက်ပါ






သရက်သီး နွမ်းသည် အထိချက် ပါ ရေ လို ရင် လို သလို ထည့်ပါ
အရသာ ငံပြာရည် အသားမှုန့် ထည့်လိုက်ပါ
ဆီ လိုရင် နည်းနည်းထည့်ပြီး ခြောက်တဲ့ အထိ ချက် ရင် စားကောင်းတဲ့ သရက်သီး ငပိချက် လေး ရ
ပါပြီ။




No comments:

Post a Comment