Showing posts with label dessert. Show all posts
Showing posts with label dessert. Show all posts

Saturday, September 1, 2012

Chocolate loaf လေး ဖုတ် စားရအောင်

 

ကျွန်မ ဒီရက်ပိုင်းတွေ မှာမုန့် ဖုတ်တာနဲ့  ဘာမှက မတင် ဖြစ် ပါဘူး FB မှာတင် ရင် လဲ ပုံလေးတွေပဲ တင်ဖြစ် လို့ လုပ်နည်း မရေး ရသေးတာရယ် တခုပြီး တခု စမ်းနေလို့  ဒါနဲ့ ပဲ ဒီနေ့ တော့ Marbled Chocolate loaf လုပ်နည်း လေး ရေးပေးလိုက်ပါတယ်။

Marbled Chocolate cake လုပ်ရန်လို အပ်တဲ့ပစ္စည်းများ
ထောပတ် ၁၀၀ဂရမ် room temperature
cake flour 90 gm
baking powder 1tsp
100 gm of caster sugar
1tbsp coco powder
orange juice 2tsp
orange zest 1tbsp (Orange အခွံကို ခြစ်ထည့်ပါ)
ကြက်ဥ နှစ်လုံး
1tbsp of milk


ပထမ ထောပတ် ရယ် သကြားရယ် Orange zest ရယ် အားလုံးကို မွေစက်နဲ့  ခရမ် ဖြစ်တဲ့ အထိမွေပါ
ပြီး ရင် ကြက်ဥခေါက်ထားတာထည့်ပြီး ထပ်မွေ ပါ ပြီးမှ ဇကာစစ်ပြီး ရောထားတဲ့ ဂျုံနဲ့  baking powder ကိုရောထားတာကို ထည့်ပြိး သစ်သား ဇွန်း နဲ့ မွေ လိုက်ပါ Orange juice ပါထည့်မွေပါ
အားလုံးရောသွားရင် ဂျုံနှစ် ကို နှစ်ခု ခွဲလိုက် ပါ တခုကို အဖြူ အတိုင်း ထားပြိး နောက်တခုကို
နို့နဲ့ ဖျော်ထားတဲ့coco powderအမှုန့် ရေ ကို ထည့်ရောပါ ဒါဆို အဖြူ ရောင် နဲ့ အညိုရောင် ဂျုံ နှစ် ရပြီနော် ပထမ Oven ကို ၁၈၀ ဒီဂရီထားပြီး ချိန်ထားပါ အလျား၇လက်မ အနံ ၂လက်မခွဲလောက် ရှိတဲ့
ကိတ်ခွက်ထဲမှာ ပထမ အဖြူအနှစ်ကိုတဇွန်းထည့် ပြီး ရင် အညိုရောင် အနှစ်ကိုတဇွန်းထည့် အဲလို မျိုး အနှစ်များ ကုန်တဲ့ အထိ ထည့်ပြီး ရင် ခရမ်း လေး နဲ့ မွေ လိုက် ပါ ရောသွားအောင် ပြီး ရင် ထည့်ပြီး ဖုတ်လို့ ရပါပြီ မီနစ် ၃၀လောက်ဖုတ်ပါ ကိတ်ကျက် မကျက်ကို သစ်သား အတံ သို့ မဟုတ် သွားကြား ထိုးတံ နဲ့ အလယ်လေးကို ထိုးကြည့်ပါ ဘာမှကပ် မပါလာရင် ရပါပြီ


ဖုတ်ပြီးသွားတဲ့ ကိတ် ပုံလေး






အနှစ် ကို တခုပြီးတခုထည့်ပြီးနောက်ဆုံးမှာ ခရင်းနဲ့ မွေလိုက်ပါမယ်။




Wednesday, August 29, 2012

Pancake လေးလုပ်စား ရအောင်



ကျွန်မ ဟင်းတွေမုန့် တွေ မတင် ဖြစ်တာ ကြာလို့  ခွင့်လွတ်ပါ ပေါင်မုန့် ကို ကြိုးစားပြီးလုပ်နေတာ ပေါင်မုန့် တခု ဖုတ်ဖို့ ရာ နယ်ပြီး နှပ်ထား ရတာ ၂နာရီ လောက် ပြီး ရင် ပုံလုပ်ပြီး တခါ ထပ်ထားရတာ ရယ် နဲ့ နေ့ တဝက်လောက် ကုန် သွား ရော ဒါနဲ့ ပဲ ကိုယ့် blog လေး မှာ ဘာမှမတင် နိုင် ဖြစ်နေတာ ဒီနေ့ တော့
Pancake လုပ်စားတာနဲ့ အပြေးအလွား ရေး လိုက်ပါတယ်

                                Pancake ၈ခု စာလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ

                         Self raising flour 100 gm
                         baking powder  1/4 tsp
                         melted butter 10gm
                         milk 100ml
                         1 small egg
                         sugar 30gm


                                     လုပ်နည်း


ပထမ ဂျုံ ရယ် baking powder သကြား အားလုံးကို အရင်ရောထားပြီးပါ ကြက်ဥ ရယ်နို့ ရယ် ကို ဖျော်ထားပါ ပြီး မှ နှစ် ခု လုံးကို ရောပြီး melted better ထည့်ပါ ပြီး ရင် ပြစ်ပြစ်လေး ဖျော်ပါ မကျဲ ပါစေနဲ့  အိုး ၂လက်မခွဲ အိုး သို့ မဟုတ် အိုး ပြား ကြီး နဲ့လဲ လုပ် လို့ ရပါတယ် အိုး အကြီး ဆို ၃ခုလောက် လုပ် လို့ ရပြီး အိုး အသေး ကတော့ပုံလှ ပြီး တခု ခြင်း ပဲ လုပ်လို့ ရပါတယ် ဖျော်ထားတဲ့ ဂျုံအနှစ် ကို စားပွဲတင်ဇွန်း နဲ့ ခပ်ပြီး လုပ်ပါ မုန့် တခု ကို
ဇွန်း၃ဇွန်း လောက် အနည်းဆုံးထည့်လုပ်ပြီး အိုးမှာ ထောပတ် သို့ မဟုတ် ဆီ အနည်း ငယ်ထည့်ပြီး လုပ်ပါ
အောက် တဖက် ကြက်ရင် လှန် ပြီး ၂မီနစ် ၃မီနစ်လောက်ထား ရင် ရပါပြီ ဒါဆို စားကောင်းတဲ့ Pancakeရပြီနော် ပျားရည် ရယ် whipping cream လေး နဲ့ တွဲစားရင် စားကောင်းလို့ 
  

ပုံမှာ အိုး အသေးနဲ့ လုပ်ထားတာပါ ကျွန် မ က ဒီတိုင်း အီ လို့ blue berries လေး ကို လုပ်တုန်းထည့်လိုက်ပါတယ်။


ရပြီနော် ပျားရည် ရယ် whipping cream လေး နဲ့ တွဲစားရင် စားကောင်းလို့ 