Thursday, April 5, 2012

ဒီနေ့ တော့ အားလုံး လဲ ချက်တတ်မဲ့ ကြက်ဟင်းခါးသီး လေး ချက် ဖြစ် ပါတယ်



ပထမ ကြက်ဟင်း ခါးသီး အသေး လေး ၆လုံး လောက် ကို အထဲ က အစေ့ များ ထုတ်ပြစ် ပြီး  အောက် ပုံ
  အတိုင်း အရွယ်လောက် လှီး ပြီး ဆား စားပွဲတင်ဇွန်း စာ လောက် နဲ့ နယ် ထား လိုက် ပါ ပြီး ရင် ခဏ ထား
ပြီး ရေ နဲ့  ဆေး ချပြစ်လိုက် ပါ ဒီ နည်း နဲ့  အခါးသက်သာ အောင် လုပ်တာပါ




ရေ များကို ညစ် ထည့် ပြီး ရင် ကြက် ဟင်း ခါးသီး ချက် ပါမည် ပုဇွန် ခြောက် မူန့် စားပွဲတင် ဇွန်း ၃ဇွန်း
မောက် မောက် ဟင်း ချက် ငရုတ်သီး မှုန့်  စားပွဲတင် ဇွန်း တဇွန်း မပြည့် တပြည့် ဆနွင်း လက်ဖက် ရည် ဇွန်း တဇွန်း နီးပါး လောက် ထည့် ငါးငံပြာရည် အသားမှုန့်  ကြက်သွန် တဥ အကြီး အတုံးသေးသေးလေး လှီး ထားတာများ ရယ် ကြက်သွန် ဖြူ ၂ဥ ပါးပါး အတုံးသေးသေးလေးများရယ် ကို ပုံပါအတိုင်း တခါထဲ ကြက်ဟင်းခါး သီး နဲ့ ရော ပါ ဆီ စားပွဲတင် ဇွန်း ၄ဇွန်း






ရေ အနည်း ငယ် ထည့်ပြီး တည် ပါ ပုံ ပါအတိုင်း





ပုံ ပါအတိုင်း ရေများ ခမ်း ပြီး ကြက်ဟင်းခါးသီးများ နွမ်း လာပြီး ဆီ ပြန်ရင် ရပါ ပြီ ရေ နဲ့ တည် ထား
တုံး ယောင်းမ နဲ့  ကြက် ဟင်း ခါးသီး များကို ခြေ ပေးပါ စားကောင်းတဲ့ ကြက် ဟင်း ခါးသီး ချက် လေး ရပါပြီ




3 comments:

  1. 1999 Plymouth Neon AC Compressor
    Thanks for this post its really interesting i bookmark your blog for future stuff like this..

    ReplyDelete