Showing posts with label အိန္ဒိယ အစားအစာ. Show all posts
Showing posts with label အိန္ဒိယ အစားအစာ. Show all posts
Monday, September 10, 2012
မိတ်ဆွေ တယောက် ဆီက ရတဲ့ နည်လေးပါ spinach အသေး ကို bean flour နဲ့ ကြော်ပါတယ်
ကျွန်မမိတ်ဆွေ တွေ နဲ့  gethering လုပ်တော့ အဲဒီအိမ်က ကျွေးတဲ့ ထဲမှာ ဒီမုန့် လေး ပါတော့
ကျွန် မ က ထုံစမ်း အတိုင်း အဲဒါလေး ဘယ်လို ကြော်တာ လဲ ဆို ပြီး မေး တော့ သူက စိတ်ရှည်လက်ရှည်လုပ်နည်း ပြောပြတော့ ကျွန်မလဲ စမ်းကြော်ကြည့်ပြီး စားကောင်းလို့ လုပ်နည်း လေး ရေးလိုက်တာ ပါ။
Spinach ပဲမှုန့် ကြော် ရန်လိုအပ်တဲ့ပစ္စည်းများ
Spinach အသေး တစီးကို တဝက်ဝက်ပြီး အရိုးကို လှီးလိုက်ပြီး အရွက်များကိုလက်တစစ် စာ လေးများဖြတ်ပြီး လှီး ထားပါ
ကြက်သွန်နီ တဥ ကို လဲအတုံးသေးသေးလေးများတုံးပါ
ငရုတ်သီး အစိမ်း အကြီးတောင့် ၂တောင့်ကို ပါးပါးလှီး ထားပါ
ပျဉ်တော်သိမ် ၈ရွက် လောက် ကို နှစ်ပိုင်းဆီလောက်ပိုင်းထားပါ
အရသာအတွက် ဆား လက်ဖက်ရည်ဇွန်း တဝက်ကြော်ကြော်
အသားမှုန့် လက်ဖက်ရည်ဇွန်းတဝက်ထည့်ပါ
bean flour ပန်းကန်လုံးတလုံး မောက်မောက် ကျွန်မကတော့မုန့် ဖုတ် တဲ့ 1cup 150ml နဲ့  ချိန်ပါတယ်။ ရေ 80ml လောက်
လုပ်နည်း
အပေါ် က ပါဝင်တဲ့ပစ္စည်း များ အားလုံးကို ထည့်ပြီး ပျစ်ပျစ်ဖျော် ပါ baking soda လက်ဖက်ရည်ဇွန်း
ရဲ့ ၄ပုံတပုံလောက် လေး ထည့်ပြီး နယ် ပါ အားလုံးနယ်ပြီး ရင် ဆီ ကိုတည်ပါ ဆီ ပူလာလျှင် ပုံတွင် ပြထားတဲ့ အတိုင်းကြော်ပါ
spinach ,ကြက်သွန် ရယ် ငရုတ်သီး ရယ် ပျဉ်တော်သိမ် ရယ် အားလုံးကိုလှီးထားတဲ့ပုံပါ
bean flour နဲ့ ပျစ်ပျစ် ဖျော်ထား တဲ့ ပုံ
ပြီး ရင် ဆီ ပူ ပူ တွင် ကြော်ပါ မယ်
Wet Market က India ဆိုင် က ဝယ်လာ တဲ့ bean flour ပါ
Thursday, June 7, 2012
ကြက်သားမဆလာဟင်းလေး နဲ့ ပန်းသေးခေါက်ဆွဲ ကြော်ရအောင်
ဟိုနေ့ က ကြက်သားမဆလာ ချက် ပြီးသွားတော့ အဲဒီ ကြက်သားဟင်းလေး နဲ့  ပန်းသေးခေါက်ဆွဲကြော်စားရအောင်နော်
လိုအပ်တဲ့ပစ္စည်းများ
ခေါက်ဆွဲ တပွဲ စာ
ခေါက်ဆွဲ အဝါ အစို ၃၀၀ဂရမ်
ဂေါ်ဖီ ခရမ်းချဉ်သီး မုန်လာဥနီ အနည်းငယ်ဆီ
ပဲငံပြာရည်အနောက် အနည်းငယ်
မဆလာအနည်းငယ်
ကြက်သားမဆလာ ဟင်း ကြက်သားတုံး နှစ်တုံး နဲ့  ကြက်သား ဟင်းရည် ပန်းကန်လုံးတလုံး
ပထမ ပုံပါအတိုင်း ဆီအနည်းငယ် နဲ့ အသီးအရွက်များကိုကြော်ပါ
အရွက်များနဲ နဲ နွမ်းလာလျှင် ပဲငံပြာရည်အနောက် နဲ့ နယ်ထားတဲ့ခေါက်ဆွဲ ကိုထည့်ကြော်ပါ
ပြီး ရင် ပုံပါအတိုင်း နှစ်မျိုးလုံးကိုရောမွေ ရောပါ ပြီး ရင် ကြက်သား အရည် ထည့်ကြော် ပါ
ခေါက်ဆွဲ ကြော်နေ ချိန်မှာ မဆလာအနည်းငယ်ဖြူးပေးပါ ။
ခေါက်ဆွဲ များကိုဘေးလို့ နဲ နဲ တွန်းပြီးရင် ကြက်ဥဖေါက်ကြော်လိုက်ပါ ပြီးမှ ကြက်သားတုံးတင်ပြီး အရည်ရွဲရွဲ အချိန်မှာ ချပါ စားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပါပြီ အချဉ် သို့ မဟုတ် ငရုတ်မှုန့် ဖြူး ပြီးစားပါ ။
Sunday, June 3, 2012
ကြက်သား ပလာတာလေး ချက်စားရအောင် နော်
ကျွန်မ မှာတာဝန်မကျေသလို ဖြစ် နေတာ ဟင်းတွေချက် ပြီး သိတ်မတင်ဖြစ်လို့ ဒီနေ့ တော့
မောင်လေး လင်မယားလာလည်မယ်ဆိုတာနဲ့ ကြက်သားပလာတာ ချက်ဖြစ် ပါတယ်။
ကြက်သား မဆာလာဟင်းချက် ရန်လို အပ်သော ပစ္စည်းများ
ကြက်သား 1Kg
မဆလာ စားပွဲတင်ဇွန်း တဇွန်း
ကရဝေးရွက် အနည်းငယ်
ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတဇွန်း
ဆနွင်းမှုန့် အနည်းငယ်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ကြက်သွန် နီ အနီဥ ကြီး တဥ
ကြက်သွန်ဖြူ ၃မွာ
ဂျင်းလက်တဆစ်
ပထမ ကြက်သား ခုတ်ပြီးသားများကို မဆလာ ဆား အသားမှုန့် များ နဲ့ နယ်ထားလိုက်ပါ
ပြီး ရင် ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းထား ရယ် ကရဝေးရွက် ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့် 
အားလုံးကို ဆီ အနည်းငယ် နဲ့  ပုံပါအတိုင်းဆီသတ်ပါ ပြီး ရင် ကြက်သား ထည့်ပြီး ရေ ကို ကြက်သားမြုပ်အောင် ထည့်လိုက်ပါ အပေါ့အငံ ကိုကြည့်ပြီးထပ်ထည့်ပါ
၄၅မီနစ်လောက် တည်ပြီး ရင် ဆီပြန် ရေ ကျန် အချိန်လောက် မှာချလို့ ရပါပြီ frozen ပလတာကို အိုးထဲတွင် ဆီအနည်းငယ်ထည့်လိုက်ပြီး ကြက်သားဟင်း လေး နဲ့ တွဲစားရင် စားကောင်းလို့ 
Wednesday, April 11, 2012
ဂဏန်း မဆာ ချက် လေး ချက် ရအောင်
ဂဏန်း မဆာ လာချက် ရန် ဂဏန်း ၃ကောင်ကို အခွံ ခွာပြီး ရင် သံပုရာ သီး နဲနဲ ညှစ် လိုက်ပါ မချက်ခင်
ပြီး ရင် ပုံ ပါအတိုင်း ငရုတ်သီး အစိင်္မး ၂တောင့် လောက် ကြက်သွန် နီ တလုံး ကြက် သွန် ဖြူ ၂လုံးတို့ ကို
blander လေး နဲ့ ကြိတ် လိုက်ပါ ခရမ်း ချဉ်သီး အနှစ် ၂ဇွန်း တို့ ကို အဆင် သင့် လုပ်ထားပါ
ဆီ သတ်ပါမယ် ပုံပါအတိုင်း ဆီ အနည်းငယ်ထည့်ပြီး ဟင်းချက် ငရုတ်သီး မှုန့်  ၁ဇွန်း မဆလာ ၂ဇွန်းတို့ နဲ့ 
ကြိတ်ထားတဲ့ ကြက်သွန် ရယ် ခရမ်းချဉ်သီး အနှစ် တို့ ကိုဆီ သတ် ပါ။
ပြီး ရင် ဂဏန်းထည့်ပြီး ရေ 200ml လောက် ထည့်ပြီး ဖုံးထားလိုက် ပါ အရသာကိုဆား နဲ့  အသားမှုန့် ထည့်ပါ
၁၀မီနစ်လောက် တည် ပြီး ရင် ဂဏန်း ဟင်း ကျက် ပါပြီ ဒါဆို စားကောင်းတဲ့ ဂဏန်း မဆာလာချက်လေး ရပြီနော်
Saturday, March 24, 2012
ပုဇွန် မဆလာချက် ရအောင်
ပထမ ပုဇွန် ၇နှစ်ကောင် ၈ ကောင်ကို အခွံခွာ သန့် ရှင်း ရေးလုပ်ထားလိုက်ပါ ပြီး ရင် ကြက်သွန် နီ တဥ ခရမ်း ချဉ် သီး ၃လုံး နံနံပင် တို့ ကို အတုံး လေး များလှီးထားလိုက်ပါ ပုဇွန်ကို ဆား အနည်းငယ် အသားမှုန့် အနည်းငယ် နဲ့ နယ်ထားလိုက်ပါ
ပထမ ကြက်သွန် ဖြူ ဂျင်း အနည်းငယ် တို့ ကို ဆီ သတ်ပြီး မှ ပုံပါအတိုင်း ကရဝေး ရွက် ၃ရွက် လောက် ရယ် ခရမ်း ချဉ်သီး ကြက်သွန် နီ နံနံပင် တို့ ကို ပုံပါအတိုင်းချက် ပါ ရေ အနည်းငယ် ထည့်ပေးပါ ခရမ်း ချဉ်သီး ကြေ သည် အထိ မဆလာ နံနံမှုန့် ထည့် ပါ
အနှစ် ရလျှင် ပုဇွန် ထည့်ချက် ပါ အရသာ ကို မြည်း ပြီး ထည့်ပါ ဒါဆို စားကောင်းတဲ့ ပုဇွန် မဆလာချက် လေး ရပြီ
Subscribe to:
Posts (Atom)
























