Showing posts with label အဂ်လိပ် အစားအစာ. Show all posts
Showing posts with label အဂ်လိပ် အစားအစာ. Show all posts

Monday, June 25, 2012

ကလေး လူကြီးကြိုက်မဲ့ Fish and Chips လေးကြော်စားရအောင်နော်


 ဆီကြော် ကို အိမ်က သမီးများ က မစားချင် ကြလို့ တခါတခါမှ ပဲ ကြော်စားဖြစ်ပါတယ် ဒီတခါကြော်စားတဲ့

Fish and Chips ကြော်ရန် လိုအပ်တဲ့ပစ္စည်းများ
အရိုးမပါတဲ့ ငါး ၃လက်မ အရွယ် ၃တုံး
ဆားအနည်းငယ် အသားမှုန့် အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
self raising flour 80gm, rice flour 20gm ,water 140ml
baking powder 1/2tsp
အာလူးအကြော် ရန် အာလူး ခပ်ကြီးကြီး နှစ်လုံးကိုအခွံခွာ ပြီးအချောင်းလေးများလှီးထားပါ
ကြော်ရန် ဆီ (ဆီကို များများ အိုးထဲမှာထည့်ပါ)




 ပုံမှာ အရိုးမပါသောငါးတုံးများကို ဆား ငရုတ်ကောင်း အသားမှုန့် အနည်းငယ်တို့ နဲ့ နယ်ထားပါ

ပုံပါအတိုင်း self raising flour,rice flour ,baking powder ,water တို့ ကို ဆားအနည်းငယ် ထည့်ပြီး ခပ်ပျစ်ပျစ် ဖျော်ပါ





ပြီး ရင် ငါးကို နှစ် ပြီး ဆီပူပူ တွင် ကြော်ပါ




ရွေ အိုရောင်ရ ရင် ဆယ် ထားလိုက်ပါ
ပုံပါအတိုင်း





အာလူး ရေစိမ်ထားတာများကို လဲ ရေစစ်ပြီး ဖျော်ထားတဲ့ ဂျုံနှစ်ထဲနှစ် ပြီးကြော်ပါ စားကောင်းတဲ့ Fish and Chips ရပါပြီ။

Thursday, April 12, 2012

ဒီနေ့ တော့ ဖာလူဒါထဲ ထည့်စား ဖို့ ပူတင်းလေး ဖုတ် ပါတယ်


ပူတင်း ဖုတ် ရန် လိုအပ်တဲ့ပစ္စည်း များ

200ml of milk
50gm of sugar
vanilla essence 1tsp
3eggs
3" X 6" ကိတ်ဖုတ်တဲ့ ခွက်

ပထမ နို့ ရယ် သကြား ရယ် ကို ဆူအောင် ကျို ပါမယ် vanilla essence အနံ လေး ပါထည့်ပါ
ကျို ပြီးသာ နို့ ကို ခေါက်ထား တဲ့ ကြက်ဥ ထည့်ပြီး နှစ် ခု လုံးကို နာနာ ခေါက်ပြီး
ကိတ်ဖုတ်တဲ့ခွက် ကိုထောပတ် သုတ်ပြီး  အရည်များကို လောင်းထည့် ပြီး 180 ဒီဂရီ မှာ မီနစ် ၄၀လောက် ဖုတ် လိုက် ရင် ဒီတိုင်းပဲစားစား ဖာလူဒါ ထဲပဲ ထည့်စား စား စားလို့ ကောင်းတဲ့ ပူတင်းရ ပါပြီ





Sunday, February 26, 2012

ကြက်သား Roast လေးလုပ်စားပါတယ်


ဒီနေ့ တော့ နေ လဲသိတ်မကောင်းတာနဲ့ ဘာချက်ရင် ကောင်းမလဲ စဉ်စားလိုက်တဲ့
အခါ Chicken roast လေးလုပ်စားမယ်ပေါ့

လိုအပ်တဲ့ပစ္စည်း
ကြက်သားတကောင် (ကျွန်မကတော့ တုံးပြီးသာလေးတွေကိုပဲလုပ်လိုက်ပါတယ်)
သံပုရာသီးတလုံး
ကြက်သွန် နီဥကြီး တလုံး
ကြက်သွန်ဖြူ ၆မွာလောက်
ဥနီ ၃ဥ
အားလုံး ခပ်ရွယ် ရွယ် လေးလုံး
အခွံမနွာပဲ အားလုံးကို ပုံပါအတိုင်းလှီးထားလိုက်ပါ

လုပ်နည်း
ကြက်သွန်ဖြူအခွံနဲ့ ကို တပြားရိုက် ထားလိုက်ပါ
ပြီးလျှင် ကြက် အကောင်လိုက်ထဲ သို့ သွတ်ထည့်ထားပါ
ကြက်တကောင်လုံးကို သံပုရာသီးညှစ် ပြီး သုတ်ထားပါ
ဆားအနည်းငယ် ငရုတ်ကောင်းအနည်းငယ် အသားမှုန့် အနယ်ငယ်နဲ့
ကြက်ကို သုတ်လိမ်းပါနာရီဝက် လောက် ခဏထားထားပါ
ပြီးလျှင် ကြက်သွန် နီ ဥနီ အာလူး အားလုံးကို လှီးပြီး ကြက် ပေါ် ဖုံးလိုက်ပါ

Olive oil နဲ့ ကြက်ကို သုတ်လိမ်းပါ
နာရီဝက် ထားပြီး ရင် Pre heart Oven 200ဒီဂရီ C မှာ ၁နာရီလောက်ထားလိုက်ပါ
အသားများနူးလာလျှင် စားလို့ ရပြီနော်