Sunday, June 3, 2012

ကြက်သား ပလာတာလေး ချက်စားရအောင် နော်


ကျွန်မ မှာတာဝန်မကျေသလို ဖြစ် နေတာ ဟင်းတွေချက် ပြီး သိတ်မတင်ဖြစ်လို့ ဒီနေ့ တော့
မောင်လေး လင်မယားလာလည်မယ်ဆိုတာနဲ့ ကြက်သားပလာတာ ချက်ဖြစ် ပါတယ်။

ကြက်သား မဆာလာဟင်းချက် ရန်လို အပ်သော ပစ္စည်းများ

ကြက်သား 1Kg
မဆလာ စားပွဲတင်ဇွန်း တဇွန်း
ကရဝေးရွက် အနည်းငယ်
ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတဇွန်း
ဆနွင်းမှုန့် အနည်းငယ်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ကြက်သွန် နီ အနီဥ ကြီး တဥ
ကြက်သွန်ဖြူ ၃မွာ
ဂျင်းလက်တဆစ်



ပထမ ကြက်သား ခုတ်ပြီးသားများကို မဆလာ ဆား အသားမှုန့် များ နဲ့ နယ်ထားလိုက်ပါ



ပြီး ရင် ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းထား ရယ် ကရဝေးရွက် ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့် 
အားလုံးကို ဆီ အနည်းငယ် နဲ့  ပုံပါအတိုင်းဆီသတ်ပါ ပြီး ရင် ကြက်သား ထည့်ပြီး ရေ ကို ကြက်သားမြုပ်အောင် ထည့်လိုက်ပါ အပေါ့အငံ ကိုကြည့်ပြီးထပ်ထည့်ပါ






၄၅မီနစ်လောက် တည်ပြီး ရင် ဆီပြန် ရေ ကျန် အချိန်လောက် မှာချလို့ ရပါပြီ  frozen ပလတာကို အိုးထဲတွင် ဆီအနည်းငယ်ထည့်လိုက်ပြီး ကြက်သားဟင်း လေး နဲ့ တွဲစားရင် စားကောင်းလို့ 





1 comment:

  1. ကြိုက်တဲ့အစားအစာထဲမှာအဲတာလဲပါတယ်ရှင်
    ပုံလေးတွေကြည့်ပြီ စားချင်တဲ့စိတ်ဖြစ်လာတယ်

    ReplyDelete