Wednesday, May 30, 2012

ဘဲသား ဟင်း နူးနူး လေး ချက် ကြရအောင်


ကြက်သား ဟင်း ချက် နည်းက ဘာမှမဟုတ်ပေ မဲ့ ဘဲသား ကြတော့ နဲနဲ လေး ခက်မလား လို့ ချက် နည်း
လေး ရှယ်လိုက်တာပါ တကယ်လဲစားကောင်းလို့ ပါ


ဘဲသား ဟင်းချက် ရန်လို အပ်တဲ့ပစ္စည်းများ
ဘဲတခြမ်းကို ခပ်ရွယ်ရွယ်တုံးထားပါ
ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ ခပ်ရွယ်ရွယ် ၃ဥ
ကြက်သွန်ဖြူ ၃ဥ
ဂျင်းလက်တဆစ်လောက်ကို အပြားလှီးပြီး
ငံပြာရည်အနည်းငယ်
ရှာလကာ ရည် စားပွဲတင်ဇွန်း ၃ဇွန်း
အသားမှုန့် အနည်းငယ်
ဆနွင်း မှုန့် အနည်းငယ်
ဟင်းချက် ငရုတ်သီး မှုန့်  စားပွဲတင် ဇွန်း မောက်မောက်



ပထမ ဘဲသားများကို ရှာလကာရည် ငံပြာရည် အသားမှုန့် တို့ နဲ့ နယ်ထားပြီး ၁၅မီနစ်လောက်ထားလိုက်ပါ




ပြီးရင် ပုံပါအတိုင်း ကြက်သွန် အနီအဖြူ ဂျင်း ထောင်းထားတာများကို ဆီသတ်ပါ ။







ပြီး ရင် ဘဲသားကို ထည့်လိုက် ပါ ရေ ကို ဘဲ သားများ ဖုံးတဲံ အထိ ထည့်ပေးလိုက်ပါ အရသာ အဖြစ်
ငံပြာရည် လေး နည်းနည်းထပ်ထည့်လိုက်ပါ။






ပုံ တွင် ပြသည့် အတိုင်း ရေထည့်ပါ ။





အဖုံး ဖုံး ပြီး တနာရီလောက် ချက် လိုက် ရင် ဆီ ပြန် သွား ပါပြီ စားလို့ ကောင်း တဲ့ ဘဲ သား ဟင်းနူး နူး
လေး ရ ပါပြီ ။






1 comment:

  1. ကြက်သားထက်ဘဲသားကိုပိုပြီးကြိုက်တယ်
    ချက်ထားတဲ့ပုံလေးကြည့်ပြီး
    စားချင်နေမိပြီ

    ReplyDelete