Saturday, April 14, 2012

ဒီ နေ့ တော့ မီးရှည် လေး လုပ်စားဖြစ် ပါတယ် ကျွန်မ ရဲ့ တတ်တဲ့ နည်း လေး share လိုက် မယ်



ဒီ နေ့ တော့ FB က ညီမလေး တယောက် မီး ရှည် လုပ်စား တော့ လုပ်စား ချင် စိတ်ပေါက် လို့ လုပ်စားလိုက်ပါတယ် လုပ်နည်း လေး လဲ ရှယ် ချင်တာ နဲ့ 

မီး ရှည် လုပ်စား ရန် လိုအပ်တဲ့ ပစ္စည်းများ
ရှမ်း ခေါက် ဆွဲ လုပ်စားတဲ့ မုန့် ဖတ် အခြောက် ကို ကို ရေ တနာ ရီလောက် စိမ်ပြီး မှ ရေ နွေး
ဆူဆူ မှာ ၂မီနစ် ၃မီနစ် လောက် ပြုတ်လိုက်ပြီး ဇကာ လေး နဲ့ စစ် ပါမယ်။

ပဲ ပင်ပေါက် ကို ရေ နွေး ဆူ ဆူ မှာ ၂မီနစ် လောက် ထည့် တည်ပြီး မှ စစ်ပါမယ်
ကြက် တခြမ်းကို ငါးငံပြာရည်  ဂျင်းတို့  နဲ့ ၁၅မီနစ် လောက် ပြုတ် ပါ ပြီး နူး ရင် အားနွင် ထားပါ အောက် ပုံ
မှ ပါတဲ့ အတိုင်း

ခရမ်း ချဉ် သီး အနှစ် လုပ်ပါမည် ခရမ်း ချဉ် သီး ၄လုံး ကို ရေ နွေး ထဲမှာ ၃မီနစ် ထည့်ပြုတ်ပြီး အခွံ နွာ
ပြီး ဟင်း ချက် ငရုတ်သီးမှုန့်  salted soya bean ပဲ ငပိ တို့ နဲ့ ချက် ပါမည် အသားမှုန့် အနည်းငယ် ထည့်ချက်ပါ ဆီ အနည်းငယ်ထည့်ပါ ခရမ်း ချဉ် သီး ကြေတဲ့ အထိ ချက် ပါ

မြန်မာ ပလာဇာ က ဝယ်လာ တဲ့ မုန့် ညှင်း ချဉ် ကို သုံးလိုက် ပါတယ် မရှိရင် ကြံ့ မဆိုင် ဖတ်အချဉ် ကို လဲ ပါးပါး လှီး ထည့် သုံးလို့ ရပါတယ်။

ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း ၂ဇွန်းမောက် မောက် ကို ရေ 50ml မီး အေး အေး လေး နဲ့ ကော်တုံးဖြစ်အောင် ကျို ပါ ကော်ပျော့ ပျော့ အတုံးလေး ရ ရင် မီး ပိတ်ပါ  ငရုတ်သီး လေးခြမ်း ကွဲ အမှုန့် ကို လဲ ဆီ လေး နဲ့ ချက်ထားပါ မြေပဲ လေး လဲ ထောင်း ထားပါ ဒါ ဆို ပွဲ ပြင် လို့  ရ ပါပြီ

အရသာ အတွက် တပွဲ ကို ပဲ ငံပြာ ရည် အကြည် လက် ဖက် ရည် ဇွန်း ၂ဇွန်း အချိုမှုန့် အနည်းငယ် ထည့်ပါ
ဒါဆို ပွဲ ပြင် လို့ ရ ပါပြီ  ပုံ ပါ အတိုင်း မုန့် ဖတ် ထည့်ပြီး ရင် အဆာ ပလာ များထည့် ပါ ကြက် ပြုတ်ရည် တဇွန်း လောက် ထည့် သုတ် ပါ။






အားလုံး ကို နယ် ရင် အခု လို စားကောင်းတဲ့ အသုတ် လေး ရ ပါ ပြီ။



1 comment: