ဟိုနေ့ က ကြက်သားမဆလာ ချက် ပြီးသွားတော့ အဲဒီ ကြက်သားဟင်းလေး နဲ့  ပန်းသေးခေါက်ဆွဲကြော်စားရအောင်နော်
လိုအပ်တဲ့ပစ္စည်းများ
ခေါက်ဆွဲ တပွဲ စာ
ခေါက်ဆွဲ အဝါ အစို ၃၀၀ဂရမ်
ဂေါ်ဖီ ခရမ်းချဉ်သီး မုန်လာဥနီ အနည်းငယ်ဆီ
ပဲငံပြာရည်အနောက် အနည်းငယ်
မဆလာအနည်းငယ်
ကြက်သားမဆလာ ဟင်း ကြက်သားတုံး နှစ်တုံး နဲ့  ကြက်သား ဟင်းရည် ပန်းကန်လုံးတလုံး
ပထမ ပုံပါအတိုင်း ဆီအနည်းငယ် နဲ့ အသီးအရွက်များကိုကြော်ပါ
အရွက်များနဲ နဲ နွမ်းလာလျှင် ပဲငံပြာရည်အနောက် နဲ့ နယ်ထားတဲ့ခေါက်ဆွဲ ကိုထည့်ကြော်ပါ
ပြီး ရင် ပုံပါအတိုင်း နှစ်မျိုးလုံးကိုရောမွေ ရောပါ ပြီး ရင် ကြက်သား အရည် ထည့်ကြော် ပါ
ခေါက်ဆွဲ ကြော်နေ ချိန်မှာ မဆလာအနည်းငယ်ဖြူးပေးပါ ။
ခေါက်ဆွဲ များကိုဘေးလို့ နဲ နဲ တွန်းပြီးရင် ကြက်ဥဖေါက်ကြော်လိုက်ပါ ပြီးမှ ကြက်သားတုံးတင်ပြီး အရည်ရွဲရွဲ အချိန်မှာ ချပါ စားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပါပြီ အချဉ် သို့ မဟုတ် ငရုတ်မှုန့် ဖြူး ပြီးစားပါ ။
အကြိုက်ပဲ အားတဲ့နေ့တော့ မင်းဘယ်ပြေးမလဲ မချိုသဲပေါ့
ReplyDeleteခုလောလောဆယ် အမြည်းအရင်စားခဲ့ပါတယ်
စံပယ် ရေ ကြော်စားကြည့်နော်
Deleteနည်းနည်းကျွေးပါ နည်းနည်းစားချင်တယ် အများကြီးကျွေးလဲ ကြိုက်တယ် ...... အချိန်ရရင် ကြော်စားမယ်
ReplyDeleteညီမ ရေ အများကြီး ကျွေး ပါတယ် ကြော်လည်း ကြော်စားကြည့်နော်
Delete