Wednesday, June 13, 2012

ငါး ပေါင်း ကော်ရည် ဆမ်း လေး ချက်စားရအောင်



ရန်ကုန် ပြန်တုံးက လေယာဉ်ပေါ်မှာစားခဲ့တဲ့ ငါးပေါင်းလေးကို ကြိုက်လို့ ပေါင်း ကြည့်ပါတယ်

ငါးပေါင်းရန်လို အပ်တဲ့ပစ္စည်းများ
အရိုးမပါအရည်ခွံမပါတဲ့ ငါး အတုံးအရှည် လေး နှစ်တုံး
မှို အနည်းငယ် ငရုတ်ပွ အနီ တခြမ်း ငရုတ်ပွ အစိမ်းတခြမ်း
ကြက်သွန် ဖြူ ၃ဥ
ဂျင်း လက်တဆစ်လောက်
ဆားအနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
အသားမှုန့် အနည်းငယ်

ကော်ရည်ဖျော်ရန်
ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း တဇွန်း
ခရုဆီ စားပွဲတင်ဇွန်း တဇွန်း
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတဇွန်း
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဝက်
ရေ 100ml
သကြား အနည်းငယ်
အားလုံးကို ဖျော်ထားလိုက် ပါ။


ပုံပါအတိုင်း ငါး လေး နှစ် တုံးကို ဆား ငရုတ်ကောင်း အသားမှုန့် လေး နဲ့ နယ် ထားပါ




ပြီး လျှင် steamer ထဲတွင် ၁၀မီနစ် မှ ၁၅မီနစ်လောက် ထည့်ပေါင်းပါ ဖွင့်ကြည့်ပြီး ငါးကျက်ရင်
steamer ခလုတ် ပိတ်လိုက်ပါ အဖုံးမဖွင့်ပဲ ထားထားလိုက်ပါ။






ပြီး ရင် ငါး အပေါ် ကိုဆမ်း ရန် ကော်ရည် ချက် ပါမယ် ပထမ ပုံတွင် ပြထားသည့်အတိုင်း မှို
ငရုတ်ပွအနီ ငရုတ်ပွ အစိမ်းတို့ ကို အရင် ကြော်ပါမည် ပထမ ကြက်သွန် ဖြူ နဲ ဂျင်းထောင်းထားတာကို
ဆီ စားပွဲတင်ဇွန်းတဇွန်းလောက် နဲ့ ဆီသတ်ပြီ မှို တို့ ငရုတ်ပွ အနီ ငရုတ်ပွ အစိမ်းတို့ ကို ကျက်အောင်
ကြော်ပါမည် ။




ကြော်ပြီး ရင် ပုံပါအတိုင်း ဖျော်ထားတဲ့ ကော်ရည် ကိုလောင်းထည့်ပါမည် အရသာကို ကြည့်ထည့်ပါ
ဖျော်ထားတဲ့ ကော်ရည်ထည့်ပြီး ရင် ပုံပါအတိုင်း အရည်များပြစ်လာပြီး ပွတ်ပွတ်ဆူ ရင်ချပြီး
steam လုပ်ထားတဲ့ ငါး ပေါ် လောင်းထည့်လိုက် ရင် စားကောင်းတဲ့ ငါးပေါင်းကော်ရည်စမ်း ရပါပြီ။



No comments:

Post a Comment