Sunday, June 17, 2012

ဒီနေ့ တော့မနက်စာ ပေါင်မုန့် ကြက်သွန်နီ ငရုပ်ပွကပ်ကြော်လေးကြော်စားရအောင်


ခင်ပွန်း ခရီးထွက် သွားတော့ မနက်စာကို heavy breakfast မလုပ်စားပဲ လွယ်လဲ လွယ် စားလို့ လဲ
ကောင်းတဲ့ ပေါင်မုန့် ကြက်သွန် ငရုတ်ပွကပ်ကြော်စားဖြစ်ပါတယ်

လိုအပ်တဲ့ပစ္စည်းများ
wholemeal bread ၄ချပ်(ကျွန်မကတော့ ပေါင်မုန့် ဖြူ နဲ့ ပဲကြော်စားလိုက်ပါတယ်။
ငရုတ်ပွ အနီ ခပ်ရွယ်ရွယ်၁တောင့်
ငရုတ်ပွ အစိမ်း ခပ်ရွယ်ရွယ်၁တောင့်
ပုဇွန် ၅ကောင်လောက် ကို အတုံးခပ်ရွယ်ရွယ်လှီးထားပါ
ကြက်သွန်မိတ်နည်းနည်း
ငရုတ်ကောင်းနည်းနည်း
ဆား နည်းနည်း
အသားမှုန့် နည်းနည်း
ကြက်ဥ နှစ်လုံး
ကြက်သွန်နီ အလုံးခပ်ရွယ်ရွယ် တလုံးကို အတုံးသေးသေးလေးများလှီးလိုက်ပါ
အိုးကပ်ကြော်ရန် ဆီ အနည်းငယ်



ပုံပါအတိုင်း ပေါင်မုန့် မှလွဲ ပြီး ကျန်တာ များကိုရော ဖျော်လိုက်ပါ





ဆီကို အိုးကပ်လောက်ပဲ ထည့်ပြီး အိုးထဲကို ပေါင်းမုန့် အရင်ထည့်ပါ ပြီး မှ ကြက်ဥ ဖျော်ရည်
ထည့်ပြီး ကြော်ပါ ပုံပါ အတိုင်း ဟိုဘက် ဒီဘက် လှန်ပြီး ကြက် ရင် ချ လို့ ရပါပြီ
ဒါဆို သိတ်မခက် ပဲ စားလို့ ကောင်းတဲ့ မနက်စာလေး ရပါပြီ။




No comments:

Post a Comment