Tuesday, June 19, 2012

Korean Potato Pancake လုပ်စားရအောင် နော်


Korean Potato Pancake လေးလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ
အားလူး အခွံနွာ ပြီး ၄လုံး
ငရုတ်သီး အရှည် အပွတောင့် တတောင့်
ကြက်သွန် ခပ်ရွယ်ရွယ် ၁ဥ
ကြက်ဥ တလုံး
ဂျုံ စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်မိတ် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်းအနည်းငယ်
အသားမှုန့် အနည်းငယ်


ပုံတွင် ပြထားသိအတိုင်း အားလူးကို ခြစ်တံ အပေါ်ဆုံးဟာလေး နဲ့ခြစ်လိုက်ပါ






ခြစ်လို့ ရတဲ့အားလူးများကို ရေ ဆေးပြီး ရေ ညှစ်ပြီး ရေစစ်ထားလိုက်ပါ





ပြီးမှ ပါးပါးလှီး ထားတဲ့ ကြက်သွန် ဥ ကြက်သွန်မိတ် ငရုတ်သီး အရှည်တောင့်တို့ ကို ဂျုံ အာလူး
ကြက်ဥ တို့ နဲ့ ရော နယ်ပါဆား ငရုတ်ကောင်း အသားမှုန့် တို့ ထည့်ပါ




နယ်ပြီးသားအာလူးကို ကို ခပ်ဝိုင်းဝိုင်းလေးများလုပ် ပြီး ဆီအနည်းငယ်ထည့်ထားသောအိုး
တွင် အိုးကပ်ကြော်ပါ





ဟိုဘက်ဒီဘက်လှန် ပြီး နှစ်ဖက် လုံးကြက်သွား လျှင် sauce လေးနဲ့ တွဲစားရင် စားကောင်းလို့ 



1 comment: