Monday, September 10, 2012
မိတ်ဆွေ တယောက် ဆီက ရတဲ့ နည်လေးပါ spinach အသေး ကို bean flour နဲ့ ကြော်ပါတယ်
ကျွန်မမိတ်ဆွေ တွေ နဲ့  gethering လုပ်တော့ အဲဒီအိမ်က ကျွေးတဲ့ ထဲမှာ ဒီမုန့် လေး ပါတော့
ကျွန် မ က ထုံစမ်း အတိုင်း အဲဒါလေး ဘယ်လို ကြော်တာ လဲ ဆို ပြီး မေး တော့ သူက စိတ်ရှည်လက်ရှည်လုပ်နည်း ပြောပြတော့ ကျွန်မလဲ စမ်းကြော်ကြည့်ပြီး စားကောင်းလို့ လုပ်နည်း လေး ရေးလိုက်တာ ပါ။
Spinach ပဲမှုန့် ကြော် ရန်လိုအပ်တဲ့ပစ္စည်းများ
Spinach အသေး တစီးကို တဝက်ဝက်ပြီး အရိုးကို လှီးလိုက်ပြီး အရွက်များကိုလက်တစစ် စာ လေးများဖြတ်ပြီး လှီး ထားပါ
ကြက်သွန်နီ တဥ ကို လဲအတုံးသေးသေးလေးများတုံးပါ
ငရုတ်သီး အစိမ်း အကြီးတောင့် ၂တောင့်ကို ပါးပါးလှီး ထားပါ
ပျဉ်တော်သိမ် ၈ရွက် လောက် ကို နှစ်ပိုင်းဆီလောက်ပိုင်းထားပါ
အရသာအတွက် ဆား လက်ဖက်ရည်ဇွန်း တဝက်ကြော်ကြော်
အသားမှုန့် လက်ဖက်ရည်ဇွန်းတဝက်ထည့်ပါ
bean flour ပန်းကန်လုံးတလုံး မောက်မောက် ကျွန်မကတော့မုန့် ဖုတ် တဲ့ 1cup 150ml နဲ့  ချိန်ပါတယ်။ ရေ 80ml လောက်
လုပ်နည်း
အပေါ် က ပါဝင်တဲ့ပစ္စည်း များ အားလုံးကို ထည့်ပြီး ပျစ်ပျစ်ဖျော် ပါ baking soda လက်ဖက်ရည်ဇွန်း
ရဲ့ ၄ပုံတပုံလောက် လေး ထည့်ပြီး နယ် ပါ အားလုံးနယ်ပြီး ရင် ဆီ ကိုတည်ပါ ဆီ ပူလာလျှင် ပုံတွင် ပြထားတဲ့ အတိုင်းကြော်ပါ
spinach ,ကြက်သွန် ရယ် ငရုတ်သီး ရယ် ပျဉ်တော်သိမ် ရယ် အားလုံးကိုလှီးထားတဲ့ပုံပါ
bean flour နဲ့ ပျစ်ပျစ် ဖျော်ထား တဲ့ ပုံ
ပြီး ရင် ဆီ ပူ ပူ တွင် ကြော်ပါ မယ်
Wet Market က India ဆိုင် က ဝယ်လာ တဲ့ bean flour ပါ
Labels:
အိန္ဒိယ အစားအစာ
Subscribe to:
Post Comments (Atom)
အကြော်ကြော်နည်းလေးလာကြည့်သွားပါတယ်
ReplyDelete