Saturday, September 1, 2012

Chocolate loaf လေး ဖုတ် စားရအောင်

 

ကျွန်မ ဒီရက်ပိုင်းတွေ မှာမုန့် ဖုတ်တာနဲ့  ဘာမှက မတင် ဖြစ် ပါဘူး FB မှာတင် ရင် လဲ ပုံလေးတွေပဲ တင်ဖြစ် လို့ လုပ်နည်း မရေး ရသေးတာရယ် တခုပြီး တခု စမ်းနေလို့  ဒါနဲ့ ပဲ ဒီနေ့ တော့ Marbled Chocolate loaf လုပ်နည်း လေး ရေးပေးလိုက်ပါတယ်။

Marbled Chocolate cake လုပ်ရန်လို အပ်တဲ့ပစ္စည်းများ
ထောပတ် ၁၀၀ဂရမ် room temperature
cake flour 90 gm
baking powder 1tsp
100 gm of caster sugar
1tbsp coco powder
orange juice 2tsp
orange zest 1tbsp (Orange အခွံကို ခြစ်ထည့်ပါ)
ကြက်ဥ နှစ်လုံး
1tbsp of milk


ပထမ ထောပတ် ရယ် သကြားရယ် Orange zest ရယ် အားလုံးကို မွေစက်နဲ့  ခရမ် ဖြစ်တဲ့ အထိမွေပါ
ပြီး ရင် ကြက်ဥခေါက်ထားတာထည့်ပြီး ထပ်မွေ ပါ ပြီးမှ ဇကာစစ်ပြီး ရောထားတဲ့ ဂျုံနဲ့  baking powder ကိုရောထားတာကို ထည့်ပြိး သစ်သား ဇွန်း နဲ့ မွေ လိုက်ပါ Orange juice ပါထည့်မွေပါ
အားလုံးရောသွားရင် ဂျုံနှစ် ကို နှစ်ခု ခွဲလိုက် ပါ တခုကို အဖြူ အတိုင်း ထားပြိး နောက်တခုကို
နို့နဲ့ ဖျော်ထားတဲ့coco powderအမှုန့် ရေ ကို ထည့်ရောပါ ဒါဆို အဖြူ ရောင် နဲ့ အညိုရောင် ဂျုံ နှစ် ရပြီနော် ပထမ Oven ကို ၁၈၀ ဒီဂရီထားပြီး ချိန်ထားပါ အလျား၇လက်မ အနံ ၂လက်မခွဲလောက် ရှိတဲ့
ကိတ်ခွက်ထဲမှာ ပထမ အဖြူအနှစ်ကိုတဇွန်းထည့် ပြီး ရင် အညိုရောင် အနှစ်ကိုတဇွန်းထည့် အဲလို မျိုး အနှစ်များ ကုန်တဲ့ အထိ ထည့်ပြီး ရင် ခရမ်း လေး နဲ့ မွေ လိုက် ပါ ရောသွားအောင် ပြီး ရင် ထည့်ပြီး ဖုတ်လို့ ရပါပြီ မီနစ် ၃၀လောက်ဖုတ်ပါ ကိတ်ကျက် မကျက်ကို သစ်သား အတံ သို့ မဟုတ် သွားကြား ထိုးတံ နဲ့ အလယ်လေးကို ထိုးကြည့်ပါ ဘာမှကပ် မပါလာရင် ရပါပြီ


ဖုတ်ပြီးသွားတဲ့ ကိတ် ပုံလေး






အနှစ် ကို တခုပြီးတခုထည့်ပြီးနောက်ဆုံးမှာ ခရင်းနဲ့ မွေလိုက်ပါမယ်။




No comments:

Post a Comment