Friday, May 25, 2012

မကျီးရွက် ကြော်လေး ကြော်စား ရအောင်


ကျွန်မ တာဝန်မကျေသလို ဖြစ် နေတယ် အလုပ်များနေ လို့ ဟင်းများ မတင်ဖြစ် နိုင် တာခွင့်လွတ်ပါ
ဒီနေ့ တော့ ရန်ကုန်က ယူလာတဲ့ မကျီး ရွက် လေး ကို ကြော်စားဖြစ်ပါတယ် မကျီးရွက် မရ ရင်
မကျီးရွက် အစားကင်ပွန်းရွက် ကို လဲ ကြော်စားလို့ ရပါတယ်။

မကျီးရွက် ကြော်စားရန်လို အပ်တဲ့ပစ္စည်းများ
မကျီးရွက်  ၃၀၀ဂရမ်
ပုဇွန်ခြောက်မှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း တဇွန်း
ဆနွင်း မှုန့် အနည်းငယ်
ငံပြာရည် စားပွဲတင်ဇွန်း ၃ဇွန်း အပေါ့ အငံမြည်းပြီးထည့်ပါ
အသားမှုန့်  အနည်းငယ်
ငရုတ်သီး အကြမ်း မှုန့် (ငပိကြော်ရင်သုံးတဲ့ ငရုတ်သီး )စားပွဲတင်ဇွန်း မောက်မောက်တဇွန်း
ရေ 200ml
ကြက်သွန် အနီ ရွယ်ရွယ် နှစ်ဥ
ကြက်သွန်ဖြူ ၅မွာ
ဆီ စားပွဲတင် ဇွန်း ၄ဇွန်း ၅ဇွန်း


ပထမ ပုံ တွင် ပြထားသည့် အတိုင်း မကျီးရွက် ရယ် ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့်  ဆီ ကြက်သွန်
အဖြူ အနီ ထောင်းထားတာ ရယ်ရေ ရယ် ပုဇွန်ခြောက် ရယ်  တို့ ကို မီးဖို တွင် စတည်ပါ



၅မီနစ် ၆မီနစ် တည်ပြီး မွေ ပါ ပြီး ရင် ပုံပါအတိုင်း ငရုတ်သီး အကြမ်း မှုန့်  ကိုထည့် ပြီး ဆက်မွေ ပါ ဆီ လဲ
နည်းနည်းထပ် ထည့်ပေးပါ အရသာ အဖြစ် ငံပြာရည် အသားမှုန့် တို့ ထည့်ပါ







ပုံပါ အတိုင်း ရေ ခမ်း အောင် တည်ပါမည် ရေ များခမ်း ပြီး ခြောက် လာလျှင် မွေ နေပါ လုံးဝ ဆီလေး နဲ့ 
ခြောက်ခြောက် လေး ဖြစ် ရင် စားလို့ ကောင်းတဲ့ မကျီး ရွက်ကြော်လေး ရပါပြီ






4 comments:

  1. သရေတွေတောင် ကျတယ်
    တကယ် တကယ်
    ဂလု ဂလု :D

    ReplyDelete
    Replies
    1. သရေ ကျမိအောင် လုပ် မိတာ ခွင့်လွတ် နော် :))

      Delete
  2. ပုံကြည့်ပြီးစားချင်လာပြီ
    မကျီးရွက်ဆိုရင်သုတ်လဲကြိုက်တယ် အရည်ချက်လဲကြိုက်တယ်
    ကြော်လဲကြိုက်တယ်

    ReplyDelete
  3. စပယ် ရေ မလဲ တူတူ ပဲ ကြိုက်တယ် အရည် သောက် အသုတ် အကြော် ချဉ်ချဉ် လေး နဲ့ စားကောင်းတယ်

    ReplyDelete