Sunday, May 27, 2012

dessert egg pudding လုပ်စားရအောင်


ချဉ် ချဉ် ငံငံ စပ်စပ်လေး များချက် ပြီး လို့  ကလေး များလဲ ကြိုက် လူကြီးများ လဲ ကြိုက် နိုင် မဲ့
ပူတင်းလေး ဖုတ်စားရအောင် နော်

ပူတင်း ဖုတ် ရန်လို အပ်တဲ့ပစ္စည်းများ( ပူတင်း ၃ခုစာ အတွက်)
milk 200ml
2eggs
120gm of sugar
vanilla essence 1 tsp


ပုံမှာ ဖုတ် ရန်ပြင်ဆင် ထားတာပါ

ပထမ သကြား ၅၀ဂရမ်ကို ရေ 50ml ကို အရင် ကျိုပါ ပြီး ရင် ပူတင်း ခွက် လေး များ ထဲကို ထောပတ်
အရင်သုတ်ပြီး ရင် သကြားရေ အပြစ် ကို နဲနဲ ဆီ လောင်းထည့် ထားပါ ပြီး ရင် ပူနွေး တဲ့ နို့  ရယ်
ကြက်ဥ ရယ် ကျန် သကြား ရယ်ကို ခေါက် ပြီး ခွက် ရဲ့ ၄ပုံ ၃ပုံလောက် အရွယ် လောင်းထည့်လိုက်ပါ
၃ခွက် လုံးကို




ပြီး ရင် ပုံပါ အတိုင်း အလူမီနီယမ် စက္ကူ နဲ့ ပူတင်းခွက် လေး များကို ဖုံး ပြီးရင် 200  ဒီဂရီ C တွင်
ဗန်းကို ရေ အနည်းငယ်ထည့်ပြီး ၂၅မီနစ် ဖုတ်လိုက်ပါ




ဖုတ်ပြီး သွားတဲ့ ပူတင်းများ အအေး ခံပြီး ရင် စားမဲ့ ခွက် ထဲ ကို မှောက် ထည့်လိုက်ပါ
ကြိုက်ရာ အသီး နဲ့ တွဲစား ရင် စားကောင်းတဲ့ ပူတင်း ရပါပြီ ။




No comments:

Post a Comment