Wednesday, May 2, 2012

အားလူးကတ်တလိတ်ကြော်စားရအောင်


ခရီး သွား ဖို့  ပစ္စည်းများ မထည့်ပဲ မိတ်ဆွေ တွေကို ဒီနေ့ ကြော်စားဖြစ်တဲ့ အားလူးကတ်တလိပ်ကြော်
နည်း လေး ရှယ် လိုက်ပါတယ်

အားလူး ကတ်တလိတ် လုပ်ရန်လိုအပ်သောပစ္စည်းများ

အားလူးပြုတ်ပြိး သားအလုံးကြီး ၃လုံး
ဂျုံမှုန့်  ၇၀ဂရမ်
ပေါင်မှုန့် ခြောက် ၁၀၀ ဂရမ်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဂျပန်ငရုတ်သီးမှုန့် အနည်းငယ်
ကြက်ဥ တလုံး
ပထမ ပြုတ်ပြီး သား အား လူးကို ခြေပြီး နယ်ပါ


ပုံပါအတိုင်း အားလူးကို ဆား အသားမှုန့်  ဂျပန်ငရုတ်သီးမှုန့် တို့ နဲ့ နယ်ထားပါ

ပုံမှာ ဂျုံမှုန့် ရယ် ပေါင်မှုန့် ခြောက် ရယ် ကြက်ဥရယ် ကို ကြော်ဖို့ အဆင်သင့်လုပ်ထားတာပါ







အာလူးများကို ပုံပါအတိုင်း ပုံလေးများလုပ်လိုက်ပြီး ရင် ဂျုံမှုန့် နဲ့ လှိမ့် ကြက်ဥ နှစ် ပေါင်မှုန့် ခြောက် ကပ်ပြီး ရင် ဆီပူပူမှာ ကြော်လိုက်ရင် စားကောင်းတဲ့ အားလူး ကတ်တလိတ်လေးတွေ ရပါပြီ ။






No comments:

Post a Comment