Tuesday, July 3, 2012

ကြက်ကြော်သုတ်လေး သုတ်စားရအောင်



ဒီနေ့ တော့ ကြော်ပြီး သားကြက်ကြော် ကို သုတ်စား ပါတယ် သိတ်လဲမခက်လို့ ဓါတ်ပုံအဆင့်ဆင့်
မရိုက် လိုက်ပါဘူး
ကြက်ကြော် အတွက် လိုအပ်တဲ့ပစ္စည်းများ

အရိုးထုတ်ပြီးသား ကြက် ပေါင် သား ၃၀၀ဂရမ်
ပြောင်းဖူး မှုန့် အနည်းငယ်
ဟင်း ချက်ဝိုင် တဇွန်း
ပဲငံပြာရည် အကြည် တဇွန်း
အသားမှုန့် အနည်းငယ်
ကြက်သား အတုံး လေးများတုံးပြီး အားလုံး နဲ့ နယ်လိုက်ပါ
ပြီး ရင် ဆီပူပူ တွင် ကြော်ပါ အနားရဲသည့် အထိကြော်ပါ

ကြော်ပြီး သာ ကြက်များကို အအေးခံပြီး
ဂျပန်သခွား သီး တလုံးပါးပါးလှီး
ခရမ်းချဉ်သီး ခပ်ရွယ်ရွယ် တလုံး
ကြက်သွန်နီ ၁ဥ ပါးပါးလှီး ကျွန်မ ကြက်သွန် နီကုန်လို့ မထည့်လိုက်ရပါဘူး
ငံပြာရည် အနည်းငယ် အသားမှုန့် အနည်း ငယ် သံပုရာသီး တို့ နဲ့ သုတ် စားရင် စားလို့ ကောင်း တဲ့
ကြက်ကြော်သုတ် ရပါပြီ။





No comments:

Post a Comment