Wednesday, July 4, 2012

ခေါက်ဆွဲလေး ကြော်စားရအောင်




ခေါက်ဆွဲ လေးကြော်စားဖြစ်ပါတယ်
ခေါက်ဆွဲ ကြော်ရန်လို တဲ့ပစ္စည်းများ
ခေါက်ဆွဲ အဆို၂၀၀ဂရမ်
ပုဇွန် ငါးကောင်
မှို အနည်းငယ်
မုန်ဥနီ အသေးလေးတလုံး
မုန့် ညှင်းစိမ်း နှစ်ပင်
ကြက်ဥတလုံး
ခရုဆီ အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ဆီအနည်းငယ်
ကြက်သွန်ဖြူ ၁ဥ ၂ဥ

ပထမ ပုံပါအတိုင်း ကြက်သွန်ဖြူ ကို ဆီသတ်ပြီး ခေါက်ဆွဲ ထည့်ပါ ဥနီပါးပါးလှီးထားတာပါထည့်ပါတယ်
ရေ အနည်းငယ် ထည့်ပါ



ပြီးလျှင် မုန့် ညင်းစိမ်း ထည့်
မှိုထည့်ခရုဆီ ပဲငံပြာရည် အကြည်ထည့်ပါ မွေပါ



 

ပြီး ရင် ပုဇွန်ထည့်ပြီး ထပ်မွေပါ ဆီ နည်းရင် ဆီနည်းနည်းထည့်ပါ ပုဇွန်ရဲလျှင် ခေါက်ဆွဲ များကိုတွန်းပြီး
ကြက်ဥခေါက်ထားတာ ထည့်ပါ ကြက်ဥ ကြက်လောက်လျှင် အားလုံးကို မွေပါ အသားမှုန့် အနည်းငယ်ထည့်ပါ ဒါဆို စားကောင်းတဲ့ ခေါက်ဆွဲကြော်လေး ရပါပြီ။

2 comments:

  1. ခေါက်ဆွဲကြော် စိုစိုလေးစားသွားပြီချစ်မရေ

    ReplyDelete
    Replies
    1. စား ပါ စု ရေ မတွေ့ တာတောင် ကြာပြီ မ လဲ ကိုယ့်ကို မုန့် ဖုတ် အပြင်ထွက် နဲ့  နေကောင်းတယ်နော်

      Delete