ကျွန်မ လဲ ဟင်း ကို နေ့ တိုင်း မတင် နိုင် တာခွင့်လွတ်ပါ ကျွန်မ ဝါသနာ ပါတဲ့ မုန့် ဖုတ် တဲ့ဖက်ကို လှည့်နေလို့ နောက် မှ မုန့် ဖုတ် တာလေး များကို တင်ပေးသွားပါမယ်
ဒီနေ့ တော့လွယ် လဲလွယ် ချက် ရတာ မြန်လဲ မြန် တဲ့ ကြက်သား ကြက်သွန်ဖြူ ချက်လေး ချက် စားရအောင်
လိုအပ်တဲ့ပစ္စည်းများ
ကြက်ပေါင် အပေါ် ပိုင်း အပိုင်းကြီး ၂ပိုင်း
ကြက်သွန် ဖြူ အမွာ ၇မွာလေက် ကို အပြားလေးများ လှီးထားပါ
tomato sauce 2tbsp
HP sauce 2 tbsp
သကြား စားပွဲတင် ဇွန်း တဇွန်း
ပဲ ငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ဇွန်း
အသားမှုန့် အနည်းငယ်
နံနံပင် ၃ပင် ၄ ပင်
ဆီ ကြက်သွန်ဖြူ ကြော်ရန်
လုပ်နည်း
ကြက်သား ကို tomato sauce ,HP sauce ,အသားမှုန့် တို့ နဲ့ နယ်ပြီး ခဏထားလိုက်ပါ
ပထမ ဆီ ထဲ မှာ ကြက်သွန် ဖြူ လှီးထားတာ များကို ကြော်ပါ ကြက်သွန်ဖြူ များ ကြွတ်လာလျှင် ပန်းကန် တခု နဲ့ ဆယ်ထားလိုက်ပါ ပြီး ရင် နယ်ထားတဲ့ ကြက်သား ကို ဆီ အိုး ထဲ မှာ အနားတင် အောင်
လှိမ့်လိုက်ပါမယ် ပြီး ရင် ဆီ ကို ဖယ်လိုက် ပြီး ကြက်သား ကို ပဲငံပြာရည် အကြည် သကြား ရေ တို့ ထည့်ပြီး တည်ပါမည် ရေပြစ်လာ ရင် ကြက်သွန်ဖြူ ကြော်ကို အုပ်ပါမယ် ပြီး ရင် နံနံပင် အုပ် ပြီး ရင် စားလို့ ကောင်း
တဲ့ ကြက်သား ကြက်သွန်ဖြူ ကြော်ချက် လေး ရပါပြီ
No comments:
Post a Comment