Wednesday, July 11, 2012

ကြာဇံ ကို ပုဇွန် ကြက်သား နဲ့ ကြော်စားရအောင်



အခု ရက်ပိုင်း အရမ်း ကြော်သလို ဖြစ် နေတယ် ပထမ ညှပ်ခေါက် ဆွဲကြော် ခေါက်ဆွဲကြော် ကော်ပြန့် ကြော် နဲ့ အခု ကြာဇံကြော် ကြာဇံကြော် ကို အဆင့်ဆင့်မရိုက် ပြတော့ပါဘူး ခေါက်ဆွဲကြော်နဲ့ ဆင် နေလို့ ပါ

ကြာဇံကြော်ရန် လို အပ်သောပစ္စည်းများ
ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် တထုပ်
ကြက်သား အရိုးမပါ ၁၀၀ဂရမ်
ပုဇွန် ၄ ၅ ကောင်
မုန် လာဥနီ တဝက်
မုန့် ညှင်းစိမ်း ၂ပင်
ကြက်ဥ တလုံး
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ကြက်သွန် ဖြူ တဥ နှစ် ဥ
မကြော်ခင် မှာ ကြက်သားကို ခရုဆီ အသားမှုန့်  ပဲ ငံပြာရည် အကြည် နဲ့ နယ်ထားပါ

ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင် ကြက်သားကိုထည့်ပါ
ကြက်သား ကြက်ရင် ဖယ်ထားလိုက်ပြီး ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံပျော့ လာလျှင် ပုဇွန် ခွာထားတာထည့်ပါ မုန်လာဥနီ
ထည့်ပါ ခရုဆီ နဲ့ အသားမှုန့် ထည့်ပါ မွေပါ ပြီး ရင် ကြာဇံများကို တဖက်ထွန်း ပြီး ခေါက်ထားတဲ့ ကြက်ဥ
ထည့်ပါ ကြက်ဥ ကြက်ရင်ရောမွေပြီး ရင် စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။



No comments:

Post a Comment