Wednesday, July 11, 2012

FB ကခင်ရတဲ့ ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း


 FB က ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း




ပဲ ကြာ ဇံ သုတ်ရန် လို အပ်တဲ့ပစ္စည်းများ 
ပဲကြာဇံ အခြောက် အထုပ်ကြီး တဝက် 
ကြက်သွန်နီ ဥ နှစ် လုံး 
ပုဇွန် ၃၀၀ဂရမ်(ပုဇွန် ကို ခေါင်းဖြုတ် သန့်အောင် လုပ်ပြီး အခွံ နဲ့ အိုးထဲမှာလျော်ထားပါမည်
ကြက်သွန်မိတ် ၃ပင် 
ငရုတ်သီး စိမ်း ၄ ၅ ထောင့်
သံပုရာသီး တဝက် 
ငံပြာရည် အနည်းငယ် 
သကြား အနည်းငယ် 
Chili garlic sauce အနည်းငယ်


ပုံပါအတိုင်း ပုဇွန် လျော်ပြီးသာများကို အခွံခွာထားပါ ကြက်သွန်မိတ် ကြက်သွန်တို့ ကို လှီးထားပါ




ကြာဇံ ကို ပုံပါ အတိုင်း ရေစိမ်ထားပါ ပျော့လာ သည်အထိ ပျော့လာလျင် မီးဖို ပေါ်တွင် တင် လိုက်ပြီး စားလို့ ရတဲ့ အရွယ် အထိ တည်လိုက်ပါ 




ပြီး လျင် အောက် ပုံတွင် ပြထားသိအတိုင်း ဇကာနဲ့ စစ်ပါ အကြာကြီးမစစ်ပါနဲ့ ရေ နဲနဲကျန်လျင် သုတ်လို့ ပိုကောင်းလို့ ပါ ကြာဇံ ရလျင် ပုဇွန် ကြက်သွန် သံပုရာသီး အသားမှုန့်  သကြား ငံပြာရည် chili garlic
sauce  တို့ နဲ့ နယ် ပြီး ရင် စားကောင်းတဲ့ ပဲ ကြာဇံ သုတ်လေး ရပါပြီ။






No comments:

Post a Comment