Wednesday, July 11, 2012

ကောက်ညှင်းကင် လုပ်စားရအောင် အရင်တုံးက လုပ်ပြီးသာလေးပါ


ကောက်ညှင်းကင် လုပ်ရန် လိုအပ်သောပစ္စည်းများ
ကောက်ညှင်း ၁၅၀ဂရမ် 
အုန်း နို့ 30ml
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက် 
ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း 
ကြက်သွန်ဖြူ တဥ ကြက်သွန် နီ တဥ ပါးပါး လှီးထားပါ
ငှက်ပျော်ရွက် ၅ခု နှစ်ပိုင်းလောက်ပိုင်းပါ ငှက်ပျော်ရွက် ကို ရေ နွေး စိမ်လိုက်ပါ 
ကြာရွက် ရှိလဲ ရပါတယ် 


လုပ်နည်း  

ကောက်ညှင်းဆန် ၆နာရီလောက်ရေစိမ်ပြီး
အုန်းနို့ ရည် ဆားအနည်းငယ် အသားမှုန့် အနည်းငယ်
နဲ့ ရောပြီး မီနစ် ၂၀လောက်ပေါင်းလိုက်ပါတယ်
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက်ကို
ဟင်းချက်ငရုတ်သီးမှုန့် အနည်းငယ်လောက်
ကြက်သွန်ဖြူတဥ ကြက်သွန်နီအသေးလေးနှစ်ဥ
အားလုံးပါးပါးလှီးပြီးဆီသပ်ပါ
ပြီးလျှင်ကောက်ညှင်းထဲကိုထည့်ပြီး
ငှက်ပျောရွက်နဲ့ လိပ်ပြီး
Oven 180 C မှာ 10မီနစ်လောက်ကင်လိုက်လျှင်စားလို့ ကောင်းတဲ့ကောက်ညှင်းကင်ရပြီ



ပုံမှာ ကောက်ညှင်းပေါင်းပြီးသာနဲ့ ပုဇွန် ခြောက် ကြော်ပြီးသာ ထုပ် ရန် အဆင်သင့် 



ပုံမှာ ကောက်ညှင်း ကို အရင်ထည့်ပြီးရင် ပုဇွန်ခြောက် အစာသွတ်ပြီး ဖက်နဲ့ ထုပ် ပြီး ရင် ကင်လို့ ရပါပြီ  


1 comment: