Tuesday, April 3, 2012

ဝက်သား ကြက်ဥ ဟင်း လေး ချက်စားရအောင်


 
ဝက် သား ကြက်ဥ ဟင်း ချက် ရန် လိုအပ်တဲ့ပစ္စည်း များ
ဝက်သား သုံးထပ် သား ၃၀၀ ဂရမ်
ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၁ဇွန်း ခွဲ
သကြား လက်ဖက်ရည် ဇွန်း တဇွန်း
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
Seah's spices brand stewed fragrant spice စားပွဲတင် ဇွန်း ၂ဇွန်း
အားလုံးကို ဝက် သား အနေတော် တုံး ထားတာလေး များ နဲ့ နယ် ထားလိုက်ပါ
ပြီး ရင် ရေ နွေး 1/2 litre တည် ထားတဲ့ ထဲ ထည့်ပါ အဲဒီ အချိန်မှာ ကြက် ဥ နှစ်လုံး သို့ မဟုတ် သုံး လုံးကို ပြုတ် ထားလိုက် ပါ အကျက် ပြုတ်ပါ ဝက်သား နူး မနူး ကို ခရင်းလေး နဲ့ ထိုး ကြည့်လိုက်ပါ မနူးရင် ရေ
နဲနဲ ထပ် ထည့်ပါ ဝက် သား မနူး တနူး အချိန်မှာ ကြက်ဥ ကျက် ပြီး သာ သုံးလုံးကို ပါထည့်ပါ
ဝက်သားလေး လဲနူး ရေ  သုံးပုံ တပုံ လောက် အချိန် မှ ချ ပါ

ပုံ ပါအတိုင်း စား ကောင်းတဲ့ ဝက်သား ကြက်ဥ ဟင်း လေး ရပါပြီ။


No comments:

Post a Comment