Monday, April 2, 2012

တတ်သလောက်မှတ်သလောက် နဲ့ လုပ်စားဖြစ်တဲ့ ပဲ ပလာတာလေး


 ပလာတာ လေး ဝယ်ထားတာ ရှိတုန်း ပဲ ပလာတာ လုပ်စားဖြစ်ပါတယ် ပထမ ကိုယ်တိုင် လုပ် ပဲ ပြုတ်ကို ပုံ
 ပါ အတိုင်း ရေ လက်တစစ်လောက် မြုတ်အောင် ထည့်ပြီး ဆားအနည်းငယ် အသားမှုန့် အနည်းငယ်
ထည့်ပြီး ပဲ ကြေအောင် တည်ပါမည်



 ပုံ ပါအတိုင်း ပဲ များ ကြေလာပြီ ဆိုရင် ကြက်သွန် အနီ နဲ့ ချက်ထား တဲ့ ဆီချက် နဲ့ အိုး ထဲမှာဘဲ နယ် လိုက်ပါ




ပြီးရင် ဒယ်အိုး အပြား ကို ဆီ များများ သုတ်ပြီး ပလာတာ Frozen ပလာတာ အချပ် ကြီး အရင်ထည့် ပါ
  ပြီး ရင် ပဲ ကို အလယ် မှာ ထည့်လိုက်ပါ ကျွန်မ ရဲ့ ပလာတာ အချပ် နဲနဲ သေးသွားပါတယ် ပဲ ထည့်ပြိး
  ပလာတာ ဖေါင်း ပြီး အနားလေး များ ရဲ လာ သည်အထိထားပါ




ပြီးရင်  အောက် ပုံ အတိုင်း လေး ခေါက် ခေါက် ပါ  ပြီး ရင် တဘက် လှန် ကြော် ပါ

ဒါ ဆို ရင် လေးဘက် လုံး ကျက် ပြီး ကြွတ် သွား ပါ မည် ဒါဆို ကတ်ကြေး လေး နဲ့ ညှပ် ပြီး စားလို့ 
ရပြီနော်





No comments:

Post a Comment