
ကော်ပြန့် အသေးလေးတွေ နှစ်မျိုး ကြော်စားဖြစ် ပါတယ်
ဒါလေးကြော်စားထား တာ ကြာပါပြီ အစမ်းလေး မို့  တင်ဖြစ် သွားတာပါ ။
ကော်ပြန့် ကြော်ရန် လို အပ်တဲ့ ပစ္စည်းများ
ကော်ပြန့် အရွက် Frozen အသေးထုပ် တထုပ် ၄ပုံ တပုံလောက်
အားလူး ခပ်ရွယ် ရွယ် သုံးလုံးကို ပြုတ်ထားပါတယ်
sweet corn ၁၅၀ဂရမ်
မဆလာ အနည်းငယ်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း လောက်
ကြက်သွန် နီ ခပ်ကြီး တလုံးကို အတုံးသေးသေးလေးတွေလှီးထားပါ အားလူး မဆာလာ
ကော်ပြန့် ထဲထည့်ရန်
လုပ်နည်း
ကော်ပြန့် ကအစာနှစ်မျိုးထည့်ထားပါတယ် တမျိုးကတော့အာလူးကိုပြုတ်ပြီး
ခြေ မဆလာအနည်းငယ် ဟင်းချက်ငရုတ်သီးအမှုန့် အနည်းငယ် ကြက်သား
မုန့် အနည်းငယ် ဆားအနည်းငယ် ကြက်သွန်အနီအတုံးသေးသေးလေးတွေ
ထည့်ထားတဲ့ ကုလားစတိုင် ကော်ပြန့် ပါ
နောက်တမျိုးကတော့ရန်ကုန်မှာစားခဲ့ရတဲ့ နည်းကို သတိရပြီး sweet cornကို
အသားမှုန့် ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲမှာပြောင်းဖူးကျက်အောင်ချက်လိုက်ပြီး ကော်ပြန့် sheetထဲ ကို ကျွန်မ ပထမ ကော်ပြန့် လိပ်တဲ့နည်းပုံလေး ပြထားတဲ့ အတိုင်း ကော်ပြန့် အသေးလေးများကို လိပ်ပါမည်။
နှစ်မျိုး ကို တဝက် ဆီလောက် ခွဲလိပ် ပြီးဆီ ပူ ပူမှာ ထည့်ကြော်ရင် စားလို့ ကောင်းတဲ့ အားလူးကော်ပြန့် 
နဲ ပြောင်းဖူး ကော်ပြန့် လေးတွေ ရပါပြီ ။.
No comments:
Post a Comment