Sunday, July 22, 2012

ကြက်ပေါင်း ကော်ရည် လေး ချက်စားရအောင်

 

လွယ် လဲ လွယ် လုပ် ရတာ မြန် တဲ့ ကြက်ပေါင်း  ကော်ရည် ခေါက်ဆွဲ လေး လုပ်စားဖြစ်ပါတယ်
ပုံ လေးတွေ တောင် အဆင့် လိုက် မရိုက် လိုက် နိုင် ပါဘူး

                               
                ကြက်ပေါင်း ကော်ရည် ခေါက်ဆွဲ လုပ် ရန် လိုအပ် တဲ့ပစ္စည်းများ


                ခေါက်ဆွဲ အဆို အဝါ ရောင် ၃၀၀ဂရမ်
               ကြက်တောင်ပံ သို့ မဟုတ် ပေါင် ၃၀၀ ဂရမ်
               ပဲပင် ပေါက် လက် နှစ် စုပ် လောက်
               ကြက် သွန် မိတ် အနည်းငယ်
              ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း မောက် မောက် နှစ် ဇွန်း
              ဂျင်း အနည်းငယ်
               ပဲ ငံပြာရည် အနောက် လက် ဖက် ရည် ဇွန်း တဇွန်း
               အသားမှုန့် အနည်းငယ်
               ယိုဒယား ငံပြာရည် အနည်းငယ်



                                        လုပ်နည်း
 ကြက်တောင်ပံ သို မဟုတ် ကြက်ပေါင် များ ကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ အဖုံး ကြာကြာဖုံးထားချင်း ဖြင့် ကြက်များ နူး ပြီး ပေါင်းသလို လေး ဖြစ် ပါမယ် 


ပြီးရင် ကြက် ကို ဆယ် ပြီး ကြက်ပြုတ် ရည် ထဲကို ပြောင်းဖူး မုန့်  ရယ် ရေ ပန်းကန်လုံးသေးသေး တလုံးရယ် ပဲငံပြာရည် အနောက် ရယ် အသားမှုန့် ရယ် ဖျော်ထားတဲ့ အရည်ကို ထည့်ပြီး တည်ပါ မည် ပြစ် လာရင် ရပါပြီ 
ခေါက်ဆွဲ အဆို ကို ရေ နွေး နဲ နဲ ဖျော် ပါ ရေ နွေး ဆူ ဆူတည်ထားတဲ့ အထဲမှာ ပဲပင် ပေါက်ကို လဲ ရေ နွေး ဖျော် ပြီး
ရေ စစ် ထားပါ 

ကော် ရည် ခေါက် ဆွဲပြင် ပါ မယ် ပထမ ခေါက်ဆွဲ အဆို ကို အရင် စားမဲ့ ပန်းကန် လုံးထဲ ထည့်ပါ ပြီး ရင် အရည်ထည့်ကြက်သား အတုံးထည့် ပဲပင် ပေါက် ထည့် ကြက်သွန်ဖြူ ဆီချက် ဆနွင်းမပါ တာလေး ထည့် ကြက်သွန်မိတ် လေး လှီး ထည့်ပြီး ရင်
ငပိအနည်းငယ်ကို ကင်ပြီး ငရုတ်သီးစိမ်း ကြက်သွန် တို့ နဲ့ ထောင်း သံပုရာသီး ညစ်ထားတာ နဲ့ လဲ တွဲ စားလို့ ရပါတယ်
ရိုးရိုး တရုတ် အချဉ် နဲ့ လဲ စားလို့ ရပါတယ် 



ကြက် ကို ပြုတ် ပြီး ပုံ ပါ။




1 comment:

  1. စားချင်တယ် မမစန္ဒီ မိုးအေးအေးနဲ့ကွက်တိပဲ

    ReplyDelete