Thursday, July 26, 2012

ဝက်သား ဒုတ် ထိုး လေး လုပ်စားရအောင်





ဝက်သားဒုတ်ထိုးလေးလုပ်စား ခဲ့တာ ကြာပါပြီ အခုမှပဲ တင်ဖြစ်လို့ 

လိုအပ်တဲ့ပစ္စည်းများ

ဝက်လျှာ နှစ် ခု
အူချို ၃၀၀ဂရမ်
တရုတ် ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
တရုတ်မဆလာ လက်ဖက်ရည်ဇွန်းတဇွန်း
ဆီအနည်းငယ်
ဂျင်း လက်တဆစ်
ကြက်သွန် ဖြူ ၂ဥ
သကြား လက်ဖက်ရည်ဇွန်းတဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်း မှုန့် အနည်းငယ်
ပဲငံပြည်ရည် အနောက် လက်ဖက် ရည်ဇွန်း တဇွန်း
ပဲငံပြည်ရည် အကြည် စားပွဲတင်ဇွန်းတဇွန်း



                    လုပ်နည်းလေး


ပထမဝက်လျှာ နဲ့ အူချို ကိုခွဲပြီး တပန်းကန်ဆီနယ်ပါတယ်
ဆားအနည်းငယ် သကြားအနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဟင်းချက်ဝိုင်
ထည့်ပါ   နှစ်ဇွန်းလောက်ထည့်ပြီးအသားမှုန့် လေးအနည်းငယ် တရုတ်မဆလာ သကြား အားလုံးကို နှစ်ခုလုံးကို နယ်ထားလိုက်ပါ
ဆီ အနည်းငယ်လောက်နဲ့ ကြက်သွန် ဂျင်းထောင်းထားတာကို ရဲအောင် ဆီနဲ့သတ်ပြီးရင် ဝက်လျှာကို အရင်ထည့်အိုးထဲမှာ ဆီ လေးနဲ့ လှိမ့်လိုက်ပါ ပြီး ရင်ရေကို အိုးတဝက်လောက် ထည့်ပြီးတည်လိုက်ပါ
အိုးထဲမှာဝက်လျှာကိုအရင်ထည့်ပြုတ်ပြီး ၁၅မီနစ်လောက်ကြာလျှင်
အူချိုကိုထည့်လိုက်ပြီးနောက်ထပ်၁၀မီနစ်၁၅မီနစ်လောက်ဆိုရပါပြီ
ခရင်းလေးနဲ့ ထိုးကြည့်ပါသိတ်နုးအိစရာမလိုပါပျော့ရင်ရပါပြီ ရေလက်နှစ်လုံး
လောက်အိုးထဲမှာကျန်ရင်မီးပိတ်လိုက်ပါ။
အနားရဲရဲလေး လိုချင် ရင်တော့ အူချို နဲ့ လျှာကို ထုတ်ပြီး ဆီလေး နဲ့ အနားတင်းအောင်လုပ်ပြီး
ပြုတ်တဲ့ ရေ ထဲ ထည့်ပြီး ရင် လှီး စားလို့ ရပါပြီ

အချဉ် ကို ခရမ်း ချဉ်သီး ဆော့စ် ငရုတ်သီး ဆော့စ်  ထန်းညှက် ရည်အနည်းငယ် နဲ့ ရေလေးနည်းနည်းထည့်ပြီး မီးဖို ပေါ် မှာ ခဏတည် ရင် ရပါပြီ

1 comment:

  1. ညီမေ၇အခုမှဒါလေးကိုတွေးတယ်။ဆက်လုပ်ပါလား။ကိတ်နဲ့ ပေါင်မှုန့် လုပ်နည်းလေးတွေလဲရေးပါအုံး..

    ReplyDelete