Monday, April 23, 2012

ဆေးဘဲဥ ကြက်သား ငပိချက် စမ်း လေး ချက် ကြရအောင်


ဆေးဘဲဥ ကြော် ကြက်သား ငပိချက် စမ်း ချက်ရန် လို အပ်တဲ့ ပစ္စည်းများ
ဆေးဘဲဥ နှစ်လုံး (လူများ ရင် ပို လုပ်ပေါ့နော်)
ကြက်သား သို့ မဟုတ် ဝက်သား mince 100gm
ပုဇွန်ခြောက် မှုန့် လက်တဆုပ်
ငရုတ်သီး စိမ်းနှစ်ထောင့်
ကြက်သွန် ဖြူ ၂မွာ
ဟင်းချက် ငရုတ်သီး မှုန့် စားပွဲတင် ဇွန်း တဇွန်း
water 100ml
ဆီ အနည်းငယ်
ယိုဒယား ငံပြာရည် အနည်းငယ်

ပထမ ကြက်သား mince ကို ပုံပါအတိုင်း ဂျင်း ရည်စားပွဲတင်ဇွန်း တဇွန်း လောက် ငံပြာရည် အနည်း ငယ်
တို့ နဲ့ နယ်ပြီး ခဏ ထားလိုက်ပါ။






ဆေး ဘဲ ဥ ကို အပြင် က ဟာ များ ကို အရင်ခွာ ပြီး အခွံ ပါ နွာ လိုက်ပါ ပုံပါအတိုင်း





ပြီးရင် ဆီ ပူပူ မှာ ဟို ဘက် ဒီဘက် လှန် ပြီး ၅မီနစ်လောက် ကြော်လိုက်ပါ။







ကြက်သား ငပိချက် ချက် ပါမည်

ပထမ ငရုတ်သီး စိမ်း ဟင်းချက် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ တို့ ကို ရော ထောင်းပြီး ဆီ အနည်းငယ် ဖြင့်
ဆီ သတ်ပါ ပြီး ရင် ပုဇွန်ခြောက်ထည့်ပါ ပြီး ရင် ကြက်သား mince ထည့် ပါ ပြီး ရင် ပုံပါအတိုင်း မွေ ပါ
ရေ နည်းနည်း ထည့် ပေးပါ ကြက်သား ကျက်ရန် အတွက် ငံပြာရည် အနည်းငယ်ထည့် ပါ ရေ နဲနဲ ကျန် ကြက်သား mince များ ကျက်ရင် ကြော်ထား တဲ့ဆေးဘဲဥ အလုံးကို အခြမ်း လှီးလိုက်ပြီး ဆေးဘဲဥ အခြမ်း
လေး များ ပေါ် ကို ကြက်သား mince ငပိချက် လေး ဖြန်းလိုက်ရင် စားလို့ ကောင်းတဲ့ ဟင်း လေးတခွက် ရပါပြီ။



No comments:

Post a Comment