Saturday, September 1, 2012
Chocolate loaf လေး ဖုတ် စားရအောင်
ကျွန်မ ဒီရက်ပိုင်းတွေ မှာမုန့် ဖုတ်တာနဲ့  ဘာမှက မတင် ဖြစ် ပါဘူး FB မှာတင် ရင် လဲ ပုံလေးတွေပဲ တင်ဖြစ် လို့ လုပ်နည်း မရေး ရသေးတာရယ် တခုပြီး တခု စမ်းနေလို့  ဒါနဲ့ ပဲ ဒီနေ့ တော့ Marbled Chocolate loaf လုပ်နည်း လေး ရေးပေးလိုက်ပါတယ်။
Marbled Chocolate cake လုပ်ရန်လို အပ်တဲ့ပစ္စည်းများ
ထောပတ် ၁၀၀ဂရမ် room temperature
cake flour 90 gm
baking powder 1tsp
100 gm of caster sugar
1tbsp coco powder
orange juice 2tsp
orange zest 1tbsp (Orange အခွံကို ခြစ်ထည့်ပါ)
ကြက်ဥ နှစ်လုံး
1tbsp of milk
ပထမ ထောပတ် ရယ် သကြားရယ် Orange zest ရယ် အားလုံးကို မွေစက်နဲ့  ခရမ် ဖြစ်တဲ့ အထိမွေပါ
ပြီး ရင် ကြက်ဥခေါက်ထားတာထည့်ပြီး ထပ်မွေ ပါ ပြီးမှ ဇကာစစ်ပြီး ရောထားတဲ့ ဂျုံနဲ့  baking powder ကိုရောထားတာကို ထည့်ပြိး သစ်သား ဇွန်း နဲ့ မွေ လိုက်ပါ Orange juice ပါထည့်မွေပါ
အားလုံးရောသွားရင် ဂျုံနှစ် ကို နှစ်ခု ခွဲလိုက် ပါ တခုကို အဖြူ အတိုင်း ထားပြိး နောက်တခုကို
နို့နဲ့ ဖျော်ထားတဲ့coco powderအမှုန့် ရေ ကို ထည့်ရောပါ ဒါဆို အဖြူ ရောင် နဲ့ အညိုရောင် ဂျုံ နှစ် ရပြီနော် ပထမ Oven ကို ၁၈၀ ဒီဂရီထားပြီး ချိန်ထားပါ အလျား၇လက်မ အနံ ၂လက်မခွဲလောက် ရှိတဲ့
ကိတ်ခွက်ထဲမှာ ပထမ အဖြူအနှစ်ကိုတဇွန်းထည့် ပြီး ရင် အညိုရောင် အနှစ်ကိုတဇွန်းထည့် အဲလို မျိုး အနှစ်များ ကုန်တဲ့ အထိ ထည့်ပြီး ရင် ခရမ်း လေး နဲ့ မွေ လိုက် ပါ ရောသွားအောင် ပြီး ရင် ထည့်ပြီး ဖုတ်လို့ ရပါပြီ မီနစ် ၃၀လောက်ဖုတ်ပါ ကိတ်ကျက် မကျက်ကို သစ်သား အတံ သို့ မဟုတ် သွားကြား ထိုးတံ နဲ့ အလယ်လေးကို ထိုးကြည့်ပါ ဘာမှကပ် မပါလာရင် ရပါပြီ
ဖုတ်ပြီးသွားတဲ့ ကိတ် ပုံလေး
အနှစ် ကို တခုပြီးတခုထည့်ပြီးနောက်ဆုံးမှာ ခရင်းနဲ့ မွေလိုက်ပါမယ်။
Wednesday, August 29, 2012
Pancake လေးလုပ်စား ရအောင်
ကျွန်မ ဟင်းတွေမုန့် တွေ မတင် ဖြစ်တာ ကြာလို့  ခွင့်လွတ်ပါ ပေါင်မုန့် ကို ကြိုးစားပြီးလုပ်နေတာ ပေါင်မုန့် တခု ဖုတ်ဖို့ ရာ နယ်ပြီး နှပ်ထား ရတာ ၂နာရီ လောက် ပြီး ရင် ပုံလုပ်ပြီး တခါ ထပ်ထားရတာ ရယ် နဲ့ နေ့ တဝက်လောက် ကုန် သွား ရော ဒါနဲ့ ပဲ ကိုယ့် blog လေး မှာ ဘာမှမတင် နိုင် ဖြစ်နေတာ ဒီနေ့ တော့
Pancake လုပ်စားတာနဲ့ အပြေးအလွား ရေး လိုက်ပါတယ်
Pancake ၈ခု စာလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ
Self raising flour 100 gm
baking powder 1/4 tsp
melted butter 10gm
milk 100ml
1 small egg
sugar 30gm
လုပ်နည်း
ပထမ ဂျုံ ရယ် baking powder သကြား အားလုံးကို အရင်ရောထားပြီးပါ ကြက်ဥ ရယ်နို့ ရယ် ကို ဖျော်ထားပါ ပြီး မှ နှစ် ခု လုံးကို ရောပြီး melted better ထည့်ပါ ပြီး ရင် ပြစ်ပြစ်လေး ဖျော်ပါ မကျဲ ပါစေနဲ့  အိုး ၂လက်မခွဲ အိုး သို့ မဟုတ် အိုး ပြား ကြီး နဲ့လဲ လုပ် လို့ ရပါတယ် အိုး အကြီး ဆို ၃ခုလောက် လုပ် လို့ ရပြီး အိုး အသေး ကတော့ပုံလှ ပြီး တခု ခြင်း ပဲ လုပ်လို့ ရပါတယ် ဖျော်ထားတဲ့ ဂျုံအနှစ် ကို စားပွဲတင်ဇွန်း နဲ့ ခပ်ပြီး လုပ်ပါ မုန့် တခု ကို
ဇွန်း၃ဇွန်း လောက် အနည်းဆုံးထည့်လုပ်ပြီး အိုးမှာ ထောပတ် သို့ မဟုတ် ဆီ အနည်း ငယ်ထည့်ပြီး လုပ်ပါ
အောက် တဖက် ကြက်ရင် လှန် ပြီး ၂မီနစ် ၃မီနစ်လောက်ထား ရင် ရပါပြီ ဒါဆို စားကောင်းတဲ့ Pancakeရပြီနော် ပျားရည် ရယ် whipping cream လေး နဲ့ တွဲစားရင် စားကောင်းလို့ 
ပုံမှာ အိုး အသေးနဲ့ လုပ်ထားတာပါ ကျွန် မ က ဒီတိုင်း အီ လို့ blue berries လေး ကို လုပ်တုန်းထည့်လိုက်ပါတယ်။
Sunday, August 19, 2012
ကြက်ဥ ပေါင်မုန့်  ကြော်စားရအောင်
ဒါလေး က တော့ ညနေစာ ခေါက်ဆွဲ ပြုတ် သောက် ပြီး တဲ့အချိန်မှာ အချို စားချင်တာ နဲ့ ထလုပ်လိုက်တဲ့
ကြက်ဥ ပေါင်မုန့် ကြော် လူတိုင်း ကြော်တတ်မှာပါ ဒါပေမဲ့ အခု လို ကိုယ်တိုင် လုပ် blue berries jam လေး နဲ့ တွဲစားတာ ကောင်းလို့ 
ကြက်ဥ ပေါင်မုန့် ကြော်ရန် လို အပ်တဲ့ပစ္စည်းများ
ပေါင်မုန့်  ၄ချပ်
ကြက်ဥ အကြီး နှစ်လုံး
သကြား စားပွဲတင်ဇွန်း တဇွန်း
နို့  စားပွဲတင်ဇွန်း ၃ဇွန်း
ဆီ အနည်းငယ်
လုပ်နည်း
ပထမ ကြက်ဥနှစ်လုံးကို ဖေါက်ပြီး သကြား နို့ အားလုံးနဲ့ ဖျော်ထားလိုက် ပါ ပြီး ရင် ပေါင်မုန့် တချပ် ချင်းစီ နှစ် ပြီး ကြော်ပါ။
ဒယ် အိုး အပြားမှာ ဆီကိုသုတ် ရုံလောက်ပဲ ထည့်ပြီး ပေါင်မုန့်  ထည့်ကြော်ပါ ကြက်ဥကြက် ရင် ဟိုဘက် ဒီဘက် လှန်ပါ တခုပြီး သွားတိုင်း ဆီ ကုန်ရင် ဆီနဲနဲ ထပ်သုတ်ပြီး ကြော်ပါ
ပြီး ရင် strawberries ,blue berries တခုမဟုတ် တခု လက်တစုတ်လောက် ကို သကြားလက်တဆုတ်လောက် နဲ့ မီးအေးအေး နဲ့ ချက်ပါ အသီး လေးများ ပျော့လာရင်ချလိုက်ပြီး ပေါင်မုန့် ကြော် နဲ့ တွဲစားပါ ။
ကြက်သားလုံး ကုန်းဘောင် ကြီးကြော်လေး ကြော်စားရအောင်
ကိုယ့် ဘလော့ လေး ကို ပြစ်ထားသလို တောင် ဖြစ် ရတယ် အလုပ်များ ပြီး မုန့် တွေ တခုပြီးတခုဖုတ်နေလို့  ဖုတ် ပြီး သာ မုန့် လုပ်နည်း လေး များကို လဲ တင်ပေးသွားပါမယ် အခု သိတ်မကြာခင် က ချက် စားဖြစ်တဲ့ ကြက်သား လုံး ကုန်းဘောင် ကြီး ကြော် ချက်နည်း လေး ပါ
ကြက်သားလုံး ကုန်း ဘောင် ကြီး ကြော် ရန် လို အပ်တဲ့ပစ္စည်းများ
ကြက်သား ကြိတ်ပြီး သား ၃၀၀ ဂရမ်(ကျွန်မ ကတော့ကိုယ် ဟာကိုယ် ကြက်ပေါင်သားများ ကို အသားကြိတ် စက်လေး နဲ့ ကြိတ်လိုက်ပါတယ်
တရုတ်ဟင်း ချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်သီးအခြောက်ထောင့် ၇တောင့်
ကြက်သွန် နီ ဥ ခပ်ရွယ်ရွယ် ၃ဥလောက်ကို လေးစိပ်လှီးထားပါ
ခရမ်းချဉ်သီး ခပ်ရွယ် ရွယ် ၂လုံးကို တလုံးလေးစိပ်လှီးထားပါ
ကြက်သွန်မိတ် ၂ပင်လောက် ကို တလက်မ အရွယ် ဆီ ဖြတ်ထားပါ
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း မောက်မောက် တဇွန်း
သကြားအနည်းငယ်
လုပ်နည်း
ပထမ ပုံပါအတိုင်း ကြက်သား ကြိတ်ပြီးသား အသား များ ကို ဟင်းချက်ဝိုင် ပြောင်းဖူး မှုန့် အသားမှုန့် 
ဆား ဂျင်း အနည်းငယ်ထောင်းထားတာများကိုနယ်ပါမယ်
ပြီး ရင် ဆီပူပူ မှာ ရဲအောင် ကြော်ပါမယ်
ငရုတ်သီး အခြောက်ထောင့် ၇တောင့်လောက်ကိုလဲ ကြော်ပြီး စယ်ထားပါ
ကြော်ထားတာများကို ဆယ်ထားပြီး ရင် ကြက်သားလုံး ကုန်းဘောင် ကြော်ပါမည်
ပထမ ဂျင်း၂ပြား၃ပြား ရယ် ကြက်သွန်ဖြူ ၂ဥထု ထားတာရယ်ကို ဆီ စားပွဲတင်ဇွန်း ၃ဇွန်းလောက်မှာ
ဆီသတ်ပြီး ရင် ကြက်သွန် အနီ ခရမ်းချဉ်သီး ထည့် ချက်ပါ နဲနဲ နွမ်းလာလျှင် ပဲငံပြာရည် အနောက်ထည့်ပါ
သကြားတဇွန်းလောက် ထည့်လိုက်ပါ ပြီးရင် ကြက်သားလုံးနဲ့ ငရုတ်သီးကြော်ထည့်ပြီးမွေ ပါ
ပြီး ရင် ရေ စားပွဲတင်ဇွန်း ၄ ၅ ဇွန်းလောက်ထည့်ပြီး ပွတ်ပွတ်ဆူ ရင် ချပါ စားလို့ ကောင်း တဲ့ ကြက်သားလုံး ကုန်းဘောင် ကြီးကြော်ရပါပြီ
ပုံမှာ ကြော်ထားတဲ့ ကြက်သားလုံး နဲ့  ငရုတ်သီးတောင့်ကြော်
Thursday, August 9, 2012
ကော်ပြန့် ကြက်ဥနှစ်ကြော်လေး လုပ်စားရအောင် နော်
ကျွန်မ ပို့ စ် လေးတွေ မတင်ဖြစ်တာ ကြာလို့  ဒီနေ့ တော့ကော်ပြန့် ကို ပုံမုန် အတိုင်း လိပ်ပြီး ပြီးမှကြက်ဥခေါက်ပြီးသာထဲ နှစ်ကြော်လိုက်တာ ကြက်သားလိပ် ဝက်သားလိပ်လေး လို စားကောင်းလို့ 
လို အပ်တဲ့ ပစ္စည်းများ
ကော်ပြန့် ရွက် ၁၁ရွက် (frozen ကော်ပြန့် ရွက်ကို ရေခဲ သေတ္တာထဲက ၄၅မီနစ်ထုတ်ပြီး ရင် အဝတ်စိုလေးနဲ့ ဖုံး ထားပြီး ပြီးမှ တရွက် ချင်းဆီကိုယူပြီးလိပ်ပါ)
ပုဇွန် အခွံခွာပြီး ၁၀ကောင်လောက်ကို နူပ်နူပ်ဆင်းထားပါ
မှို အနည်းငယ် ကြက်သွန်မိတ်အနည်းငယ်ကို လဲပါးပါးလှီး ထားပါ
ဥနီ တဥလောက် ကိုလဲ ပါးပါးလှီးပါ
ကုန်နေလို့ မပါတာပါ
ပဲပင်ပေါက် ၂၀၀ဂရမ်
ကြက်ဥ ၃လုံး အသားမှုန့် ထည့်ပြီး ခေါက်ထားပါ
လုပ်နည်း
ပထမ ပုဇွန် ကို ထည့်ကြော်ပါ ပြီးလျှင် မှို တို့ ပဲပင်ပေါက် ကြက်သွန်မိတ်တို့ ထည့် ပါ ခရုဆီ အသားမှုန့် ထည့်ကြော်ပါ နွမ်း တဲ့ အထိကြော်လိုက်ပါ ပြီး ရင် ဇကာ နဲ့ စစ်ထားလိုက် ပါ အရည်များ ကျန်လျှင်ကော်ပြန့် လိပ်လို့ မကောင်းပါ ဒါဆိုရင် ပုံပါအတိုင်း လိပ်ပါ မည် ထိပ်ပိတ် ဖို့ အတွက် ဂျုံမှုန့်  လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်လောက် ကို ရေ နဲ့ ပြစ်ပြစ်ဖျော်ပြီ ကော်ပြန့်လိပ်ပြီးသာထိပ်လေးပိတ်လိုက်ပါ။
အခု လိပ်ပြီး သွားတဲ့ ကော်ပြန့် လေးများ ရပြီ ဆိုလျင် ခေါက်ထားတဲ့ ကြက်ဥ ထဲ ကိုနှစ်ကြော်ရင် စားလို့ ကောင်းတဲ့ ကော်ပြန့် ကြက်ဥနှစ်ကြော်လေး ရပါပြီ ။
Sunday, August 5, 2012
မုန့် ပြားသလက် လုပ်စားရအောင်
ဒီနေ့ တော့ မုန့် ပြားသလက်လေးလုပ်စားပါတယ် အဆင့်ဆင့်မရိုက်လိုက် နိုင်ပါဘူး ဒါပေမဲ့ သိတ်လဲ မခက်လို့ လုပ်စားကြည့်နော်
မုန့် ပြားသလက် ရ ခုစာလုပ်ရန်လို အပ်သောပစ္စည်းများ
rice flour 60gm (မွေး ဆန်မှုန် ထုတ်လဲ သုံးလို့ ရပါတယ်)
baking soda 1/8tsp
ရေ 150ml
ဆားအနည်းငယ်
အသားမှန့် အနည်းငယ်
ပဲပြုတ် လက်တဆုတ် လောက်
ဂျင်း လက်တစစ်လောက် ကို သေးသေးလေး ချစ်ထားပါ
နံနံပင် သို့ မဟုတ် ကြက်သွန်မိတ် ၃ ၄ပင်
အိုး သုတ် ရန် brush သို့ မဟုတ် ဆီသုတ် လို့ ရတဲ့ ပစ္စည်းတခုတခု
လုပ်နည်း
ပထမ ဆန်မှုန့် ရေ baking soda ဂျင်း ဆား အသားမှုန့် တို့ ကို ဖျော်ပြီး နာရီဝက် ၁နာရီလောက်ထားလိုက်ပါ ပြီး ရင် အောက်မှာ ပြထားတဲ့အိုးလေးများထဲ ကို ဆီ လက်ဖက်ရည်ဇွန်း တဇွန်း ဝက် ခန့်ထည့်ပြီး မုန့် ရည်ယောက် ချို တဇွန်း ခွဲ စာလောက် ထည့်ပြီး ပဲပြုတ် ကြက်သွန်မိတ် လှီးထားတာလေး များကို ထည့် ပါ ပြီး ရင် အဖုံး အုပ်ထားပါ ကျွန်မ ကတပြိုင် ထဲနှစ်အိုး လုပ်လိုက်ပါတယ် ပြိး ရင် အနားလေးတင်းလာ လျှင် မုန့် မျက်နှာ ပြင် ကို ဆီသုတ် ပေးပါ ပြီး ရင် ပြန်ဖုံးလိုက်ပါ ဆီကို ခဏခဏသုတ်ပေးပြီး အောက် နားများ နဲ နဲ ကျွတ် လာ ရင် ရပါပြီ အချိန် အနေ နဲ့ တခုကို ၅မီနစ်လောက် ကြာပါတယ် ဒါဆို ရန်ကုန် အလွမ်းပြေ မုန့် ပြားသလက် လေး ရပြီနော်
မုန့် ပြားသလက် လုပ် ရန် အတွက် ၃လက်မ မရှိတရှိ ပတ်လည် အိုးလေးများ
Thursday, August 2, 2012
ပဲ ကောက်ညှင်းပေါင်း ပူပူလေး လုပ်စားရအောင်
ပဲ ကောက်ညှင်းပေါင်း ပူပူ လေး လုပ်စားထားတာ ကြာပါပြီ အခုမှပဲ တင်ဖြစ် လို့ 
လိုအပ်တဲ့ပစ္စည်းများ
ကောက်ညှင်း ဆန် ၁ခွက်ခွဲ
red bean တခွက် မပြည့်တပြည့် သိတ်များတာမကြိုက်ရင် လျော့ထည့်ပါ
ဆား အနည်းငယ်
အသားမှုန့် အနည်းငယ်
ဆီ အနည်း ငယ်
တွဲစား ရန် ခြစ်ပြီး အုန်း သီး လက်တစုတ်လောက်
နှမ်း နဲ့ ဆား ကို ရောထောင်းပါ
လုပ်နည်း
ကောက်ညှင်း ဆန် ၁လုံးခွဲလောက်ကို ၂နာရီလောက်ရေစိမ်ပြီး
Red bean ကို လည်း ၄နာရီလောက်ရေစိမ်ထားလိုက်ပါတယ် ပြီးမှပေါင်းအိုးထဲမှာဆားအနည်းငယ်အသားမှုန့်  အနည်းငယ် ဆီ လေး လက်ဖက် ရည်ဇွန်း လောက် ထည့်ပြီး ၃၅မီနစ်လောက်ပေါင်းလိုက်ပါတယ် ၁၅မီနစ်တခါလောက်ရေဖြန်းပြီး ဇွန်းနဲ့ မွေလိုက်ပါတယ် ၃၅မီနစ်ပေါင်းပြီးအုန်းသီးဖြူး နှမ်းထောင်းဖြူးပြီးရင် စားကောင်းတဲ့ ကောက်ညှင်းပေါင်းလေးရပါပြီ
Subscribe to:
Posts (Atom)














