Sunday, July 29, 2012

ဝက်သား ဒုတ်ထိုး လေး နဲ့ တွဲစားတဲ့ သတ်သတ်လွတ်ကြာဇံ ကြော်စားရအောင်



ဟိုနေ့ က ဝက်သားဒုတ်ထိုး လုပ်ပြီးတော့ ဝက်သား ဒုတ်ထိုး နဲ့ကြာဇံ ကြော်လေးတွဲစား ရင်
တော်တော်လေး လိုက် လို့ ကြော် ရအောင် နော်


သတ်သတ်လွတ် ကြာဇံ ကြော်ရန် လို အပ် သောပစ္စည်းမျာြး


ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် ၂ထုပ် 
မုန် လာဥနီ တဝက်
ကော်ဖီထုပ် အထုပ် တဝက်
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ပဲ ငံပြာ ရည် အနောက် လက်ဖက် ဇွန်းလေး နဲ့ တဇွန်း 
ကြက်သွန် ဖြူ တဥ နှစ် ဥ


ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင်   ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံနဲ နဲ ပျော့ လာလျှင် မုန်လာဥနီလှီးထားတာရယ် ဂေါ်ဖီ လှီးထားတာရယ် ကို
ထည့်ပါ ဆီ ခြောက် ရင် နဲနဲ ဆီထည့် ပေးပါ ခရုဆီ နဲ့ အသားမှုန် ပဲ ငံပြာရည် အကြည် အနောက် ထည့်ပါ ကြာဇံလဲ စားလို့ ရတဲ့ အရွယ် ဂေါ်ဖီ နဲ့  မုန် လာ ဥနီ ပါ ကြက် ရင်မီးပိတ် လိုက်ပါ  စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။

Thursday, July 26, 2012

ဝက်သား ဒုတ် ထိုး လေး လုပ်စားရအောင်





ဝက်သားဒုတ်ထိုးလေးလုပ်စား ခဲ့တာ ကြာပါပြီ အခုမှပဲ တင်ဖြစ်လို့ 

လိုအပ်တဲ့ပစ္စည်းများ

ဝက်လျှာ နှစ် ခု
အူချို ၃၀၀ဂရမ်
တရုတ် ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
တရုတ်မဆလာ လက်ဖက်ရည်ဇွန်းတဇွန်း
ဆီအနည်းငယ်
ဂျင်း လက်တဆစ်
ကြက်သွန် ဖြူ ၂ဥ
သကြား လက်ဖက်ရည်ဇွန်းတဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်း မှုန့် အနည်းငယ်
ပဲငံပြည်ရည် အနောက် လက်ဖက် ရည်ဇွန်း တဇွန်း
ပဲငံပြည်ရည် အကြည် စားပွဲတင်ဇွန်းတဇွန်း



                    လုပ်နည်းလေး


ပထမဝက်လျှာ နဲ့ အူချို ကိုခွဲပြီး တပန်းကန်ဆီနယ်ပါတယ်
ဆားအနည်းငယ် သကြားအနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဟင်းချက်ဝိုင်
ထည့်ပါ   နှစ်ဇွန်းလောက်ထည့်ပြီးအသားမှုန့် လေးအနည်းငယ် တရုတ်မဆလာ သကြား အားလုံးကို နှစ်ခုလုံးကို နယ်ထားလိုက်ပါ
ဆီ အနည်းငယ်လောက်နဲ့ ကြက်သွန် ဂျင်းထောင်းထားတာကို ရဲအောင် ဆီနဲ့သတ်ပြီးရင် ဝက်လျှာကို အရင်ထည့်အိုးထဲမှာ ဆီ လေးနဲ့ လှိမ့်လိုက်ပါ ပြီး ရင်ရေကို အိုးတဝက်လောက် ထည့်ပြီးတည်လိုက်ပါ
အိုးထဲမှာဝက်လျှာကိုအရင်ထည့်ပြုတ်ပြီး ၁၅မီနစ်လောက်ကြာလျှင်
အူချိုကိုထည့်လိုက်ပြီးနောက်ထပ်၁၀မီနစ်၁၅မီနစ်လောက်ဆိုရပါပြီ
ခရင်းလေးနဲ့ ထိုးကြည့်ပါသိတ်နုးအိစရာမလိုပါပျော့ရင်ရပါပြီ ရေလက်နှစ်လုံး
လောက်အိုးထဲမှာကျန်ရင်မီးပိတ်လိုက်ပါ။
အနားရဲရဲလေး လိုချင် ရင်တော့ အူချို နဲ့ လျှာကို ထုတ်ပြီး ဆီလေး နဲ့ အနားတင်းအောင်လုပ်ပြီး
ပြုတ်တဲ့ ရေ ထဲ ထည့်ပြီး ရင် လှီး စားလို့ ရပါပြီ

အချဉ် ကို ခရမ်း ချဉ်သီး ဆော့စ် ငရုတ်သီး ဆော့စ်  ထန်းညှက် ရည်အနည်းငယ် နဲ့ ရေလေးနည်းနည်းထည့်ပြီး မီးဖို ပေါ် မှာ ခဏတည် ရင် ရပါပြီ

Sunday, July 22, 2012

ကြက်ပေါင်း ကော်ရည် လေး ချက်စားရအောင်

 

လွယ် လဲ လွယ် လုပ် ရတာ မြန် တဲ့ ကြက်ပေါင်း  ကော်ရည် ခေါက်ဆွဲ လေး လုပ်စားဖြစ်ပါတယ်
ပုံ လေးတွေ တောင် အဆင့် လိုက် မရိုက် လိုက် နိုင် ပါဘူး

                               
                ကြက်ပေါင်း ကော်ရည် ခေါက်ဆွဲ လုပ် ရန် လိုအပ် တဲ့ပစ္စည်းများ


                ခေါက်ဆွဲ အဆို အဝါ ရောင် ၃၀၀ဂရမ်
               ကြက်တောင်ပံ သို့ မဟုတ် ပေါင် ၃၀၀ ဂရမ်
               ပဲပင် ပေါက် လက် နှစ် စုပ် လောက်
               ကြက် သွန် မိတ် အနည်းငယ်
              ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း မောက် မောက် နှစ် ဇွန်း
              ဂျင်း အနည်းငယ်
               ပဲ ငံပြာရည် အနောက် လက် ဖက် ရည် ဇွန်း တဇွန်း
               အသားမှုန့် အနည်းငယ်
               ယိုဒယား ငံပြာရည် အနည်းငယ်



                                        လုပ်နည်း
 ကြက်တောင်ပံ သို မဟုတ် ကြက်ပေါင် များ ကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ အဖုံး ကြာကြာဖုံးထားချင်း ဖြင့် ကြက်များ နူး ပြီး ပေါင်းသလို လေး ဖြစ် ပါမယ် 


ပြီးရင် ကြက် ကို ဆယ် ပြီး ကြက်ပြုတ် ရည် ထဲကို ပြောင်းဖူး မုန့်  ရယ် ရေ ပန်းကန်လုံးသေးသေး တလုံးရယ် ပဲငံပြာရည် အနောက် ရယ် အသားမှုန့် ရယ် ဖျော်ထားတဲ့ အရည်ကို ထည့်ပြီး တည်ပါ မည် ပြစ် လာရင် ရပါပြီ 
ခေါက်ဆွဲ အဆို ကို ရေ နွေး နဲ နဲ ဖျော် ပါ ရေ နွေး ဆူ ဆူတည်ထားတဲ့ အထဲမှာ ပဲပင် ပေါက်ကို လဲ ရေ နွေး ဖျော် ပြီး
ရေ စစ် ထားပါ 

ကော် ရည် ခေါက် ဆွဲပြင် ပါ မယ် ပထမ ခေါက်ဆွဲ အဆို ကို အရင် စားမဲ့ ပန်းကန် လုံးထဲ ထည့်ပါ ပြီး ရင် အရည်ထည့်ကြက်သား အတုံးထည့် ပဲပင် ပေါက် ထည့် ကြက်သွန်ဖြူ ဆီချက် ဆနွင်းမပါ တာလေး ထည့် ကြက်သွန်မိတ် လေး လှီး ထည့်ပြီး ရင်
ငပိအနည်းငယ်ကို ကင်ပြီး ငရုတ်သီးစိမ်း ကြက်သွန် တို့ နဲ့ ထောင်း သံပုရာသီး ညစ်ထားတာ နဲ့ လဲ တွဲ စားလို့ ရပါတယ်
ရိုးရိုး တရုတ် အချဉ် နဲ့ လဲ စားလို့ ရပါတယ် 



ကြက် ကို ပြုတ် ပြီး ပုံ ပါ။




Friday, July 20, 2012

ပြောင်းဖူး ကော်ပြန့် နဲ အားလူး ကော်ပြန့်  ကြော်စား ဖြစ် ပါတယ် ကြော်စားဖြစ် တာကြာပါပြီ



                      ကော်ပြန့် အသေးလေးတွေ နှစ်မျိုး ကြော်စားဖြစ် ပါတယ်
ဒါလေးကြော်စားထား တာ ကြာပါပြီ အစမ်းလေး မို့  တင်ဖြစ် သွားတာပါ ။


                             ကော်ပြန့် ကြော်ရန် လို အပ်တဲ့ ပစ္စည်းများ


             ကော်ပြန့် အရွက် Frozen အသေးထုပ် တထုပ် ၄ပုံ တပုံလောက်
             အားလူး ခပ်ရွယ် ရွယ် သုံးလုံးကို ပြုတ်ထားပါတယ်
             sweet corn ၁၅၀ဂရမ်
             မဆလာ အနည်းငယ်
             အသားမှုန့် အနည်းငယ်
             ဆားအနည်းငယ်
             ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း လောက်
             ကြက်သွန် နီ ခပ်ကြီး တလုံးကို အတုံးသေးသေးလေးတွေလှီးထားပါ အားလူး မဆာလာ
            ကော်ပြန့် ထဲထည့်ရန်

                                   
                                  လုပ်နည်း

ကော်ပြန့် ကအစာနှစ်မျိုးထည့်ထားပါတယ် တမျိုးကတော့အာလူးကိုပြုတ်ပြီး
ခြေ မဆလာအနည်းငယ် ဟင်းချက်ငရုတ်သီးအမှုန့် အနည်းငယ် ကြက်သား
မုန့် အနည်းငယ် ဆားအနည်းငယ် ကြက်သွန်အနီအတုံးသေးသေးလေးတွေ
ထည့်ထားတဲ့ ကုလားစတိုင် ကော်ပြန့် ပါ
နောက်တမျိုးကတော့ရန်ကုန်မှာစားခဲ့ရတဲ့ နည်းကို သတိရပြီး sweet cornကို
အသားမှုန့် ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲမှာပြောင်းဖူးကျက်အောင်ချက်လိုက်ပြီး ကော်ပြန့် sheetထဲ ကို ကျွန်မ ပထမ ကော်ပြန့် လိပ်တဲ့နည်းပုံလေး ပြထားတဲ့ အတိုင်း ကော်ပြန့် အသေးလေးများကို လိပ်ပါမည်။
နှစ်မျိုး ကို တဝက် ဆီလောက် ခွဲလိပ် ပြီးဆီ ပူ ပူမှာ ထည့်ကြော်ရင် စားလို့ ကောင်းတဲ့ အားလူးကော်ပြန့် 
နဲ ပြောင်းဖူး ကော်ပြန့် လေးတွေ ရပါပြီ ။.                 


Thursday, July 19, 2012

ကြက်ပင်စိမ်း အုပ် ချက် ပင်စိမ်း မရှိလို့  နံနံပင် ပဲ အုပ်ချက် လိုက် ရပါတယ်

ကြက် သား ပင်စိမ်း အုပ်ချက် လေး ပင်စိမ်းမရှိလို့  နံနံပင်အုပ်ချက်လိုက်ရပါတယ်

                              လိုအပ်တဲ့ပစ္စည်းများ

ကြက်သား အရိုးမပါ အသား ကြီးပဲ ရင်ပုံတခု ပေါင် တခု လေးထောင့်တုံးလေးများလှီးထားပါ
ငရုတ်သီး အစိမ်း ၃ တောင့် ၄တောင့်
ကြက်သွန် ဖြူ ၃ဥ
ပြောင်ဖူး မုန့်  ထမင်းစားပွဲတဇွန်း မောက်မောက်
သံပုရာသီး အစိပ်ကြီး တစိတ်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
နံနံပင် သို့ မဟုတ် ပင်စိမ်း လက်တစုတ်
ခရုဆီ အနည်းငယ်

                             လုပ်နည်း

ကြက်သား ကို သံပုရာသီး ညှစ် အသားမှုန့် အနည်းငယ် ဆား အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး ခဏထားပြီးမှ ဆီ ပူပူတွင် ကျွတ် အောင် မကြော်ပဲ ကြက်ရုံ လေး ကြော်လိုက်ပါ ပြီး ရင် ဆယ်ထားလိုက်ပါ

အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန် ဖြူ နဲ့ ငရုတ်သီး စိမ်း ကို အရင် ဆီသတ်ပါ
ကျွတ်အောင် မဟုတ်ဘဲ ခပ်ပျော့ပျော့အချိန်မှာ ကြက်သား ထည့်ပါ ရောချက် ပြီး ခရုဆီ ထည့်ပါ ပြီး ရင် နံနံပင် သို့ မဟုတ် ပင်စိမ်း အုပ်ပြီး ခဏနေ ချလိုက် ပါ စားကောင်းတဲ့ ဟင်းတခွက် ရပါပြီ


Tuesday, July 17, 2012

ကြက်တောင်ပံ ခရုဆီဆမ်း လေး ချက်စားရအောင်



                       ကြက်တောင် ပံ ခရုဆီ ဆမ်း ချက် ရန် လိုအပ်တဲ့ပစ္စည်းများ


            ကြက်တောင်ပံ ၃၀၀ဂရမ်
            ကြက်တောင်ပံကြော်ရန် ဆီ ၁ခွက်
            ဆားအနည်းငယ်
            ငရုတ်ကောင်းအနည်းငယ်
            အသားမှုန့် အနည်းငယ်
            says light sauce 1tbsp
            Saya dark sauce 1tsp
            cooking wine 1tsp
            corn flour 1tsp
            ခရုဆီ စားပွဲတင်ဇွန်းတဇွန်း
            ရေ ပန်းကန် လုံးအသေးလေးတလုံး


                             လုပ်နည်း

ပထမ ကြက်တောင်ပံကို ဆား အသားမှုန့် ငရုတ်ကောင်းမှုန့်  နည်းနည်းဆီ နဲ့ ပဲ နယ်ပါ ပြီးရင် ၂နာရီလောက်ထားပြီးမှ နီညိုရောင် သန်း သည် အထိ ကြော်လိုက်ပါ။
     
ကြော်ပြီး သား ကြက်တောင်ပံများ ကို  ခရုဆီ saya light sauce ,dark sauce ,rice wine ,corn flour ,water အားလုံးဖျော်ပြီးချက်တဲ့အရည်လောင်းထည့်လိုက်ပါတယ် အရည်ပူပြီး ပြစ်လာ ရင် ချလို့ ရပါ ပြီ  ထမင်းပူပူ တုန်ယမ်ဟင်းချိုလေးနဲ့ တွဲစားရင်အရမ်းစားကောင်းလို့  နောက် နေ့ မှ တုန်ယမ် ဟင်းချို ချက်နည်းလေး ရေးလိုက်ပါ့မယ်။

Sunday, July 15, 2012

ကင်မချီ လေး လုပ်စားရအောင်





                                            ကင်မချီ လုပ်ရန်လိုအပ်တဲ့ပစ္စည်းများ

မုန့် ညှင်း ထုတ် ၅၀၀ဂရမ်
sea salt လက်တဆုတ်
သကြားလက်ဖက်ရည်ဇွန်းတဇွန်း
ကိုရီးယား ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ကိုရီးယား ငံပြာရည် 40ml
ကြက်သွန်ဖြူ ၂ဥ ၃ဥ
ကြက်သွန် နီ တခြမ်း
ဂျင်းအပြားလေး ၂ပြား
ကြက်သွန်မိတ် ၂ပင်

ပထမကြက်သွန်ဖြူ နဲ့  ဂျင်းကိုထောင်းထားပါ
ကြက်သွန်နီ ကို အတုံးသေးသေးလေးများလှီးထားပါ
ကြက်သွန်မိတ်ကို တလက်မအရွယ်လေးများဖြတ်ပါ
ငရုတ်သီးမှုန့် ငံပြာရည် သကြား ကြက်သွန် အဖြူ ဂျင်း ကြက်သွန်နီ ကြက်သွန်မိတ်အားလုံးကို ရောပြီး
နယ်ထားပါ ။




                                      လုပ်နည်း

ပုံပါအတိုင်း မုန့် ညှင်းထုတ်ကို ဆားတဝက် နဲ့ အရွက်အနံပက်ပေးထားပါ အရွက် တိုင်းဆားဝင်ပါစေ





၁နာရီခွဲ ၂နာရီလောက်ထားလိုက်လျင် အောက် ပုံ အတိုင်း အရွက် များ နွမ်းလာပါမည်



နွမ်း လာတဲ့ အရွက်များ ကို ကျန်ဆားတဝက်ထည့်ထားသော ရေ တွင် ၃နာရီ ၄ နာရီလောက်ဆိမ်ပါမည်




ပြီး လျင် အရွက် များကို ရေ နဲ့ ဆေးပြစ်ပြီး ရေ ခဏ စစ်ထားပါမယ် ပြီးမှ ဖျော်ထားတဲ့ ငရုတ်သီးအနှစ် ကို
အရွက် တိုင်းမှာ သုတ်ပါမည်



 သုတ်ပြီး ရင် ပုံပါအတိုင်း လေလုံတဲ့ဘူးထဲမှာ ထည့်ပြီး ၂၄နာရီကြာအောင် ပိတ်ထားပြီး ရင် စားလို့ ရပါပြီ
ပြီးရင် ရေခဲသေတ္တာထဲ မှာ ထားပြီစားပါ




                   ပုံမှာ sea salt


                                        ကိုရီယား ငရုတ်သီးမှုန့် ပုံ

             



                                       ကိုရီးယား ငံပြာရည် ပုံ