Sunday, August 5, 2012

မုန့် ပြားသလက် လုပ်စားရအောင်



ဒီနေ့ တော့ မုန့် ပြားသလက်လေးလုပ်စားပါတယ် အဆင့်ဆင့်မရိုက်လိုက် နိုင်ပါဘူး ဒါပေမဲ့ သိတ်လဲ မခက်လို့ လုပ်စားကြည့်နော်

မုန့် ပြားသလက် ရ ခုစာလုပ်ရန်လို အပ်သောပစ္စည်းများ

rice flour 60gm (မွေး ဆန်မှုန် ထုတ်လဲ သုံးလို့ ရပါတယ်)
baking soda 1/8tsp 
ရေ 150ml
ဆားအနည်းငယ် 
အသားမှန့် အနည်းငယ်
ပဲပြုတ် လက်တဆုတ် လောက် 
ဂျင်း လက်တစစ်လောက် ကို သေးသေးလေး ချစ်ထားပါ
နံနံပင် သို့ မဟုတ် ကြက်သွန်မိတ် ၃ ၄ပင် 
အိုး သုတ် ရန် brush သို့ မဟုတ် ဆီသုတ် လို့ ရတဲ့ ပစ္စည်းတခုတခု 


လုပ်နည်း 

ပထမ ဆန်မှုန့် ရေ baking soda ဂျင်း ဆား အသားမှုန့် တို့ ကို ဖျော်ပြီး နာရီဝက် ၁နာရီလောက်ထားလိုက်ပါ ပြီး ရင် အောက်မှာ ပြထားတဲ့အိုးလေးများထဲ ကို ဆီ လက်ဖက်ရည်ဇွန်း တဇွန်း ဝက် ခန့်ထည့်ပြီး မုန့် ရည်ယောက် ချို တဇွန်း ခွဲ စာလောက် ထည့်ပြီး ပဲပြုတ် ကြက်သွန်မိတ် လှီးထားတာလေး များကို ထည့် ပါ ပြီး ရင် အဖုံး အုပ်ထားပါ ကျွန်မ ကတပြိုင် ထဲနှစ်အိုး လုပ်လိုက်ပါတယ် ပြိး ရင် အနားလေးတင်းလာ လျှင် မုန့် မျက်နှာ ပြင် ကို ဆီသုတ် ပေးပါ ပြီး ရင် ပြန်ဖုံးလိုက်ပါ ဆီကို ခဏခဏသုတ်ပေးပြီး အောက် နားများ နဲ နဲ ကျွတ် လာ ရင် ရပါပြီ အချိန် အနေ နဲ့ တခုကို ၅မီနစ်လောက် ကြာပါတယ် ဒါဆို ရန်ကုန် အလွမ်းပြေ မုန့် ပြားသလက် လေး ရပြီနော် 


မုန့် ပြားသလက် လုပ် ရန် အတွက် ၃လက်မ မရှိတရှိ ပတ်လည် အိုးလေးများ 



2 comments:

  1. အရင်အိုးသွားရှာဦးမှ..
    မုန့်ပြားသလက်ကို တစ်ခါမှ လုပ်မစားဖူးဘူး
    စားချင်တယ်
    ငယ်တုန်းကတော့ မုန့်ပက်စလက် လို့ခေါ်တယ်လေး)

    ReplyDelete
  2. ပဲများများလေးနဲ့ကြိုက်တယ် မမစန္ဒီ

    ReplyDelete