Thursday, August 2, 2012

ပဲ ကောက်ညှင်းပေါင်း ပူပူလေး လုပ်စားရအောင်





ပဲ ကောက်ညှင်းပေါင်း ပူပူ လေး လုပ်စားထားတာ ကြာပါပြီ အခုမှပဲ တင်ဖြစ် လို့ 

                           လိုအပ်တဲ့ပစ္စည်းများ

          ကောက်ညှင်း ဆန် ၁ခွက်ခွဲ
          red bean တခွက် မပြည့်တပြည့် သိတ်များတာမကြိုက်ရင် လျော့ထည့်ပါ
          ဆား အနည်းငယ်
          အသားမှုန့် အနည်းငယ်
          ဆီ အနည်း ငယ်
          တွဲစား ရန် ခြစ်ပြီး အုန်း သီး လက်တစုတ်လောက်
          နှမ်း နဲ့ ဆား ကို ရောထောင်းပါ


                                         လုပ်နည်း
     
        ကောက်ညှင်း ဆန် ၁လုံးခွဲလောက်ကို ၂နာရီလောက်ရေစိမ်ပြီး
Red bean ကို လည်း ၄နာရီလောက်ရေစိမ်ထားလိုက်ပါတယ် ပြီးမှပေါင်းအိုးထဲမှာဆားအနည်းငယ်အသားမှုန့်  အနည်းငယ် ဆီ လေး လက်ဖက် ရည်ဇွန်း လောက် ထည့်ပြီး ၃၅မီနစ်လောက်ပေါင်းလိုက်ပါတယ် ၁၅မီနစ်တခါလောက်ရေဖြန်းပြီး ဇွန်းနဲ့ မွေလိုက်ပါတယ် ၃၅မီနစ်ပေါင်းပြီးအုန်းသီးဖြူး နှမ်းထောင်းဖြူးပြီးရင် စားကောင်းတဲ့ ကောက်ညှင်းပေါင်းလေးရပါပြီ
             



5 comments:

  1. ကောက်ညင်းပေါင်းစားချင်နေတာ။
    ကောက်ညင်းဆန်သွားမဝယ်ရသေးဘူး..။
    ပဲကောက်ညင်းပေါင်းစာြးီ့းနေ့ တိုင်းကျောင်းသွားခဲ့တာ၊
    သတိရလာတယ်...။
    မရေ...ကျေးကျေးနော်..:P

    ReplyDelete
  2. ညီမ မီးမီးငယ် ရေ welcome နော်

    ReplyDelete
  3. မ ရေ Thanks နော် ကောက်ညင်းပေါင်းစားချင်တာနဲ့အတော်ပဲ ...ဒီ Weekend လုပ်စားလိုက်အုံးမယ် =) ပေါင်းအိုးကထမင်းချက်တဲ့ပေါင်းအိုးလား sis... ပေါင်းအိုးထဲကိုစစထည့်ချင်း.... ရေကောထည့်ရအုံးမှာလား. နောက် 15mins: ကြာမှရေဖြန့်းရမှာလား sis ...ရေကကောဘယ်လောက်လောက်ဖြန်းဖြန်းပေးရလဲ sis.. ကျေးဇူးပဲနော် မ =)

    ReplyDelete
  4. ညီမရေ မကတော့ steamer နဲ့ ပေါင်းလိုက်တယ်ဒီအတိုင်း အပြားတခုထဲထည့်ပြီး steamer ထဲမှာ အငွေ့ နဲ့ ပေါင်း တာ ထမင်းအိုးနဲ့ ပေါင်း ရင်ရန်ကုန် ကောက်ညှင်းပေါင်းနဲ့ မတူ လို့ အခုနောက်ပိုင်းထမင်းအိုးတွေမှာပေါင်းတာလေး ပါတယ်နော် အဲဒါနဲ့ ပေါင်းလည်း ရတာပဲ အောက်မှာ ရေထည့်ပြီး အပေါ်မှပေါင်းမဲ့ပန်းကန်ထည့်လိုက်မယ်လေ ရေ ဖြန်းတာကတော့ အိုးကိုဖွင့်ဖွင့်ပြီး ရေဖြန်းပေးတာ လက်လေးနဲ့  ပေါင်းကြည့်နော် ညီမရေ

    ReplyDelete
  5. ကျေးဇူးပဲနော် မ =) လုပ်စားပီ .. ဒီ weekend =)

    ReplyDelete