Thursday, June 28, 2012

U don ခေါက်ဆွဲ လေး သုတ်စားရအောင်



ဒီနေ့ တော့သုတ်စားဖြစ် တဲ့ U don သုတ်လေး ပါ အဆင့်ဆင့်မရိုက် လိုက် နိုင် ပါဘူး သမီး က
စာ တယ် စာတယ် လုပ်နေတာ နဲ့  မရိုက် ဖြစ် လိုက်တာပါ
ပထမ U Don  အစို ကို ရေ နွေး ဆူဆူ မှာ ၂မီနစ်လောက် ပြုတ်လိုက်ပါတယ်
ပြီးတော့ ရေစစ်ထားလိုက်ပါ။

ကြက်သား အရိုးမပါ ၃၀၀ဂရမ် ကို အတုံးလေးများ လှီး ပြီး ငံပြည်ရည် အသားမှုန့် တို့ နဲ့ နယ်ထားပါ
ပြီး လျှင် ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင် ဇွန်း တဇွန်း ရယ် ဆနွင်း လက်ဖက် ရည်ဇွန်းမောက်မောက် ရယ်ကို ဆီ စားပွဲတင် ဇွန်း ငါးဇွန်း လောက် နဲ့ ဆီသတ်ပါ ပြီး ရင် နယ် ထားတဲ့ ကြက်သားကို ထည့်လိုက် ပါ
ရေ ကို လက်ဖက် ရည်ပန်းကန်လုံး တလုံးလောက်ထည့်တယ်ပါ ကြက်နူး ပြီး ဆီပြန်ရေ ကျန် အချိန်မှာ ချလိုက်ပါ

ပြီး လျှင် U don တပွဲစာ ယူပြီး
ပဲမှုန့် လက်ဖက် ရည်ဇွန်း တဇွန်း
ဆီချက် အနည်းငယ်
သံပုရာသီး အစိပ် သေးသေး
ငံပြာရည်
အချိုမှုန့် တို့ နဲ့  သုတ် ပြီး ရင် ပြုတ်ပြီး သာ ကြက်ဥတခြမ်း လှီးထည့်ပါ နံနံပင်လေး လဲ ထည့်ပါ
ဒါဆို စားလို့ ကောင်းတဲ့ U don သုတ် လေး ရ ပါပြီ

3 comments:

  1. ta kar mar sar buu buu,G+ mar share twar pi Ma Ma Sandy yay, thank you :))

    ReplyDelete
  2. Hello Sandy,
    may I ask what is call ပဲမှုန့် in english? Thank you very much.

    ReplyDelete
  3. Hello Longen, ပဲမှုန့် ကို အဂ်လိပ်လို bean flour လို့ ခေါ်ပါတယ်
    ဒီပဲမှုန့် ဆိုတော်တော် ကျွန်မ တို့  မြန်မာပဲမှုန့် နဲ့ ဆင်လို့  ပုံလေး ထည့်ပေးလိုက်မယ်

    ReplyDelete