Friday, April 6, 2012

ဒီနေ့ ဆီထမင်းလေးထိုးစားပါတယ် အဆင့်ဆင့် ရိုက် ထားလိုက်ပါတယ် ထိုး ကြည့်နော်



ဆီထမင်း ထိုး ကြ ရအောင် ပထမ ကောက် ညှင်းဆန် ၃၀၀ဂရမ် ကြက်သွန်ဖြူ ၅ဥ ဂျင်း အသေးလေး နှစ်တုံး
ပုံ ပါအတိုင်း


  ပုံ ပါအတိုင်း ဂျင်း နဲ့  ကြက်သွန်ဖြူ ပါးပါးလှီး ပါ  ပြီး ရင် ဆီ ထဲမှာ ထည့်ကြော်ပါ





ကောက်ညှင်း ကို ထည့် ကြော်ပါ ၃မီနစ် လောက် ပုံ ပါအတိုင်း






ပြီး ရင် ရေ တလုံး လက် တလုံး မြုတ် လောက် ထိ ထည့်ပြီး ငါး မီနစ် လောက် မွေ ပါ ရေ များ ခန်းသွား
ပါလိမ့် မည် ရေ အနည်းငယ် ထပ် ဖြန်း ထည့်ပါ




ပြီး ရင် အဖုံး ဖုံ ထားလိုက်ပါ ၃မီနစ် လောက် ဖုံး ထား စဉ်မှာ ဖွင့် ပြီး မကြာ ခဏ မွေ မွေ ပေးပါ
ရေ လေး နဲနဲ ဖြန်းပေးပါ နောက်ထပ် ၃မီနစ်လောက် ဖုံးထား လိုက်ပါ








၆မီနစ် လောက် ပြီးတဲ့ အချိန် မှာ ကောက် ညှင်း ကျက်တဲ့ အနေအထား ရောက် ပါပြီ
မီး အေးအေး လေး နဲ့ အိုးကို အဖုံး ဖုံး ပြီး ၃မီနစ် လောက် ထားလိုက် ပါ ဂျိုးရအောင်
ပိုကျွတ် ချင်ရင် ပို ကြာကြာလေး ထားလိုက်ပါ






ဒါ ဆို အခု လို ဂျိုး နဲ့  ဆီထမင်း လေး ရ ပါပြီ  ပဲပြုတ် ငါးခြောက် လေး နဲ့ တွဲ စား ရင် စားကောင်းလို့ 



2 comments:

  1. တခါမှမထိုးဖူးပါ။ဒီနေ.အစ်မနည်းအတိုင်းထိုးစားတာတခါတည်းအဆင်ပြေသွားတယ်။ကျွတ်ကျွတ်လေးနဲ.၇န်ကုန်ကအတိုင်းပဲ။ကျေးဇူးပဲနော်

    ReplyDelete
  2. ညီမ ရေ ထိုး လို့  ရတယ် ဆိုလို့ ဝမ်းသာ ပါတယ် မ ရဲ့ နည်းကို အားပေးလို့ ကျေးဇူး ပါ

    ReplyDelete