Thursday, March 29, 2012

ွှပဲပြုတ် ဖေါက် ဖြစ် တယ် အဆင် ပြေသွားလို့  share လိုက်တာပါ




ပဲ ပြုတ် ကို အမတွေ ညီမတွေ FB မှာ ဖေါက် ကြတော့ သူတို့ တွေ ရဲ့ နည်း လေးတွေ အားလုံးကို ပေါင်းပြီး ကိုဟာကိုယ် စမ်းသပ် မိတယ် ပထမ စတော်ပဲ ကို မြန်မာ ပလာဇာ က နေ ဝယ်လာပါ တယ် 200gm ကို
ရေ နဲ့ တည် စိမ် လိုက်ပါတယ် မနက် ရောက်တော့ ရေ စစ် ပြီး စတီးဇလုံ ထဲတွင် ရေဆိုတဲ
  သဘက် အသေးလေး နဲ့ ဖုံး ထားလိုက်ပါတယ် တနေ့ လုံး ၃ နာရီ တခါလောက်သဘက် လေးကိုရေစွတ်
ပေးလိုက်ပါတယ် အဲ လို နဲ့  တနေ့ နဲ့ တညထားလိုက်ပါတယ် အဲဒီ အခါ အခုလို အညှောင့်အရှည်လေးတွေထွက် လာပါတယ်




 အညှောင့် ထွက် လာ တဲ့ ပဲ များကို slow cooker ကို ထည့် ပြီး ထန်းလျှက် အ
လုံးခပ် ကြီး ကြီး နှစ်လုံး
ရယ် ဆား ဆိုဒါ လက် တစစ်လောက် ရယ် ဆား ဇွန်းသေး တဇွန်းလောက် ထည့် ရေ 300ml လောက် ထည့်
   ပြီး တည် ပါတယ် အဖုံးလေး ဖွင့်ပြိး ပဲ နူး မနူးကြည့်ပေးပါ မီနစ် ၃၀လောက် ပေါင်း ပြီး ရင် ရ ပါပြီရေ လုံးဝ နည်း ပါး မရှိ တော့ရင် ပဲ လုံးလေး များ လဲ အလုံးပုံ မပျက် နူးပြီ ဆိုရင် ရပါပြီ



ဒါ ဆို အခု လို အလုံး လေး လဲမပျက် နူးလဲ နူးတဲ့ ပဲ ပြုတ် လေး ရပါပြီ အိုးထဲမှ ဇွန်း ကြီး နဲ့ ခပ်ယူပြီး
ဇကာ လေး နဲ့ စစ် ထားလိုက် ရင် အခုလို စားလို့ကောင်းမဲ့ ပဲပြုတ်လေး ရ ပါပြီ



6 comments:

  1. Sandy, thanks for sharing. aunty emily

    ReplyDelete
  2. အမ ရေ ကျေ: ဇူး ပြုပြီး စတော်ပဲ ရဲ့ English name pyaw pay par oo? Thank you.

    ReplyDelete
  3. ညီမရေ မတို့  ဒီမှာက စတော်ပဲ ရတယ်လေ Yellow bean ,green bean အဲဒီပဲ နှစ်မျိုး လုံး ပဲပြုတ်ဖေါက်လို့ ရတယ် လို့ အဲဒီပဲ နဲ့ ဖေါက်ဖူး တဲ့ သူတွေပြောတယ်
    ရေ တညစိမ်လိုက် ပြီး ရေစစ်ပြီး ခွက်ထဲမှာ ရေစိုအဝတ်လေးနဲ့ အုပ်ထားပြီး အဝတ်ကို ရေ၃နာရီတခါလောက်စွတ်ပေးလိုက်တယ် အေးတဲ့နေရာမှာ ဆို ရင် ၃ရက်လောက်မှ အညှောင့်ထွက်တယ်ပြောတယ် ညီမရေ လုပ်ကြည့်နော်

    ReplyDelete
  4. ကျေးဇူးပါ အမရေ

    ReplyDelete
  5. အမ bean နဲ့ရဘူး။ peas သုံးရတာ

    ReplyDelete