Wednesday, February 29, 2012

ပုဇွန်အသားပေါင်း (Siew mai) လုပ်စားကြမယ်



ပုဇွန် အသားပေါင်းလေးလုပ်စားကြမယ်

လိုအပ်တဲ့ပစ္စည်းများ
wanton skin အချပ် ၁၀ခု
ပုဇွန် 200gm
ကြက်သားနူတ်နူတ်စင်းထားတဲ့အသားလက်တစုတ်စာလောက်
မုန် လာဥနီ တဝက်
ကြက်သွန်မိတ်အနည်းငယ်
ကြက်ဥ တလုံး အကာပဲ ယူရန်
ကော်မှုန့်  တဇွန်း
နှမ်းဆီ အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပဲငံပြာရည် တဇွန်း
ခရုဆီတဇွန်း

လုပ်နည်း
ပုဇွန်ကို လဲ နူတ်နူတ်စင်းထားပါ
ပြီးလျှင် ပါတဲ့ပစ္စည်းအားလုံးကိုနယ်ပါမည်
ပုံပါအတိုင်း
ပြီးလျှင် ရေ ခဲသေတ္တာထဲ ကို နာရီဝက်လောက် ထည့်ထားလိုက်ပါ
ပြီးမှထုတ်ပြီး wanton skin ထဲကိုဇွန်းလေးနဲ့ ခပ်ပြီးထည့်ပါ
လက်ဖဝါးလေးပေါ်မှာ တင်ထားပါအပြားလေးကို ပြီးမှ
အောက် ဖက် လေး ကို ညှစ် ပြီး အပေါ် တွန်းတင်လိုက်ပါ ဒါ ဆို အဆင်ပြေတဲ့
Siew mai လေး ရပါမည်

ပြီးမှ steamer ထဲကို ထည့်ပြီး ၁၀မီနစ်လောက်ပေါင်းလိုက်ပါ
မထည့်ခင် အသားပေါင်းထုတ်ထား တဲ့ wontan skin လေးများကို
ဆီလေးအနည်းငယ်သုတ်ပေးလိုက်ပါ

ဒါဆိုစားလို့ ကောင်းတဲ့ပုဇွန် အသားပေါင်း ရပြီနော်

No comments:

Post a Comment