Wednesday, February 29, 2012


ဒီနေ့ သမီးနှစ်ယောက်ကသူတို့ သူငယ်ချင်းတွေလာမယ်ပေါ့ဘာလုပ်ကျွေးရင်
ကောင်းမလည်းစဉ်းစာရင်းကိုယ့်ရိုးရာမုန့် လုပ်ကျွေးလိုက်မယ်ဆိုပြီးငုံဥနဲ့ 

မုန့် အုပ်လေးလုပ်လိုက်တာပါ စားကြပါအုံးနော်
သူတို့ သူငယ်ချင်းထဲကဘိုမလေးက Aunty Yummy Yummy ဆိုပြီး how to
do ဆိုပြီးလိုက်မေးနေလို့ ဝမ်းသာသွားတယ် ကိုယ့်ရိုးရာမုန့် ကိုကြိုက်တယ်ဆို
လို့ ... လုပ်နည်းကတော့ ဒီတခါလွယ်လွယ်ကူကူပဲ rice flour ၄ဇွန်း မောက်
မောက် ပဲမှုန့် အစိမ်းမှုန့် တဇွန်းမရှိတရှိ နဲ့ ကြက်ဥတဝက် ဂျင်းနည်းနည်း

ခြစ်ထည့် အသားမှုန့် နည်းနည်းဆားနည်းနည်း နဲ့ ရေ မပြစ်မကျဲဖျော်ပြီး
ရန်ကုန်ကဝယ်လာတဲ့အိုးလေးနဲ့ ဆီအရင်အိုးထဲထည့်ပြီးဆီပူလောက်မှ
မုန့် ရည်ကိုခွက်လေးတွေထဲတဝက်လောက်ထည့်ပြီးငုံဥတလုံးဆီဖေါက်
ထည့်ပြီး ပဲပြူတ်နဲ့ ကြက်သွန်မိတ်ဖြူးလိုက်ပါတယ်ငုံ ဥအနှစ်ကြက်လောက်ရင်ဆယ်လိုက်ပါတယ် မုန့် ကိုဟိုဘက်ဒီဘက်မလန်
ပါဘူးတဘက်တည်းပဲထားလိုက်ပါတယ်..ဒါဆိုစားကောင်းတဲ့ မုန့် လေးရပြီ

1 comment:

  1. စိတ်ဝင်စားတယ်မရေ။ ဒါပေမယ့်လုပ်စရာ အိုးမရှိသေးဘူး :-)

    ReplyDelete