Sunday, February 19, 2012
















I













love my home cooking mone hin khar very much! မုန့် ဟင်း ခါး အိုး ပါ
မုန့် ဟင်းခါးချက်နည်းသိချင်တဲ့ညီမများအတွက်
မရဲ့မုန့် ဟင်းခါးချက်နည်း
ရန်ကုန်မှာတော့ငါးခူးငါးကျီးပေါ့ အဲဒီမှာတော့ အသားများတဲ့ငါးသို့ မဟုတ် အရိုးထုတ်ပြီးသား Sutchi fillet လိုငါးမျိုးကို စနွမ်း ငံပြာရည်နဲ့ နယ်ပြီး ဂျင်းလက်တဆစ်လောက်ကိုအပြားလိုက်လှီးထည့် ငရုတ်သီးအခြောက်ထောင့်
၂တောင့်လောက် စပါးလင်အပင်ကြီးတပင်ကိုချီပြီးထည့်အားလုံးကိုငါးနဲ့ ရောပြုတ်လိုက်တယ် ၃မီနစ်၎မီနစ်လောက်ဆိုပွတ်ပွတ်ဆူပြီ ငါးနူးပြီဆိုရင်
ငါးကိုဆယ်ထားလိုက်တယ် ငါးအေးသွားပြီဆိုရင်လက်နဲ့ ခြေလိုက်ပါတယ်အိုးထဲမှာငါးအဖတ်ကြီးတွေမဖြစ်အောင် အရိုးရှိတဲ့ငါးဆိုရင်အရိုး
ဖယ်ပြီးအသားကိုခြေပါငါးခူတို့ ဘာတို့ ဆိုရင်တော့အရိုးကိုထောင်းပြီးအရည်ယူတာပေါ့နော်ဒီကငါးတွေကိုတော့အဲ
လို မလုပ်ဖြစ်ဘူး မုန့် ဟင်းခါးချက်မဲ့အိုးထဲကို ဆီ စားပွဲတင်ဇွန်း၃ ၄ဇွန်းစာထည့်ပြီးဟင်းချက်ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း၁ဇွန်း သို့ မဟုတ်၁ဇွန်းခွဲ
လောက်ထည့်ပြီးဆီသတ်ပါတယ် အဲဒီအချိန်မှာဟင်းချက်ငရုတ်သီးမှုန့် မထူး
ဖို့ အရေးကြီးတယ်တူးရင် အရောင်မလှတော့ဘူးဆီပူရင်ငရုတ်သီးထည့်ပြီးမီးပိတ်လိုက်ပေါ့
ပြီးမှမီးဖွင့်ပြီးငါးကိုထည့်ပါ အရသာအနည်းငယ်ထည့်လိုက်တယ်ငံပြာရည် နဲ့ အချိုမှုန့် နည်းနည်း ငါးဆီသတ်ပြီးလျှင် ငါးပြုတ်ရည်ထည့်ပါမယ် ပဲမှုန့် အကျက်မှုန့် စားပွဲတင်ဇွန်း၃ဇွန်းလောက်ကိုရေ 250ml လောက်နဲ့ ဖျော်ပြီးထည့်ပါ
ကြက်သွန်နီဥလေးများလည်းအဲဒီအချိန်မှာထည့်ပါ တော်တော်ဆူပြီဆိုရင်
ပြုတ်ထားတဲ့ကြက်ဥ သို့ မဟုတ် ဘဲဥကို လှီးထည့်လိုက်ပါ အရသာကိုတော့မြည်း
ပြီးထပ်ထည့်ပါ ရေကိုလည်းအပြစ်အကျဲကြည့်ပြီးထည့်လိုက်ပါ
အရောင်လည်းလှ စားလို့ ကောင်းတဲ့မုန့် ဟင်း ခါးလေး ရပါပြီ။














No comments:

Post a Comment