Sunday, February 19, 2012


ခိုင်ရဲ့နည်းနဲ့ ထမနဲထိုးလိုက်ပါတယ် အုန်းသီးအရည်ပဲရှိလို့ အရည်ပဲထည့်လိုက်တယ် ခိုင်ရေ အရမ်းစားကောင်းလို့ ကျေးဇူးအများကြီးတင်ပါတယ် ယောင်းမနှစ်ခုနဲ့ ညှပ်ပြီးထိုးအားရပါးရထိုးလိုက်တာ ဟီးလက်တောင်ဆေးနဲနဲ လိမ်းလိုက်ရတယ် ။
ဂျင်းနဲ့ ကြက်သွန်ဖြူကို မထောင်းပဲလှီးပဲလှိးလိုက်တယ်။
ကောက်ညှင်းဆန်ကိုမထိုးခင် ၂နာရီလောက်ရေစိမ်လိုက်တယ် ထိုးရတာသက်သာအောင်
ကောက်ညှင်း၁ခွက်ခွဲ နဲ့ ရေ ၂ခွက်ခွဲလောက်ထည့်လိုက်တယ် အုန်းနို့ ခွက်တဝက်လောက်ထည့်လိုက်ပါတယ်
ခိုင်ထိုနည်းလေး
နှမ်းထမနဲ
လိုအပ်သော ပစ္စည်း
ကောက်ညှင်းဆန် ၃ဗူး(1cup=250ml)
ဆား ၂ ဇွန်း(ထမင်းစားဇွန်း)
သကြား ၂ဇွန်း(ထမင်းစားဇွန်း)
နှမ်းလှော် ၅ဇွန်း(ထမင်းစားဇွန်း)
ရေ ၄ ခွက်(1cup=250ml)
အုန်းနို့ တခွက်
အုန်းသီးစိမ်းတခြမ်း(ခြစ်ထားပါ)
ဂျင်းလက်နှစ်ဆစ်
ကြက်သွန်ဖြူ ၃မွှာ
မြေပဲ တခွက်
ဆီ တခွက် (1cup=250ml)
လုပ်နည်း
ဦးစွာကောက်ညှင်းကိုရေဆေးပြီး စစ်ထားပါ.
ဂျင်းနှင့်ကြက်သွန်ဖြူကိုခပ် ကြမ်းကြမ်းအနေထားထောင်းထားပါ.
Nonstick Pan ထဲသို့ ဆီကိုထည့်ပြီး ဆီပူလျှင်အုန်းသီးအရင်ထည့်ကြော်ပါ.
အုန်းသီးကြော်နေစဉ်အမြုပ်တွေတက်လာပါလိမ့်မယ်.အမြုပ်တွေကုန်သွားရင်အုန်းသီးကြော်ရပြီးဖြစ်တဲ့အတွက် ဆီစစ်ထားလိုက်ပါ.
ပြီးရင် မြေပဲကြော်ပါ.စားကြည့်လို့အစိမ်းအရသာမရှိရင်ကျက်ပြီမို့ ဆီစစ်ထားလိုက်ပါ.
ကျန်သောဆီတွင် ဂျင်းနှင့်ကြက်သွန်ဖြူကို တခါတည်းထည့်ကြော်ပါ.
အတန်နွမ်းသွားပြီဆိုရင် ကောက်ညှင်း-ရေ-အုန်းနို့-ဆား-သကြားတို့ကိုတခါတည်းထည့်ပြီးနှပ်ထားပါ.ရေခမ်းလုလုအချိန်တွင်ဆန်တွေကိုအထက်အောက်မွှေပေးပါ.ေ၇ခမ်းပြီးဆန်သားပျောက်ပြီဆိုရင် နှမ်းလှော်ထည့်ပြီးကောက်ညှင်းကိုကြေမွသွားအောင်ဆက်တိုက် ထိုးလိုက်ပါ။

No comments:

Post a Comment