Saturday, March 3, 2012

ညှပ် ခေါက်ဆွဲ အစပ်ကြော်


ပထပမ ညှပ်ခေါက်ဆွဲကို ရှာလကာရည်လေး နဲ့ နယ်ထားလိုက်ပါ 

ပုံပါအတိုင်း  ဟင်းချက်ငရုတ်သီမှုန့်ကိုကြော်မဲ့အချိုးအစားကြည့်ပြီးရေနွေးလေးနဲ့ဖျော်ထားလိုက်ပေါ့နော် ပထမ ဦး ဆုံး ကြက်သွန် အနီ အဖြူ ကို အရင် ဆီသတ်လိုက် ပါ ပြီး မှ ပုဇွန်ကိုမကျက်တကျက်လှော်ထားလိုက်ပါပြီးရင်ပန်းကန်တပန်ကန်ထဲကိုထည့်ထားလိုက်ပေါ့ပြည်ကြီးငါးကိုလည်းအိုးထဲမှာကျက်အောင်
ကြော်ပြီးဖယ်ထားလိုက်ပါ အဲဒါတွေဖယ်ပြီးရင်ဆီထည့်ပြီးညုပ်ခေါက်ဆွဲကိုကြော်ပါပြီရင်ငရုတ်သီးဖျော်ထားတဲ့ဟာထည့်လိုက်ပါ



ပဲငံပြာရည်အကြည်လေးလည်းထည့်ပါ ယိုဒယားငံပြာရည်လည်းထည့်တယ်ကြက်ဥကိုခေါက်ထားပါ
ကြော်ထားတည့်အသားတွေထည့်ပြီးရင်ကြော်ပြီးကြော်တဲ့ဟာတွေကိုအိုးထဲနည်းနည်း
တွန်းပြီးကြက်ဥခေါက်ထားတာထည့်ပါကြက်ဥကျက်လောက်ရင်ရောပြီးပြန်ကြော်ပေါ့နော်ပဲပင်ပေါက်နဲ့ပဲပြုတ်ကိုနောက်ဆုံးလောက်မှာထည့်လိုက်ပေါ့နော်  ဒီတခါကြော်တာ ပဲပင် ပေါက် မရှိ လို့  မုန့် ညှင်းစိမ်း နဲ့  ဥနီထည့်ပါတယ်



ပဲပြုတ်လေး လဲ ထည့် ချင်ထည့်လိုက် လို့ ရပါတယ် ။
ကြော်ရ လွယ်အောင် အဆင့်ဆင့် ကြော်ပြထားလိုက်ပါတယ်
ပဲငံပြာရည် က ဒီတခေါက် မှာ အပြစ်သုံးလိုက်လို့ ညို သွားပါတယ်
အစပ်ကြော်ရာမှာ အပြစ် မသုံးဘဲ အကျဲ သုံးလဲ ရပါတယ်
အချို ကြော်ရင် တော့ အပြစ် သုံးရပါမယ်

သခွားသီးအချဉ် အချဉ် လေးနဲ့ တွဲ စားလဲ စားကောင်းပါတယ်။



No comments:

Post a Comment