Monday, February 20, 2012

ဘိန်းမုန့် လေး လုပ်စားရအောင်

Hong Kong PAO Flour ဆန်ချင်ခွက် နှစ်ခွက် ကို ရေတခွက်နဲ့ ရောပါတယ်
ပြီးရင် ထန်းညှပ်ကုန်နေလို့  dark brown sugar ဇွန်းကြီးနှစ်ဇွန်း ရယ် ကြံဒကာ တတောင့်ရယ်ကို ကြွက်မြီးတန်းလောက်ဖြစ်အောင် ကျိုပြီး အအေးခံပြီးထည့်ပါတယ် baking powder 1tsp , baking soda 2tsp ရယ် ကြက်ဥတလုံးရယ် အားလုံးကိုရောမွေပြီး နာရီဝက်လောက်
ထားပြီးမှ no stick အိုးအရွယ်တော်လေးထဲမှာ ထောပတ်သို့ မဟုတ်ဆီသုတ်ပါ ပြီရင် မှုန့် နှစ်ထည့်ပါ အဖုံးဖုံးထားပြီးအပေါက်လေးများရတဲ့အထိထားပြီးမှ အုန်းသီး အရှည်လိုက်လေးတွေရယ် ဘိန်းစေ့ လေးတွေကိုဖြူးပါ တဖက်ကျက်မှနောက်တဖက်လှန်ပေးလိုက်ပါတယ်
ဒါဆို စားလို့ ကောင်းတဲ့ ဘိန်းမုန့် လေး ရပြီနော်

No comments:

Post a Comment