Thursday, February 23, 2012

ပန်းသေးခေါက်ဆွဲ လုပ်စားဖြစ်ပါတယ်

ပန်းသေးခေါက်ဆွဲ

ပထမ ကြက်သားကို မဆလာ ဆား ဂျင်း ကြက်သွန်ဖြူ ထောင်းထားတာလေးရယ် ဆားအသားမှုန့် 
နယ် ပြီး နာရီဝက်လောက်ထားလိုက်ပါတယ်ပြီးမှ
ခရမ်းချဉ်သီးကို အနှစ် ရအောင် စက်ကလေးနဲ့ ခြေထားလိုက်ပါတယ်
ဒါဆို ဆီသတ်လို့ ရပါပြီ ကြက်သွန် အနီ အတုံးသေးသေးလေးတွေကှိုဆီသတ်ပြီး ဟင်းချက် မှုန့် 
မဆလာ အနည်းငယ်ထပ် ထည့် ခရမ်းချဉ်သီး အနှစ်ထည့် ပုံပါအတိုင်း အားလုံးကို ဆီသတ် လိုက်
ပြီးမှ ကြက်သားထည့် ပြီး ရေ ထည့် ပြီးလျှင် တည်ထားလိုက်ပါ
ပုံပါအတိုင်း ကြက်လဲနူး ရေ လဲ အဲဒီလောက် ကျန် ရင် ချလိုက်ပြီး
အဖုံးလေးဖုံးပြီး နာရီဝက် လောက်ထားလိုက်ပါ

ပြီးလျှင် ခေါက်ဆွဲ ကို ပဲငံပြည်ရည် အနောက် ထည့်ပြီးကြော် ပါ
ကော်ဖီ နဲ့ ဥနီထည့်ကြော်ပါမည် ခေါက်ဆွဲ အခြောက် သုံးရင် တော့
ရေ ဆိမ် ပြီးကြော် ပါ ပြုတ်ကြော်လျှင် သိပ်ပျော့ သွားပါလိမ့်မယ်
ကျွန် မကတော့ အစိုကြော်ပါတယ်

ခေါက်ဆွဲ နဲနဲ ပျော့ရန် ရေ အနည်ငယ် ဖြန်း ကြော်ပါ ပြီးမှာ ကြက်သားအရည် ထည့်
ထပ် ကြော်ပါ မဆလာလေးနည်းနည်း ဖြန်းလိုက်ရင် အနံ မွေးပြီးစားကောင်းသွားပါမယ်

ကြက်ဥ ကို အိုးတအိုးနဲ့ မကျက်တကျက် ကြော်ပြီး ခေါက်ဆွဲ ပေါ် ဖုံးလိုက် ပါ
ငရုတ်သီးမှုန့် သံပုရာသီးလေးညစ်စားနော်

ဒါဆို ပုံအတိုင်းစားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပြီနော်

ကြက်သားကိုမဆလာနဲ့ ချက်ပြီး ကြက်အရည်နဲ့ ခေါက်ဆွဲကိုကြော်လိုက်ပါတယ်ပထမ ပန်းပွင့် ဥနီ ခရမ်းချဉ်သီး တို့ ကို
အရင်ကြော်ပြီးခေါက်ဆွဲထည့်ပါ ပဲငံပြာရည်အနောက်ထည့်ပြီးအရသာသာနည်းနည်းထည့်ပြီးကြက်ရည်ထည့်
ပါ နောက်ဆုံးဘေးမှာကြက်ဥကြော်လိုက်ပါတယ် ငရုတ်သီးမှုန့် ဖြူးပြီ သံပုရာသီးညစ်ပြီးစားရင်စားလိုက်ရင် စားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပြီနော်







No comments:

Post a Comment